မင်းဇေသန့် ဝန်ခံပြီ

လီဒိုလမ်းမှာ ဒေသခံ ၄ ဦး သတ်ဖြတ်မှု တပည့်တွေလက်လွန်တာလို့ မင်းဇေသန့်ပြည်သူ့စစ် ဝန်ခံ

ရုပ်အလောင်းတွေကို မိသားစုထံ ပြန်မပေး

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဩဂုတ် ဒုတိယပတ်မှာ မင်းဇေသန့်ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က နောင်းမီကျေးရွာက ဒေသခံ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၁၆ရက်မှာတော့ မင်းဇေသန့်ရဲ့ ညီ ဖြစ်သူက သေဆုံးသူများရဲ့ မိသားစုဝင်တွေကို ခေါ်ယူတွေ့ဆုံကာ ငါ့တပည့်တွေ လက်လွန်သွားတာလို့ ပြောဆိုကာ ၁ ဦးကို ကျပ်သိန်း ၂၀၀ စီ လျော်ကြေးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မိသားစုဝင်များက လျော်ကြေးကို လုံး၀ လက်မခံဘဲ သားသမီးတွေရဲ့ ရုပ်အလောင်းကိုသာ ပြန်တောင်းဆိုခဲ့ပေမဲ့ ပြည်သူ့စစ်အဖွဲ့က ရုပ်အလောင်းတွေ ပြန်မပေးခဲ့ဘူးလို့ KIA သတင်းပြန်ကြားရေးက ဖော်ပြပါတယ်။

မိသားစုဝင်တွေက လျော်ကြေးငွေ လက်မခံတဲ့အတွက် ရွာလူကြီးများကို ပြန်လည်ခေါ်ယူပြီး လျော်ကြေးများကို သေဆုံးသူမိသားစုထံထပ်မံ ပေးအပ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

မိသားစုဝင်များက ရုပ်အလောင်းကိုသာ ရရှိလိုကြောင်း တောင်းဆိုနေပေမဲ့ မင်းဇေသန့် ပြည်သူ့စစ်က ပေးအပ်ခြင်းမရှိဘဲ ငွေကြေးဖြင့်သာ ဖြေရှင်းနေတာဟာ ပြည်သူ့စစ်အဖွဲ့ဟာ လူငယ် ၄ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

လီဒိုလမ်း ရှဒူဇွပ်ကျေးရွာက ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်ာ(KIA) က ဩဂုတ် ၈ရက်မှာ လာရောက်တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်သူ့စစ်တွေကနောက်နေ့မှာ ဒေသခံ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒေသခံတွေကို သတ်ဖြတ်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) က ကန့်ကွက်ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောထားပါတယ်။

ဒါ့အပြင် လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်၊ စံပြ၊ ဘန်ကောက်ရွာများက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ မင်းဇေသန့် တပ်တွေက ခြိမ်းခြောက်ထားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလို ခြိမ်းခြောက်တာဟာ ဒေသခံတွေကို လူသားဒိုင်းလုပ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအကြား စစ်ရေးတင်းမာနေလို့ စစ်ဖြစ်လာကို ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ တွေ့ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – Warazup People’s Militia Force)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်