နားကပ်တစ်ရံအတွက် လည်ပင်းပိုင်း ခံလိုက်ရတဲ့ အဖိုးအဖွား

နားကပ်တစ်ရံအတွက် လည်ပင်းပိုင်း ခံလိုက်ရတဲ့ အဖိုးအဖွား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက အသက် ၇၆ နှစ်အရွယ် သက်ကြီးဇနီးမောင်နှံနှစ်ဦး နေအိမ်အတွင်း၌ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည်။

ပိုင်ဆိုင်ပစ္စည်းများများစားစား မရှိသလို ကြွားကြွားဝါဝါလည်း မရှိသည့် အဖိုးအဖွားတွင် ရန်ကြွေး ရန်စဟူ၍ လည်းမရှိလှကြောင်း အိမ်နီးချင်းများက ပြောသည်။

သို့သော် သေဆုံးသူ အဖိုးဖြစ်သူ၏ ရုပ်အလောင်းကို အိပ်ခန်းအတွင်း ဦးခေါင်းတွင် ဖူးယောင်ဒဏ်ရာများနှင့် မေးရိုးတွင် ပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိရပြီး၊ အဖွားဖြစ်သူမှာမူ ရှေ့ခန်း ဘုရားစင်ရှေ့၌ လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်။

နေအိမ်အတွင်း ပစ္စည်းများ မွှေနှောက်ထားသည်ကို တွေ့ရပြီး အဖွားဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံ ပျောက်ဆုံးနေခဲ့သည်။

ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ထားသည်။

သို့သော် ဤဖြစ်စဉ်သည် သာမန် ခိုးဆိုးလုယက်မှုတစ်ခု ထက် ပိုမိုနက်ရှိုင်းသည့် လူမှုအဖွဲ့အစည်း၏ ပျက်စီးယိုယွင်းမှုကို ပြသနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အတွင်း တရားဥပဒေ စိုးမိုးရေး ကင်းမဲ့လာခြင်းနှင့်အတူ ရာဇဝတ်မှုများ သာမန်လို ဖြစ်ပွားလာနေသည့် သင်္ကေတတစ်ခုလည်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ လောင်းကစားဝိုင်းများကို စည်းမဲ့ကမ်းမဲ့ ပွင့်လင်းစွာ ဖွင့်လှစ်ခွင့်ပေးထားခဲ့သည်။

ဤသည်ကပင် ရာဇဝတ်မှုခင်းများ၏ အစပျိုးရာဖြစ်လာသည်။

တစ်ဖက်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသွားခြင်း၊ မြန်မာငွေတန်ဖိုး ကျဆင်းပြီး အခြေခံကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် ပြည်သူများ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြန်သည်။

ထိုအချိန်တွင် လောင်းကစားဝိုင်းများ၏ မက်လုံးက က ကောက်ရိုးတမျှင်ဖြစ်လာခြင်းကြောင့် လောင်းကစားဝိုင်းများကို လူများ ပိုမို မျက်စိကျလာသည်။

သို့သော်လည်း လောင်းကစားဝိုင်းများမှာ ထောင်ချောက်သက်သက်သာ ဖြစ်သည်။

အန်ဂလုံဝိုင်းများအပါအဝင် လောင်းကစားအမျိုးမျိုးမှာ ရှုံးနိမ့်ဘဝပျက်သူများ များပြားလာမှုများနှင့် အတူ ခိုးယူ၊ လုယက်၊ သတ်ဖြတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာနေသည်။

ဤသို့သော လောင်းကစားဝိုင်းများ မှိုလိုပေါက်လာမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့သည်ပင် နားကပ်လေးတရံ၊ ငွေလေးအနည်းငယ်အတွက် လူသတ်ရသည့် အကြောင်းရင်း ဖြစ်လာသည်။

အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများကို သတ်ဖြတ်ရန် ဝန်မလေးတော့သည့်အထိ လူမှုရေးဆိုင်ရာ ပြိုလဲမှုများ ဖြစ်ပေါ်လာရသည်။

အကြမ်းဖက်စစ်တပ်သည် စစ်ရေးနှင့် အာဏာထိန်းချုပ်ရေးကိုသာ ဦးစားပေးနေသဖြင့် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ယန္တရားများမှာ လုံးဝနီးပါး အလုပ်မလုပ်တော့ပေ။

ညောင်လမ်းကျေးရွာကဲ့သို့ တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးကွာသည့် ကျေးလက်ဒေသများတွင် ပြည်သူများမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။

ယခုဖြစ်စဉ်သည် စစ်အာဏာရှင်စနစ်အောက်တွင် တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုအဆောက်အအုံများ ပြိုပျက်နေပြီး ပြည်သူများ၏ အခြေခံ အသက်အန္တရာယ် လုံခြုံရေးပင် မရှိတော့ကြောင်း မီးမောင်းထိုးပြနေသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်