📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ညောင်ကျိုး ကျခါနီးလို့ ရန်ကုန်ကပါ လှမ်းခေါ်နေရပြီ

—

by

in

ညောင်ကျိုးတိုက်ပွဲ ပြင်းထန်ကာ လက်လွှတ်ရခါနီး၍ ရန်ကုန်ကတပ်ရင်းများကိုပါ အင်အားဖြည့်နေရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရှိ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲမှာပြင်း ထန်နေပြီး စစ်ကောင်စီဘက်က စခန်းလက်မလွှတ်ရရေးအတွက် ရန်ကုန်မှ တပ်ရင်းများ ကိုပါ အင်အားဖြည့်တင်း ပို့ဆောင်နေရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ကာ အင်အားလိုအပ်ချက်များပြားနေ ၍ စစ်ကောင်စီက ညောင်ကျိုးသို့ မှော်ဘီတပ်နယ် တပ်ရင်းများမှ အင်အားရာချီကို ပို့ဆောင်နေရကြောင်း သိရသည်။

“မှော်ဘီက မင်္ဂလာဒုံတပ်နယ်ပြီးရင် တပ်ရင်းတပ်ဖွဲ့အများဆုံးပဲ။ အဲဒီကတပ်ဖွဲ့ဝင်တွေကို စုဖွဲ့ပြီး ညောင် ကျိုးကိုပို့နေတာ။ ညောင်ကျိုးက ကျခါနီးနေပြီ”ဟု တပ်သတင်းရင်းမြစ်က ပြော သည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၁၃၊ ခမရ ၇၀၁၊ ခမရ ၇၀၂ နှင့် ခမရ ၇၀၃ တပ်ရင်းလေးရင်း ရှိသည့်အနက် သုံးရင်းကို ညောင်ကျိုးသို့ အင်အားဖြည့်ပို့ဆောင်နေ ကြောင်း သိရသည်။

တပ်ရင်းတစ်ခုလျှင် တပ်ဖွဲ့ဝင်အင်အား ၄၀ စီ စုဖွဲ့ပြီး ညောင်ကျိုးစခန်းလက်မလွှတ်ရရေးအတွက် ယခုမတ်လအတွင်း အင်အားဖြည့်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တောင်ကုတ်-ပဲခူးအစပ် တောင်ပုံကြီးစခန်းမှစ၍ AA က စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခု ပန်းတောင်းတပ်နယ် ညောင်ကျိုးအထိ တိုက်ပွဲရောက် ရှိလာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များကာ ရန်ကုန်နှင့် ဥသျှစ်ပင်မှ စစ်အင်အားဖြည့်တင်းနေရကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ မှစကာ ဥသျှစ်ပင်မှ တပ်ရင်းတပ်ဖွဲ့များကို စစ်သုံးဖောကား ယာဉ်တန်းများဖြင့် အင်အားဖြည့်နေရပြီး ဒဏ်ရာရနှင့် သေဆုံးစစ်ကောင် စီတပ်ဖွဲ့ဝင်များကို ပြန်လည် သယ်ဆောင်မှုများ ပြု လုပ်နေရကြောင်း သိရသည်။

ပြည်၊ ရွှေတောင်စစ်ဆေးရုံတွင်လည်း ညောင်ကျိုးမှ ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ပို့ဆောင်ထားရာ အင်အားများ၍ ကုသမှုများပြုလုပ်နိုင်ခြင်းမရှိတော့သည့်အတွက် မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတ အသင်း ကားများပါသုံး၍ ပို့ဆောင်နေရကြောင်း ဒေသခံများထံက သိရသည်။

AA သည် ရခိုင်-ပဲခူးအစပ်ရှိ တောင်ပုံကြီးစခန်း၊ မိုးထိတောင်ဗျူဟာတို့ကို သိမ်းပိုက်ပြီး ပန်းတောင်းမြို့နယ်အတွင်းရှိ နတ်တောင်တာဝါတိုင်စခန်းကုန်း၊ ပုဂံကွဲ လက်နက်ကြီးစခန်းတို့ကိုပါ သိမ်းယူကာ ညောင်ကျိုး အထိ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ညောင်ကျိုးစခန်း မကျရေးအတွက် ညောင်ခြေထောက်နှင့် ကပစစက်ရုံများမှနေ၍ လက်နက်ကြီးပစ်ကူများပေးနေပြီး လေကြောင်းပစ်ကူနှင့် စက်တပ်လေထီးသုံး၍ ဗုံးကြဲချ တိုက်ခိုက် ခြင်းများကိုပါ ပြုလုပ်နေကြောင်း သိရသည်။

ပုံစာ- စစ်ကောင်စီတပ်ဖွဲ့၀င်များ (ပုံဟောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်