မိန်းမတန်မဲ့ ဘုရားထီးတောင် တက်ဖြုတ်ကုန်ပြီ

ရပ်စောက်တွင် ဘုရားထီးတော် ဖြုတ်ခိုးသူ အမျိုးသမီးကို ‌ဒေသခံများ ဝိုင်းဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ရှိ အုတ်ကျင်ဘုန်းကြီးကျောင်းဝင်းအတွင်း ဘုရားတွင် တပ်ဆင်ထားသည့် ဘုရားထီးတော်များကို ခိုးယူဖြုတ်သွားသည့် အမျိုးသမီးတစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသမီးကို ဩဂုတ် ၂၂ ရက် မနက်အစောပိုင်းတွင် ဘုရားထီးတော်များ ဖြုတ်ယူနေစဉ် ဒေသခံများက တွေ့ရှိခဲ့ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်အစောကြီးမှာ ဖြစ်တာပါ။ ဘုရားမှာရှိတဲ့ ထီးတော်တွေကို ဖြုတ်ယူနေတာတွေ့လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တာပါ။ ဘာတွေအခက်ခဲရှိလို့ ခုလို ခိုးယူတာလဲဆိုတာတော့ သေချာမသိရသေးဘူး။” ဟုဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိပြီးနောက် အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် ဘုရားထီးတော်များကို ခိုးယူဖြုတ်သွားရသည့် အကြောင်းရင်းကို စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“မိန်းကလေးတယောက်က စေတီပေါ်တက်ပြီး အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးနေတာတွေ့လို့ ဝိုင်းဖမ်းကြတာ၊ ကောင်မလေးကလည်း ဝန်ခံတယ်၊

ဝမ်းရေးအတွက် ရောင်းစားဖို့ လုပ်တာလို့ ပြောတယ်၊ ထုရိုက်တာတော့ မလုပ်ကြပါဘူး၊ ရဲလက် အပ်လိုက်ကြပါတယ်” လို့ ဒေသခံတဦးက ပြောသည်။

ရပ်စောက်ဒေသတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကုန်စည်ဈေးနှုန်းတက်လာခြင်းနှင့်အတူ အလုပ်အကိုင်ရှားပါးမှုကြောင်း သူခိုးများ၊ လုယက်မှုများ၊ ဓားပြတိုက်မှုများစသည့် ဒုစရိုက်မှုများလာကြောင်းဒေသခံများထံမှသိရသည်။

ခိုးယူသူအမျိုးသမီးကို ရပ်စောက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပေမဲ့ တိုင်တန်သူမရှိသေးလို့ အမှုဖွင့်လှစ်ထားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်