မီနီအိုးဝေ မောင်းသူတွေကို တကျော့ ပြန် လိမ် မည့် ဘောပြား
🛺🛺🛺🛺🛺
41 အနောက်ကမ်းနားလမ်း မှာ ဂိတ်ဝင်တာ သုံးရက်ပဲရှိသေးတဲ့ အိုးဝေကို ဘောပြားငှားတယ် တစ်တော့မှာ တင်တာတွေ လည်း ကြည့်ပြီးလို့ အကျယ်မရေးတော့ပါဘူး

2019 နှစ်ကုန်ခါနီးလောက်က 35/53 ထောင့်နားမှာ အိုးဝေဂိတ်ရှိတယ် ဂိတ်လို့သာပြောရတာ သုံးစီးလောက်ပဲရှိတာပါ
🤔🤔🤔🤔🤔🤔
🛺🛺🛺
သူ့အမည်က ကိုတင်ငှေး ဘီးသစ်လေးဝယ်ပြီး 35/53 ထောင့်နားထိုးတယ်
🛺🛺🛺🛺🛺
အသက်က 50 နားကပ်ပြီး နယ်ကတက်လာသူလည်းဖြစ် လူရိုးလူအ လည်း ဖြစ်တယ်
တရက်မနက်ခင်းမှာပဲ ဘောပြားနှစ်ယောက် 53/35 ထနောင်းပင်နားလာပြီး ဘီးငှားတယ်
နေ့စဉ်ရက်ဆက် 5 ရက်လောက် ငှားတယ်
ကျသင့်ငွေထက် ငွေအပိုဆောင်းတွေ ပေး💵💵💶💶💶💶 ဖောက်သည် လုပ်လိုက်တယ်
ဘီးသစ် မောင်းတာ မကြာသေး ဖောက်သည်ကရ ငွေကပိုရဆိုတော့ လူရိုးကြီး ပျော်တာပေါ့
ငှားတာလည်း ဒီနေရာ သွားလည်ပတ်ပြီး ပြန်လာလည်း ဒီနေရာပဲ 35/53 ထောင့်ကို ပြောတာပါဗျ
🤔🤔🤔🤔🤔

တစ်ရက်
မွန်းလွဲပိုင်း 2 နာရီခွဲဖို့ 5 မိနစ်အလိုလောက်မှာ ဘောပြားမနှစ်ယောက်
ကိုတင်ငှေး ဘီးရှိရာရောက်လာပြီး မိတ္ထီလာ သွားမယ် ဆိုပြီး ငှားတယ်
🤔🤔🤔🤔🛺🛺🛺
အပြန်အဖော်မပါ တကိုယ်တည်း ဖြစ်မှာမို့ သူ့သားအကြီး ဝင်ခေါ်မယ်ဆိုတော့ ဘောပြားတွေက လက်မခံ
ဟင့်.……….
🙂↕️🙂↕️🙂↕️🙂↕️
ဟင့်…….…..
ကိုကြီးနဲ့ပဲ သွားချင်တာ မခေါ်ပါနဲ့ ဇွတ်ပြောလာတော့
ကဲ……
ဖောက်သည်တွေပဲ ပို့ပေးမယ်ဆိုပီုး မောင်းလိုက်တာ မိတ္ထီလာမြို့ ရောက်ပါပြီ
မန်းလေးကထွက်တာ သုံးနာရီ မထိုးခင် မိတ္ထီလာရောက်တော့ ည 8နာရီကျော်ပြီ
🤔🤔🤔🤔🛺🛺🛺
တည်းခိုခန်းတည်း ညအိပ် မနက်ထတော့ ဘီယာဆိုင်ထိုင် သောက်ကြစားကြ
လက်လွတ်စပယ် အိုးဝေသော့ကို အလွယ်တကူ စားပွဲပေါ်တင်ထားတော့
🧉🧉🧉🧉🧉🧉🧉
ဇိုးကနဲ ဇာတ်ကနဲ ဘောပြားမက အိုးးဝေသော့ယူပြီး ငွေသွားထုတ်မလို့ ဒီနားခဏနော်ဆိုပြီး ပြောပြာဆိုဆို သော့ယူသွားတယ်
ကျန်တယောက်က ဦးလေးသောက်စမ်းပါ ဆိုပြီး အာရုံလွဲတယ် သော့ယူတဲ့ ဘောပြား ဘီးပေါ်ရောက်တော့
ကျန်တယောက်က ဦးလေး ခဏ အပေါ့လေးသွားဦးမယ်ပြောပြီး စက်နိူးနေတဲ့ ဘီးပေါ်ပြေးတက်သွားတယ်
🏃♀️🏃♀️🏃♀️🏃♀️🛺🛺🛺🛺🤔

ဘီးက ပါသွားပြီ အိမ်မှာ သိမ်းရမယ့် ဘီး အုံနာဘုတ် စာရွက်တွေကလည်း ဘီးတူးဘောက်ထဲမှာ အဆင့်သင့်ထည့်ထားတယ်
သောက်စားထား ဘီယာဖိုးရှင်းပြီး ကိုတင်ငှေး တည်းခိုခန်းရောက် ဖြစ်ကြောင်းပြောပြတော့ သူရို့ ဘောပြား နှစ်ယောက်မှတ်ပုံတင် နံပတ်လေးစာရွက်လေးနဲ့ ကူးရေးပေးတယ်
🤔🤔🤔🛺🛺🛺
ကိုတင်ငှေးလည်း တည်းခိုခန်း အနီးနားက အိုးဝေဆရာတွေ ဆီ ဖြစ်ကြောင်းပြော အကူအညီတောင်းရလေတော့၏
မြို့ခံ အိုးဝေဆရာ ကူညီသောကြောင့် အပေါင်ဆိုင် ရောက် ဘီး 🛺🛺ပြန်တွေ့ပေမယ် ဘီးကယူမရ
🛺🛺🛺🛺🤔🤔🤔🤔
သိန်း 20 ဖြင့် ပေါင်သွားတယ် အိမ်မှာ သိမ်းထားရမယ့် အုံနာဘုတ်တွေလည်း
ဘီးထဲသိမ်းထားတာဆိုတော့ အုံနာဘုတ်ပြ ဘီးထား ပြီး အလွယ်တကူပဲ ပေါင်သွားတယ်
💶💶💶💶💶💶💵
မန်းလေး ဖုန်းဆက် အိုးဝေနှင့် မိတ္ထီလာ လိုက်လာဖို့ ငွေလည်း ယူခဲ့ဖို့ အိမ်ထောင်စု မှတ်ပုံတင် နောက်အိုးဝေမောင်းတတ်တဲ့ လူ ခေါ်ခဲ့ဖို့ ဖုန်းဆက်ပြောလိုက်ရတယ်
မန်းလေးက လူတွေ အပေါင်ဆိုင်ရောက် ကျသင့်ငွေ ရွေးယူတယ် ဘီးပိုင်ဆိုင်ကြောင်း အထောက်အထားတချို့ ပေးရတယ်
💵🛺🛺🛺🛺🛺🛺🛺
ဘီးလေးပြန်ရပြီ မန်းလေးပြန်မယ်ဆိုတော့ ကိုတင်ငှေး သူ့ဘီးသူ မမောင်းနိုင်လောက်အောင် စိတ်ဓာတ်ကျဆင်းနေပြီ လူပို ဘီးမောင်းတတ်သူက မောင်းပြီး မန်းလေးပြန်ခဲ့လိုက်တော့၏
အဲသည်ခေတ်က အိုးဝေဘီးတစီး သိန်း 60ကျော်ပဲ ရှိတာပါ ပြန်ရွေးယူရတဲ့ ငွေ သိန်း 20 ဆိုတာ အနည်းငယ်များပါတယ်
🛺🛺🛺🛺💵💵💵💵
သူ့ကို ကျနော် လူတွေ့ပြီး ဖြစ်ကြောင်းကုန်စင် မေးခဲ့ပါတယ် တည်းခိုခန်းက လိမ်တဲ့ ဘောပြားနှစ်ယောက်မှတ်ပုံတင် ရေးပေးတဲ့ စာရွက်လေးလည်း ထုတ်ပြတယ်
ပထမ လူ ယုံကြည်အောင် 5 ရက်လောက် ငှားတယ် ငွေပိုပေး ရင်းနှီးအောင်လုပ်တယ် ပိုင်လောက်ပြီ အချိန်လောက်မှ အဝေးမိတ္ထီလာ ခေါ်ပြီး လိမ်တယ် ခေါ်တဲ့အချိန်ကလည်း မွန်းလွဲနှစ်နာရီခွဲ ကျော်မှ ခေါ်တယ်
🤔🤔🤔🤔🤔
မန်းလေး မိတ္ထီလာ မိုင်ပေါင်း 80 ကျော် ဝေးပါတယ်ဗျ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလောက်အဝေးက မလိုက်သင့်ပါဘူး

လိမ်မယ့်သူကတော့ ကိုတင်ငှေး တောင်းတဲ့ ဈေး မဆစ်ပါဘူး ပိုလို့တောင် ပေးမယ်ဆိုပဲဗျ
အခုမှ သိရတဲ့ လူတွေ အဝေးခရီး ငှားလို့ ကြိုက်ဈေးပေးလည်း မလိုက်ကြပါနဲ့ ဘောပြားလည်း မလိုက်ကြပါနဲ့ လူကြည့်လိုက်ပါလို့ ပြောပါရစေဗျာ
မိသားစု ဝမ်းရေးအတွက် လမ်းမတွေတက် လုပ်ကိုင်စားသောက်နေရတဲ့ အိုးဝေဆရာများအားလုံး ဘေးကင်းကြပါစေ
ကိုမိုးအေး


Leave a Reply