မြန်မာပြည်မှာ ဒီလို အသပြာဆေးရုံတွေ ဘယ်လောက်တောင် များနေပြီလဲ

တယောက်အတွက် တယောက် ဆက်ရှင်သန်ကြရမှာမို့ မရူးသွပ် သွားအောင်နေရတဲ့ ကာလပါပဲ။

ကိုယ်၀န် ၂၈ နဲ့ ၂၉ ပတ်ကြား သားအိမ်ပွင့်နေပြီမို့ သားလေးကို ၁ ကီလို (၂ ပေါင် ၂ အောင်စ) အတိနဲ့ ပန်းလှိုင် (တောင်ကြီး) ဆေးရုံမှာ ရိုးရိုးမွေးခဲ့တယ်။

ကလေးက လမစေ့ ပေါင်မပြည့်မို့ BCU မှာဆက်ထားရမယ်။ ကလေးအသက်က ကြိုးတန်းပေါ် လမ်းလျှောက်သလိုပဲ။ ပန်းလှိုင်မှာ ဆက်ထားမယ်ဆိုရင် တရက်ကို ၂ သိန်းခွဲ ကနေ ၃ သိန်းကြား ကုန်မယ်။

ကလေးနည်းတော့ ကလေးကို အနီးကပ်စောင့်ကြည့်နိုင်တယ်။ မိခင်နှင့် ကလေးဆေးရုံကို ပြောင်းထားချင်လည်း ရတယ်ဆိုပြီး ရှင်းပြပါတယ်။

အဲဒါနဲ့ ပိုကောင်းမယ်ထင်လို့ ပန်းလှိုင်ဆေးရုံမှာပဲ ဆက်ထားလိုက်တယ်။ ဆေးရုံ BCU ထဲမှာ ကလေးက ၁ လနဲ့ ၂၂ ရက်နေခဲ့ရတယ်။

ဆေးရုံဆင်းပြီး ၃ ရက်တခါ၊ တပတ်တခါ၊ ၂ ပတ်တခါ follow up ခေါ်တိုင်း မပျက်မကွက် ပြပါတယ်။ လိုအပ်တာညွှန်ကြားဖို့လည်း အမြဲပြောပါတယ်။

နောက်ဆုံးထပ်ပြတဲ့ ၇၊၈၊၂၀၂၆ မှာ ကလေးကို tummy time လုပ်ပေးတာ ကဒ်တွေ လိုက်မကြည့်တဲ့ အကြောင်းပြောမှ မျက်လုံး/နားတွေ စစ်ဖို့ ညွှန်ကြားလာပါတယ်။

ပထမ မျက်စိဆရာ၀န်က ဘယ်ဘက်မျက်လုံးတိမ်ရှိတယ် ယူဆကြောင်းပြောပါတယ်။ ယူဆတယ်ဆိုတဲ့ မသေချာတဲ့အဖြေကို မကြိုက်လို့ နောက်ထပ် ဘယ်မှာထပ်စစ်မလဲ စုံစမ်းရင်း စစ်စံထွန်းဆေးရုံကြီးမှာ ထပ်စစ်ဖြစ်တယ်။

ဆရာ၀န်မက ကလေးကို မကြည့်ရသေးဘဲ ဆေးမှတ်တမ်းတွေကြည့်ပြီး ၃၂ ပတ်အောက်မွေးတာ risk များတယ်။ ဘာလို့ခုမှလာစစ်လဲ တအံတဩမေးပါတယ်။

ဆေးရုံမှာ ၁ လနဲ့ ၂၂ ရက်ကြာတဲ့အကြောင်း ပြောပြတော့ ဆေးရုံမှာ ကတည်းက လာပြရမယ်။ မိခင်နှင့်ကလေးဆေးရုံက သူနာပြုတွေဆို ကလေးတွေခေါ်လာပြီး နေ့တိုင်းလာစစ်ကြတဲ့ အကြောင်း သိရတယ်။

ကလေးမျက်လုံးစစ်ကြည့်တော့ အမြင်လွှာကွာ (အမြင်ကွယ်) သွားပါပြီ။

တရက်ကို ဘယ်လောက်ကုန်မယ်ပဲ ပြောပြီး ကလေးကို ဘယ်လိုကုသမယ်၊ ဘာတွေ ဆက်ကုသသင့်/စစ်ဆေးသင့်တယ်ဆိုတာ မပြောတဲ့ ပန်းလှိုင်ဆေးရုံကတာ၀န်ကျ ကလေးဆရာ၀န်များကို အတော်နာကျဉ်းမိပါတယ်။

သူတို့ပေါ့လျော့မှုက သားလေးတဘ၀လုံး စမ်းတဝါးဝါး ဖြစ်ရပါတော့မယ်။ ကိုယ်တွေမှာလည်း ကလေးကိုကြည့်ရင် ကြည်နူးရမယ့်အစား သနားလွန်းလို့ တဆစ်ဆစ် နာကျင်ရပါတယ်။

ကလေးမျက်စိ အမြင်လွှာကွာ (ROP) ရောဂါက ၃၂ ပတ်အောက် စောမွေးသူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ၁၀၀ မှာ ၂.၇ ရာခိုင်နှုန်းက ကုသမရနိုင်တဲ့အတွက် အမြင်ဆုံးရှုံးကြရပါတယ်။

ခုသားလေးက ကုသလို့မရတာ မဟုတ်ဘဲ စစ်ဆေးကုသရမယ့် အချိန်မှာ မကုသလိုက်ရတာပါ။

ဆရာ၀န်မကြီးနဲ့ follow up ပြတိုင်း ဆွေးနွေးရတာ စိတ်တိုင်းမကျ ဖြစ်မိပေမဲ့ ဆရာ၀န်မကြီးက အနေအေးပြီး စကားနည်းတာပါ။

ကလေးပိစိလေး အသက်တောင် ကယ်နိုင်တဲ့ ဆရာ၀န်ပဲဆိုပြီး အကုန်ပုံယုံမိတာ ခုတော့ နောင်တအကြီးအကျယ် ရပါတယ်။

ခု ဘာမှမသိသေးတဲ့ သားလေးတွက် ဘာလုပ်ပေးသင့်တယ်ဆိုတာ စုံစမ်းနေကြပါတယ်။

ပတ်၀န်းကျင်မှာ ခုလို အဖြစ်မျိုး ကြုံဖူးကြားဖူးရင် ဘယ်လိုဆက်ကုသ/ပြုစုကြလဲမေးမြန်းပြီး ပြန်ပြောပေးကြပါအုံးရှင်။

သားလေး သတင်းအမြဲမေးကြသူတိုင်းကို တယောက်ချင်း လှမ်းမပြောနိုင်တာ နားလည်ပေးကြပါရှင်။ (Mo Zan Myint)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်