တောင်တွင်းကြီး အပီနွှာလိုက်ပြန်ပြီ

တောင်တွင်းကြီးတွင် စစ်ကား မိုင်းဆွဲခံရပြီး ၆ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊တောင်တွင်းကြီးမြို့နယ်အတွင်း စစ်ကား၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေ ဆုံးပြီး ဒဏ်ရာရသူလည်း များကြောင်း တောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ပုဏ္ဏဝတီ)က ယနေ့(ဩဂုတ်၂၂ရက်) သတင်းထုတ်ပြန်သည်။

ရန်ကုန်-မန္တလေး အမှတ်၂ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရန်ကုန်-တောင်တွင်းကြီးလမ်းပိုင်းတွင် အောင်လံမြို့နယ်ဘက်မှ တောင်တွင်းကြီးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကား ၂စီးကို တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာနှင့် ဆတ်သွားကျေးရွာကြား လမ်းပိုင်းတစ်နေရာ၌ ဩဂုတ်၂၀ရက်၊နေ့ခင်း ၁၁နာရီခွဲခန့်က မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက်စစ်ကားတည့်တည့် မိုင်းထိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲခံရတဲ့ကားကတော့ အဲနားတင် ပျက်ပြီး ကျန်နေခဲ့တယ်။ ရှေ့ကတစ်စီးက လွတ်သွားတယ်။ လွတ်သွားတဲ့ကားပေါ်မှာ ကျန်တဲ့ခွေးတွေက ကျနော်တို့ကို ပြန်ပစ်လို့ နောက်ကို ပြန်ဆုတ်ခဲ့ရတယ်” ဟု တောင်တွင်းကြီးပကဖ(ပုဏ္ဏဝတီ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံး၊ဒဏ်ရာရစစ်သားများကို ခရီးသွားကားများပေါ် တင်ဆောင်သွားခဲ့ပြီး မိုင်းထိထားသည့် ကားအား ဩဂုတ်၂၀ရက် ညနေပိုင်းကျမှ စစ်တပ်က ပြန်ဆွဲသွားကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကိုတောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ )၊မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မကွေး ပကဖ၊မကွေး-တောင်တွင်းကြီး အထူး ပြောက်ကျားတပ်ဖွဲ့နှင့် တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

Video: တောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ပုဏ္ဏဝတီ)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်