ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဟင်္သာတကဆရာမကြီးကို ရက်ရက်စက်စက် လုပ်ရက်သွားတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်
တစ်သက်လုံး ပညာသင်ကြားပေးခဲ့တဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ ဒီလိုမျိုး ရင်နာစရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားရလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ ဩဂုတ်လ (၂၁) ရက်နေ့က တစ်ရွာလုံးကို တုန်လှုပ် ဝမ်းနည်းစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဖြစ်ဆိုးရဲ့ နောက်ကွယ်က အကြောင်းရင်း
အသက် (၇၂) နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းဟာ အိမ်ထောင်မရှိဘဲ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး၊ အခင်းဖြစ်ပွားတဲ့နေ့က ဥပုသ်စောင့်ရာကနေ နေအိမ်ကို အေးအေးချမ်းချမ်း ပြန်လာခဲ့တာပါ။
ဒါပေမဲ့ နေအိမ်ထဲကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ အိမ်ထဲကို ဝင်ရောက်မွှေနှောက်နေတဲ့ သူခိုးနဲ့ ပက်ပင်းတိုးမိသွားခဲ့ပါတယ်။
ကိုယ့်ရဲ့ ပစ္စည်းကို ကာကွယ်ဖို့ ကြိုးစားရင်း ဆရာမကြီးဟာ အဆိုပါ ကျူးလွန်သူရဲ့ ရန်ပြုခြင်းကို ခံလိုက်ရပါတယ်။
ကျူးလွန်သူဟာ ထွက်ပြေးရမယ့်အစား မျှော့ကြိုး (သားရေကြိုး) ကို အသုံးပြုပြီး ဆရာမကြီးကို ရက်ရက်စက်စက် အသက်အန္တရာယ် ပေးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဆရာမကြီးရဲ့ ရုပ်ခန္ဓာကို ရေချိုးခန်းထဲမှာ မှောက်လျက်အနေအထားနဲ့ ရင်ကွဲဖွယ်ရာ ပြန်လည်တွေ့ရှိခဲ့ရတာပါ။

ကျောင်းအုပ်ဆရာမကြီးရဲ့ ဖြတ်သန်းမှု
ဆရာမကြီးဟာ ဟင်္သာတမြို့နယ် ကြက်တူရွေးရွာ ဇာတိဖြစ်ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်တွေတုန်းက အ.ထ.က (သောင်ကြီး) မှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ အိုင်သပြုကျောင်းမှာလည်း တာဝန်ကျခဲ့ဖူးတဲ့ လေးစားစရာ ပညာရေးမိခင်တစ်ဦး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆရာမကြီးကို အခုလို ရက်ရက်စက်စက် ကျူးလွန်သွားခဲ့သူဟာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တပည့်တွေနဲ့ ပတ်ဝန်းကျင်က လေးစားချစ်ခင်ရတဲ့ ဆရာမကြီးတစ်ယောက် အခုလို အဖြစ်ဆိုးနဲ့ ထာဝရ နှုတ်ဆက်သွားရတဲ့ နောက်ကွယ်က အကြောင်းရင်းကို ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားတင်ဆက်လိုက်ရပါတယ်။
အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဥပုဒ်သီလ ဆောက်တည်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်တွင်းခိုးဝင်နေသော သူခိုး၏ ရက်စက်စွာ သတ်ဖြတ်ခြင်းခံရ
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊နဲမနိတ်ကျေးရွာတွင် တစ်ဦးတည်းနေထိုင်သည့် အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းသည် ဥပုဒ်သီလ ဆောက်တည်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်တွင်းခိုးဝင်နေသော သူခိုး၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဩဂုတ်၂၁ရက် နေ့လည်ပိုင်းအချိန် ဆရာမကြီး ဒေါ်လှလှဝင်းသည် ဥပုဒ်သီလ ဆောက်တည်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်တွင်းခိုးဝင်နေသော လူသတ်သမားမှာ ပစ္စည်းလုယူကာ သတ်သွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ ဆရာမကြီးအား ရေချိုးခန်းအတွင်း၌ သရေမျှော့ကြိုးဖြင့် လည်ပင်းကိုပတ်၍ နောက်သို့ ပြန်ချိတ်ကာ ဝမ်းလျားမှောက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည် ၊ အိမ်တွင်းရှိ ပစ္စည်းများကိုလည်း မွှေနှောက်ယူဆောင်သွားခဲ့ကြောင်း သိရသည်
သေဆုံးသူ ဆရာမကြီးသည် အပျိုကြီးတစ်ဦးဖြစ်ပြီး အိုင်သပြုကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၂-၂၀၀၃ ခုနှစ်များက အ.ထ.က သောင်ကြီး၌ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ကျခဲ့သူဖြစ်ကာ ဟင်္သာတမြို့နယ် ကြက်တူရွေးရွာဇာတိ ဖြစ်သည်။
လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ဟင်္သာတရင်ခွဲရုံသို့ ပို့ဆောင်ထားရပြီး ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေး ကဏ္ဍအသီးသီး ပြိုလဲပျက်စီးနေမှုကို ထင်ရှားစွာ မီးမောင်းထိုးပြနေသည်။
သက်ကြီးရွယ်အိုများနှင့် တစ်ဦးတည်း နေထိုင်သူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်နေအိမ်အတွင်း၌ပင် လုံခြုံမှုမရှိတော့ဘဲ မည်သည့်အချိန်တွင် အသက်အန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်နေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ဒေသခံများမှ ပြောဆိုသည်။
သာမန် ခိုးယူမှုမှသည် ရက်စက်သည့် လူ သတ်လုယက်မှုများအထိ ပြစ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြခြင်းသည် တရားဥပဒေ စိုးမိုးရေးယန္တရား လုံးဝ ရပ်ဆိုင်းနေကြောင်း သက်သေပြနေသည်။
ဘာသာရေးဆောက်တည်သူများနှင့် နိုင်ငံအပေါ် ကျေးဇူးပြုခဲ့သည့် အငြိမ်းစား ဆရာမကြီးများကဲ့သို့ အကူအညီမဲ့ သက်ကြီးရွယ်အိုများကိုပါ မညှာမတာ သတ်ဖြတ်လုယက်သည့် အဆင့်ထိ လူမှုအသိုင်းအဝန်း၏ စာရိတ္တတန်ဖိုးများ ပျက်ဆီးနေပြီဖြစ်ကြောင်း အငြိမ်းစားဆရာကြီးတစ်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ အပြစ်မဲ့သူများ ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များတွင် “အတိတ်က ဝဋ်ကြွေးကြောင့်” ဟုဆိုကာ မမြင်နိုင်သော အတိတ်ကံကိုသာ တရားခံအဖြစ် အပြစ်လွှဲချနေကြသည့် အယူအဆများအပေါ်လည်း ပြည်သူများက ထောက်ပြဝေဖန်နေကြသည်။
ယခုဖြစ်စဉ်သည် ကံကြမ္မာကြောင့်မဟုတ်ဘဲ စနစ်ပျက်ဆီးမှု၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုနှင့် လူမဆန်သည့် ဒုစရိုက်သမားများ၏ ရက်စက်မှုကြောင့်သာ ဖြစ်ကြောင်း ပြည်သူများက ထောက်ပြပြောဆိုနေကြသည်။
ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများ၏ အသက်အန္တရာယ်နှင့် စည်းစိမ်ဥစ္စာများ နေ့စဉ်နှင့်အမျှ သတ်ဖြတ် ဖျက်ဆီးခံနေရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်းများသည် တိုင်းပြည်၏ ပျက်စီးယိုယွင်းမှုတစ်ခုဖြစ်ပြီး ရွေးတုအစိုးရအပေါ်ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုကြီးစိုးလာနေကြောင်း သိရသည်။



Leave a Reply