အိမ်ပြန်မရောက်လာတော့တဲ့ G7 ကျောင်းသားလေး

ရေတွေတအားတတ်နေလို စိတ်ပူပြီး အဖေ့ရဲ့ အုတ်ဂူကို သွားကြည့်ရာကနေ ရေစီးနဲ့မြောပြီးအိမ်ပြန်မရောက်လာတော့တဲ့ ၇ တန်း ကျောင်းသားလေး

လတ်တလော ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကြားရသူတိုင်း ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ရေကြည်မြို့နယ်အပိုင် ဆင်ကူးချောင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

အသက်မပြည့်သေးတဲ့ (၇) တန်းအရွယ် ကျောင်းသားလေး နှစ်ယောက်ဟာ အဖေ့ရဲ့ အုတ်ဂူကို သွားရောက်ကြည့်ရှုရာကနေ အပြန်လမ်းမှာ မထင်မှတ်ဘဲ ချောင်းရေနဲ့အတူ ရုတ်တရက် မျောပါသွားခဲ့တာပဲ ဖြစ်ပါတယ်။

စိတ်ပူပြီး သွားကြည့်ရာကနေ ကြုံလိုက်ရတဲ့ အဖြစ်ဆိုး

ဖြစ်စဉ်ကတော့ ရေကြည်မြို့နယ်အပိုင် ဆရာစံရပ်ကွက်နဲ့ ဆင်ကူးရပ်ကွက်အကြား အလယ်မှာရှိတဲ့ ဆင်ကူးချောင်းမှာ ဖြစ်ပွားခဲ့တာပါ။

ကလေးငယ် နှစ်ဦးဟာ ရေတွေကြီးနေတဲ့အချိန် ဖခင်ဖြစ်သူရဲ့ အုတ်ဂူကို စိတ်ပူပြီး သွားရောက်ကြည့်ရှုခဲ့ကြတာပါ။

ဒါပေမယ့် အပြန်လမ်းမှာတော့ ရေစီးသန်နေတဲ့ ချောင်းထဲကို အမှတ်မထင် ပြုတ်ကျပြီး ရေစီးနဲ့အတူ မျောပါသွားခဲ့ကြပါတယ်။

ကယ်တင်နိုင်ခဲ့မှုနဲ့ ဆက်လက်ရှာဖွေနေဆဲ အခြေအနေ

ကံကောင်းထောက်မစွာနဲ့ ကလေးငယ်တစ်ဦးကတော့ မျောပါသွားစဉ် လှမ်းဆွဲစရာတစ်ခုကို အမိအရ ဆွဲထားနိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေသခံရွာသူရွာသားတွေက ကြားကြားချင်း ဆိုင်ကယ်တွေ၊ လှေတွေနဲ့ အမြန်ဆုံး သွားရောက်ကယ်တင်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးကိုတော့ ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် (၇) တန်း ကျောင်းသားလေး တစ်ဦးကတော့ ရေစီးထဲမှာ မျောပါပျောက်ဆုံးသွားခဲ့ရပါတယ်။

လတ်တလောမှာတော့ ပျောက်ဆုံးနေတဲ့ ကျောင်းသားလေးကို ပရဟိတ ညီအစ်ကိုမောင်နှမတွေက လှေတွေနဲ့ အပူတပြင်း လိုက်လံရှာဖွေ ကယ်ဆယ်ရေးတွေ ပြုလုပ်ပေးနေကြဆဲ ဖြစ်ပါတယ်။

ရေကြီးရေလျှံနေချိန်မှာ မိမိတို့ရဲ့ ကလေးငယ်တွေကို ရေနားမသွားစေဖို့နဲ့ အထူးဂရုစိုက်ကြဖို့ သတိပေး နှိုးဆော်တင်ဆက်လိုက်ရပါတယ်။

ရေကြည်ဆင်ကူးချောင်းတွင်းသို့စီးဝင်သော တာကျိုးရေကျော်လမ်းဖြတ်တွင်ကလေးနှစ်ဦးမျောပါပြီး တစ်ဦးက ဝါးရုံကြားညပ်ကျန်ခဲ့ပြီး တစ်ဦးည ၉နာရီအထိရှာမတွေ့သေးပါ….#ရေဆင်းကူးကြတာမဟုတ်ပါဘူး…

ဒီညနေ ၂၂.၈.၂၆ ရက်နေ့ ညနေ ၆နာရီခန့်တွင် ရေကြည်မြို့ နဲ့ကပ်လျှက် ဆင်ကူးချောင်း(ဒေသအခေါ်) တွင်ကလေးတစ်ဦးရေနစ်သည်ဟု သတင်းရ၍ ရေကြည်မြို့နယ်မီးသတ်ဦးစီးမှူး၏ စီမံကွပ်ကဲမှူ့ဖြင့် မဟာ ၊ရာမည၊မဏိစလ၊ပုလဲ အရံမီးသတ်၊စမ်းချောင်းအရံမီးသတ် ၊MR အဖွဲ့များနှင့် လူမှူ့ကယ်ဆာ်ရေးအသင်းများ အခင်းဖြစ်ရာ ဆင်ကူးချောင်းအနီး ဆင်ကူးရွာသို့ သွားရောက်၍ ရေနစ်သည့်ကလေးအားကယ်ဆယ်ရန်ဆောင်ရွက်ကြပြီး အခင်းဖြစ်သောအချိန်နှင့် ပတ်ဝန်းကျင်စုံစမ်းပြီး အသက်ရှင်နိုင်ရန်ခက်ခဲသော အချိန်အထိကြာမြင့်နေပြီဖြစ်သော်လည်းကြိုးစားရှာဖွေခဲ့ကြပါသည်…..

ရေနစ်သောနေရာကိုပင် တိတိကျကျ ပြောပြနိုင်ရန် အချိန်နာရီဝက်ခန့်မေးမြန်းပြိးမှ အခင်းဖြစ်ရာ နေရာသို့ တိတိကျကျ သိကြရပါသည်….

ပထမကြားသတင်း…ကွန်ကရစ်တံတား….ကယ်ဆယ်ရေးတစ်ဖွဲ့ကို ကြိုတင်ပြီး ချောင်းအောက်ဘက်ရွာကို ကြိုတင်စေလွှတ်ထားခဲ့သည်(.ချောင်းက..ရေစီးသန်နေသောကြောင့်)

မီးရထားကူး သံတံတားဆို၍ မြို့နယ်မီးသတ်မှ အလျှင်အမြန်အက်ရှင်ယူ၍ လှေတစ်စီးနှင့်အပြင်းနှင်ခဲ့ကြသည်…

ဒီအနီးအနားလေးတင် တယောက်နဲ့ တယောက်သတင်းမှားတွေပြောပြီး အခင်းဖြစ်ရာနေရာကို မနည်းမေးကြရသည်…

နောက်ဆုံးမှ.. ဆင်းကူရွာလမ်းပေါ်က. …လယ်ကွင်းမှ တာကျိုးရေ လမ်းပေါ်ဖြတ်ကျော်နေသော ရေစီးကြောင်းမှ လက်တွဲပြီး ကူးလာသောကလေးနှစ်ယောက်မျောပါပြီး တယောက်မှာ ဝါးရုံ ကြားညပ်နေပြီး ကျန်တယောက်ကလက်လွတ်မျောပါသွားခြင်းဖြစ်ပါသည်….

ကလေးနှစ်ယောက်က သူ့အဖေအုတ်ဂူကို သွားကြည့်မည်ဆိုပြီး သွားကြသည်ဟုဆိုပါသည်….(.မိဘများမသိပါ)

ရေကျော်နေသောနေရာသည် ဆင်ကူးအနောက်စု သုဿာန်အဝင်အဝတွင်ဖြစ်ပြီး အရှိန်ပြင်းသောရေစီးကို ကလေးတွေသတိမထားမိကြပုံရပါသည်…

ကလေးမှာ G-7 ကျောင်းသားဆိုသောကြောင့် ၁၃ နှစ်အရွယ်ဟုခန့်မှန်းရပါသည်….

ယနေ့ည ၉နာရီအထိ စက်လှေ ၃ စီးဖြင့် ရှာဖွေခဲ့ကြသော်လည်း DB ကို ရှာမတွေ့နိုင်သေးပါဘူး…မိုးရွာလာတာရယ် ရေစီးရှိန်ပြင်းနေတာရယ်.. ကြောင့် မနက်ဖြန်မှ ဆက်လက်ရှာဖွေရန်ဆုံးဖြတ်ခဲ့ကြပါသည်….

ရေဆင်းကူးကြတာမဟုတ်ပါဘူး

သတင်းမှားတွေမတင်ကြပါနဲ့ ရေစီးနှင့် မျောပါတာပါ..ဦးထုတ်နှင့်ဖိနပ်ကျန်ခဲ့ပါတယ်…ဝါးရုံကြားညပ်သောကလေးကအော်သောကြောင့် ခပ်လှန်းလှန်းမှ လူကြီးတစ်ဦးရောက်လာပြီး လာကယ်တော့မှ ထိုကလေး၏ ပြောပြချက်အရ အခုရေနစ်သောကလေး မျောပါသွားတာကို သိကြတာပါ…

ဘေးက လူကြီးတွေတောင် သူတို့မျောတာကို မမြင်လိုက်ကြပါဘူး…ရေစီးထဲမျောပြီး ထိုလမ်းပေါ်မှ ခြံထဲသို့ စီးဝင်သောရေစီးကြောင်းအတိုင်းပါသွားတာပါ…..

ရေစီးရှိန် ကိုမကြုံဘူးသော ကျွန်တော်တို့နယ်သားတွေ မပေါ့ကြပါနဲ့….

ရေကူးတတ်လျှင်တောင် ရေကူးဖို့ရာ အလေ့အကျင့်မရှိကြသောကြောင့် မပေါ့ဆကြဖို့လိုပါတယ်….

Zaw Gyi

မနေ့ညက ရေကြည်မြို့ ရေစီးထဲမျောပါသွားသော ကလေးနှစ်ဦးအနက် တဦးအားညချင်းအသက်ရှင်လျက်ကယ်နိုင်ခဲ့ပီး ကျန်ကလေးBodyအား23.8.2026ရက်မနက်မှစ၍ ပုသိမ်ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ ရေကြည်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ စမ်းချောင်းအရန်မီးသတ်မှ Speedboatဖြင့် ပျဉ်းမနားအရန်မီးသတ်၊စမ်းချောင်းအရန်မီးသတ်တို့မှတပ်ဖွဲ့ဝင်များ ၊တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊မဟာလူမူကယ်ဆယ်ရေး များနှင့်အတူ တနေကုန်ရေငုပ်ရှာဖွေခဲ့ရာရေစီးသန်၍ ညနေအချိန်တွင်ရပ်နားခဲ့ပါသည်။

ရဲသူရိန်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်