ရွှေဘခေတ်ကုန်တာ ကြာပြီ

ပြန်ပါတော့

တကယ်တော့ မအလတပ်တွေဟာ ရခိုင်စစ်မြေပြင်မှာ၊ သူတို့တိုက်ခိုက်နိုင်စွမ်း ဒါ အကုန်ပါပဲ။

မြေပြင် ရေပြင် ဝေဟင် သုံးခုပေါင်းပြီး အလုံးအရင်းနှင့် ထိုးစစ်ဆင်နေတာတောင် အေအေစခန်းတခုလောက်တောင် သူတို့ မသိမ်းပြနိုင်ခဲ့ဘူး။

မအလတပ်တွေ ရခိုင်မြေက အေးရာအေးကြောင်း ပြန်သင့်ပြီ။

ရလိုရငြား ဆက်လက်တိုက်ခိုင်နေရင် ရခိုင်မြေလောက်တင်မကပဲ၊ မြန်မာ့မြေပုံ ပြောင်းသွားလိမ့်မယ်။

တိုက်လို့မရနိုင်တော့မှန်း လူတိုင်းသိသလို၊ သူတို့လည်း သိနေလို့ ထွက်ခတ် ခတ်နေတယ်ဆိုရင်တော့ အလုံးစုံ စစ်ရှုံးပြီလို့ သတ်မှတ်ခံရတဲ့နေ့ ပေးစရာအကြွေးတွေလည်း လည်ပင်းအခိုက်တဲ့ နေ့ပါပဲ။

ခြေချစရာ ခြေတဖဝါးစာတောင် မရှိသေးတဲ့ ဘဝကနေ တိုက်ခိုက်သိမ်းပိုက်လာခဲ့တဲ့ အေအေကို အခုလို ၉၀ ရာခိုင်နှုန်းလောက် သိမ်းထားပြီးမှ ပြန်ရဖို့ မမျှော်လင့်နဲ့တော့။

ရခိုင်မြေက အေးရာအေးကြောင်း ပြန်ပါတော့။

Ven U Kundala

ရွှေဘခေတ်ကုန်တာ ကြာပြီ။

ဆရာတော်ကလဲ စေတနာ နဲ့ တိုက်တွန်းတာ နေမှာပါ။

ကိုယ်တွေကလဲ တိုက်တွန်းချင်ပါတယ်။

မြန်မာပြည်ရာဇဝင်မှာ ပျောက်သွားတဲ့ ‌တော်လှန်ရေး အဖွဲ့ ဆိုတာရှိသလား။

ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း နောက်ပိုင်းမှ ပေါ်တဲ့ ရခိုင်တွေက လက်စွမ်း အထက်ဆုံး။

အလံဖြူထောင်လွန်းလို့ ထိမ်းမထားနိုင်တော့လို့ ဘင်္ဂလားတောင်လွှဲပေးနေရပြီ။

(မင်းတို့စိတ်ဓါတ်ကျမှာ စိုးလို့ ထွက်ပြေးတယ်လို့ လိမ်နေတာ)

နောက်ဆုံးမှပေါ်တဲ့ ဗမာ တော်လှန်ရေးအဖွဲ့ ဆိုတာ လူအင်အား အများဆုံး။

အခု အဲ့ဒီအဖွဲ့တွေ အကုန်ပေါင်းသွားပြီ။

SCEF မှာ COC စစ်ဦးစီး ရှိတယ်။ စစ်သား စစ်စစ် ဗိုလ်ချုပ် နှစ်ယောက် ဦးဆောင်တယ်။ AA နဲ့က မဟာမိတ်။

ငါတို့နိုင်နေပြီ၊ စစ်တပ်ရှုံးနေပြီလို့ မပြောပါဘူး။ စစ်တပ် မနိုင်တော့ဘူး ဆိုတဲ့ အမှန်တရားကိုပဲပြောတာ။

စစ်ရဲ့သဘော အတိုင်း တက်လိုက် ဆုတ်လိုက်၊ သိမ်းလိုက်၊ ခွာလိုက်ရှိမယ်။

ဒါပေမယ့် တစ်ဖွဲ့ချင်းစီတုန်းကတောင် ဘယ်တုန်းကမှ အပြတ်မရှင်းနိုင်ဘူး။

အခုလို အားလူံးစုမိသွားပြီဆိုနောင်လဲရှင်းနိုင်ဖို့ အလားအလာ မရှိတော့ဘူး။

အပြတ်အသတ်နိုင်ဖို့လဲ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ လက်မခံချင်လဲ ဒါပကတိ အရှိတရားပဲ။

ဘဝတွေ အသားလွတ်ပေးဆပ်မနေကြနဲ့တော့။

စစ်တပ်ကိုပြောချင်တာ။ မတော်လို့ မင်းတို့ အရေးနိမ့်သွားရင်ဘာဖြစ်မလဲ။

မင်းတို့ကို (ရဲရဲတိုက် ရဲရဲတက် ) လို့အမိန့်ပေးနေတဲ့ကောင်တွေ အရင်ဆုံးပြေးမှာ။

သူ့သားအောင်ပြည့်စုံကို ဘီလျံနာ လုပ်ခိုင်း ငွေတွေကို တရုတ်၊ ရုရှား​၊ ဒူဘိုင်းမှာ သိမ်းထားတဲ့ မင်းအောင်လှိုင်အရင်ဆုံးပြေးမှာ။

သူ့သမီး ခင်သီရိသက်မွန် ထိုင်းမှာ ရွှေ အတုံးလိုက်တွေ ဘာလို့ထွက်ရောင်းလဲ။ စဥ်းစားပေါ့ကွာ။

ရတမှာ ခံစည်းရိုး မပေါက်ခင်ကတည်းက ဘယ်သူတွေ အရင်ဆုံးပြေးလဲ။ ငါတို့ထက် မင်းတို့ ပိုသိပါတယ်ကွာ။

မင်းအောင်လှိုင်၊ ရဲဝင်းဦး ၊ အောင်ပြည့်စုံ ၊ ခင်သီရိသက်မွန်က အစပြေးမှာ။

အခု SCEF က ကမ္ဘာကို ဘာတွေတင်ပြနေတာလဲသိလား။

မင်းတို့ စစ်တပ်ကြီးပြိုသွားရင် အုပ်ချုပ်ရေး လစ်လပ်မှု မဖြစ်စေရပါဘူး။ Power administration gap မဖြစ်အောင်ပြင်ဆင်ပြီးသားလို့ ရှင်းပြနေတာ။

နိုင်ငံရဲ့ လက်ရှိ လူဦးရေ ၈၀ % ဟာ စစ်တပ်အောက်မှာ မနေချင်ဘူး။

မြေပြင် ၆၀ %.ဟာ စစ်တပ်အောက်မှာ မရှိဘူးဆိုတဲ့ အနေအထားကို သိအောင် ပတ်ပြောနေတာ။

ငါတို့ပိုပြောလို့လဲ မရဘူး။ မင်းတို့ လိမ်လို့ရတဲ့ ခေတ်လဲ မဟုတ်တော့ဘူး။

YouTube မှာလဲ သတင်းဌာန ကြီးတွေကအစ အထဲမှာ သတင်းယူ တင်ပြနေပြီးသား။သွားကြည့်ကြဦး။

ကိုယ့်ကိုယ်ကို သနားရင် အကြံပေးမယ်။

🚩ရဲရဲတက် ရဲရဲပြေး ရဲရဲ အလံဖြူထောင် ကြတော့။👈

စစ်တပ်ဘယ်လိုမှ မနိုင်တော့တာ ကျိန်းသေသွားပြီ။

ရွှေဘခေတ် ကုန်သွားပြီ။ ဗန် တို့ခေတ်ရောက်နေပြီ။

မောင်ဝင်းဦး

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်