မန္တလေး ကျောက်ဝိုင်းတွင် မဘသ အမျိုးသားရေး အစွန်းရောက် ပေါက်သင်္ကန်းဝတ် တပည့်ရင်း ပျူစောထီး ဇင်မျိုးထက်(ခ) ဖိုးသားလေးနှင့်အဖွဲ့က ကျောက်ကုန်သည်တစ်ဦးကို ဓားထောက်လုယက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတွင် ကျောက်ကုန်သည်တစ်ဦးထံမှ ငွေသားနှင့် ကျောက် မျက်ရတနာများကို ဓားထောက်လုယက်ခဲ့သည့် ပျူစောထီး အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က ကျောက်ကုန်သည် ကိုထက်အောင်ကို အမျိုးသား ၂ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ ပခုံးဖက်ပြီး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုထက်အောင်ထံတွင် ပါရှိသည့် ငွေသားများနှင့် ကျောက်မျက်ရတနာများကို ဓားထောက် ၍ လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုယက်ခံရသည့် ကျောက်ကုန်သည် ကိုထက်အောင်၏ လွယ်အိတ်အတွင်းတွင် ကျောက်စိမ်းအချောထည် ၂ ပွင့်၊ ကျောက် စိမ်းဆွဲကြိုး ၂ ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ ၁ ကုံး၊ ချွမ်အမျိုးအစား လက်စွပ် ၂ ကွင်းနှင့် ကျောက်စိမ်းနားကပ် ၁ စုံတို့ ပါရှိပြီး စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ်သိန်း ၅၀၀ ခန့်ရှိကြောင်း သိရသည်။

ယင်းဓားထောက်လုယက်မှုအတွက် ဩဂုတ်လ ၁၈ ရက် ညပိုင်းတွင် နောက်ကွယ်မှ စေခိုင်းသူ ၂ ဦးကို စတင်ဖမ်းဆီးရမိခဲ့ပြီး ဩဂုတ်လ ၁၉ ရက်တွင် လုယက်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့သူ ၂ ဦးကို စစ်ကိုင်းမြို့တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ ဇင်မျိုးထက်(ခ) ဖိုးသားလေး၊ ဟန်လင်းထက်(ခ) ချစ်တီး၊ ဇွဲမင်းလတ်(ခ) ဇွဲမောင်မောင်နှင့် ကောင်းကျော်(ခ) သီဟတို့ဖြစ်ကြောင်း၊ အဆိုပါ ၄ ဦးကို မဟာအောင်မြေမြို့နယ်၊ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

လုယက်မှုကျူးလွန်သူများမှာ ပျူစောထီးများဖြစ်ပြီး ဇင်မျိုးထက်(ခ) ဖိုးသားလေးမှာ မဘသအမျိုးသားရေးအစွန်းရောက် ပေါက်သင်္ကန်းဝတ် တပည့်ရင်းတစ်ဦးဖြစ်သည်ဟု သိရှိရသည်။


Leave a Reply