မိခင်ဖြစ်သူကို ငှက်ကြီးတောင်နဲ့ ခုတ်နေတာတွေ့လို့ ဝင်ဆွဲ ကာကွယ်ဆွဲရင်း လက်မတစ်ချောင်းနဲ့ မျက်လုံးတဖက် ဆုံးရှုံးလိုက်ရပြီး မျက်နှာနဲ့ ခေါင်းမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာများစွာ ရှိခဲ့သူ ၁၄ နှစ်အရွယ် သားငယ်လေးရဲ့ မိခင်ကိုတမ်းတလွမ်းဆွတ်မှုလေး

ကျောင်းကနေအပြန် သူ့ရဲ့ မိခင်ဖြစ်သူကို ဘေးအိမ်ကလူက ငှက်ကြီးတောင် နဲ့ အဆက်မပြတ်ခုတ်နေတာ တွေ့ရလို့ ကျောင်းလွယ်အိတ်လေးချပြီး မိခင်ဆီအပြေးသွား အဆိုပါသူရဲ့ ဓားချက်တွေကနေ သက်သာလိုသက်သာငြား ကိုယ်လုံး၊ လက်တို့နဲ့ ဝင်ဆွဲ ဝင်ကာကွယ်ခဲ့ပေမယ့် ယုတ်မာရိုင်းစိုင်းလွန်းတဲ့ တဖက်လူရဲ့ ငှက်ကြီးတောင် ဒဏ်ကို ဘယ်လိုမှ မကာကွယ်နိုင်ဘဲ မိခင်ဖြစ်သူလည်းသေ အဆိုပါ ဝင်ဆွဲသူ ၁၄ နှစ်အရွယ်သားလေးမှာလည်း မျက်လုံးတစ်ဖက် လက်မတစ်ချောင်း ဆုံးရှုံးခဲ့ပြီး ဦးခေါင်းနဲ့ မျက်နှာမှာလည်း ပုံပျက်လောက်တဲ့အထိ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော် ပျဥ်းမနားမြို့မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဥ်က အိမ်နီးနားချင်း ဘေးအိမ်ချင်းက သားငယ်လေးတွေအချင်းချင်း မတော်တဆ အခန့်မသင့် ရန်ဖြစ်ကြရာကနေ တဖက်ကသူရဲ့ အစ်မဖြစ်သူက ဝင်ရောက်ပြီး လွန်ကဲတဲ့ ကိုယ်ထိလက်ရောက် ပြုမူမှုမျိုး ပြုလုပ်ခဲ့တာကနေ စတင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ကိစ္စအတွက် (လက်ရှိ မျက်လုံးလက်တွေ ဆုံ:ရှုံ:လိုက်ရသူရဲ့) မိခင်က မကျေနပ်ခဲ့လို့ ဥပဒေအတိုင်း ရင်ဆိုင်ရာကနေ တဖက်မိသားစုက အစ်မဖြစ်သူ ထောင် ၆လ ကျခဲ့တာ ဖြစ်ပါတယ်
အဆိုပါ အစ်မဖြစ်သူ မိန်းကလေးဟာ မင်္ဂလာဆောင်ထားတာလည်း မကြာသေးတဲ့အတွက် သူ့ရဲ့မိသားစု အထူးသဖြင့် မိန်းကလေးရဲ့ မိခင်နဲ့ဖခင်က ဘယ်လိုမှ မကျေနပ်နိုင်ကြဘဲ နေ့စဥ် အော်ဟစ် ဆဲဆို ခြိမ်းခြောက်မှုတွေဖြစ်တဲ့အထိ ပြင်းထ-န်လာပြီး နောက်ဆုံးမှာ အဆိုပါပြုမူသူ မိသားစုဘက်က ဘယ်လိုမှစိတ်ကိုမထိန်းတော့ဘဲ သူတို့အိမ်က ဖခင်ဆိုသူက ရက်စက်ယုတ်မာစွာ အမှုနိုင်ခဲ့သူ ကျောင်းသားလေးရဲ့မိခင်ကို ငှက်ကြီးတောင်ဆွဲပြီး မသေမချင်း ခုတ် သတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကို ကျောင်းကပြန်လာချိန် မြင်လိုက်တဲ့ ကျောင်းသားလေးက သူ့မိခင်အတွက် စိုးရိမ်စိတ်နဲ့ အတင်းဝင်ဆွဲတဲ့အခါ ကျောင်းသားလေးကိုပါ အသေ ခုတ်သတ် ခဲ့ပေမယ့် အကြောင်းကံကြောင့် မသေဘဲ လက်မတဖက်ပြတ် မျက်လုံးတစ်လုံး ထွက်သွား ခဲ့ရပြီး ဦးခေါင်းနဲ့ နဖူး မျက်နှာတွေမှာ သေရာပါ ဒဏ်ရာတွေ ရရှိသွားရတာပဲ ဖြစ်ပါတယ်။

ကျောင်းသားလေးက လမ်းမပေါ်ထွက်ပြေးခဲ့ရချိန် အဆိုပါလူက လမ်းမပေါ်အထိ လိုက် ခုတ်ခဲ့ပြီး ကျောင်းသားလေးက အသက်တော့ မသေဘဲ အရေးပေါ် ကုသမှု ခံယူခဲ့ရတာလို့ သိရပါတယ်။
ပတ်ဝန်းကျင်က အဲဒီအချိန်မှာမြင်တွေ့နေရပေမယ့် အဆိုပါလူရဲ့ လက်ထဲမှာ ငှက်ကြီးတောင်နဲ့မို့ ဘယ်သူမှ ဝင်မဆွဲရဲကြလို့ ဒီတိုင်း စိတ်မကောင်းစွာ ကြည့်နေခဲ့ကြရတယ်လို့ ဆိုထားတာပါ။

လက်ရှိမှာ ဆေးရုံဆင်းလာပြီဖြစ်တဲ့သားငယ်လေးက သူအရင်ကဆိုရင် သူ့အမေကျောင်းလာကြိုမယ်ပြောရင် မကြိုနဲ့ရတယ် အမေလို့ ငြင်းခဲ့ဖူးတာတွေကနေ အခုဆို သူကျောင်းပြန်ချိန်ဆို သူ့လွယ်အိတ်လေးဆီးကြိုယူ သူကြိုက်တတ်တာလေးတွေ ချက်ပေးတတ်တဲ့ အမေ့ကို အရမ်းလွမ်းနေရပါကြောင်း
မိခင်က SMa(Single Mother) မို့ သားအမိလေး ၂ ဦးထဲ ရှိရာကနေ အခုတော့ သူတစ်ယောက်ထဲ ဖြစ်နေတာ တကယ့်ကို လွမ်းမိကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ အမှုကိစ္စ နဲ့ ပတ်သက်ပြီး အိမ်နီးနားချင်း သိရှိသူတွေက ” ဒီဘက်က ပြုလုပ်ခံခဲ့ရသူက ဥပဒေအတိုင်း ရင်ဆိုင်လိုက်ပြီး ဥပဒေအရ ထောင် ၆လကျတာကို ဟိုဘက်ကဘယ်လိုမှမကျေနပ်နိုင်ဘဲ တချိန်လုံး နာမည်တပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်တွေဆဲ ခဲ့ရာကနေ နောက်ဆုံးအိမ်ပေါ်အထိ တက် ခုတ်သွားတာ။ ဒါမျိုးကိစ္စက ဘာမှမဟုတ်တဲ့ကိစ္စ ကျောင်းသားအရွယ်လေးတွေ ဆော့ရင်းပြုရင်းက အချင်းချင်း ဖြစ်ကြတာ ထုံးစံပါပဲ။

ဒါကိုလူကြီးတွေကဝင်မပါသင့်ပဲဝင်ပါ။ ဖြစ်လာတော့လည်း စိတ်မထိန်းဘဲ အကြံအစည်နဲ့ ငှက်ကြီးတောင်ယူပြီး သားအမိနှစ်ယောက်လုံးကို အ လုပ်တာ။ ဒီလိုလုပ်ရပ်ကို သေ ဒဏ် ပေးသင့်တာ အမှန်ပါပဲ ” လို့ ပြောခဲ့တာ တွေ့ရပါတယ်။



Leave a Reply