📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အောင်လင်းဒွေးရဲ့တူ တို-င်းစ-စ်ဦးစီးချုပ် ဆိုတော့လဲ…

—

by

in

ကျားဖြန့်ကိစ္စနှင့် အဖမ်းခံလိုက်ရသည့် စစ်ဗိုလ်ချုပ်များထဲမှ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏တူဖြစ်သူ တိုင်းစစ်ဦးစီးချုပ်ကို စစ်ကောင်စီပြန်လွှတ်ပေး

တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့် ကျားဖြန့်ငွေလိမ် လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုကာ အဖမ်းခံလိုက်ရသည့် စစ်ဗိုလ်ချုပ်ကြီးများထဲမှ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ တူဖြစ်သူကို ပြီးခဲ့သည့် မတ် ၃ ရက်နေ့က ၎င်းတာဝန်ထမ်းဆောင်ရာ တန့်ယန်းသို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားပြီးနောက် စစ်ကောင်စီသည် တန့်ယန်းမြို့တွင် ရမခ စစ်ရုံးဖွင့်လှစ်ခဲ့ကာ ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို ရမခ တိုင်းစစ်ဦးစီးချုပ်အဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

“တိုင်းဌာနမှာ အရာရှိနှစ်ယောက်လုံး လစ်လပ်သွားလို့ စစ်ဦးစီးချုပ်ကို ပြန်ပို့တယ်ဆိုပြီး သတင်းလွှင့်ထားတယ်။ အဓိကတော့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ တူဖြစ်နေလို့ ပြန်လွှတ်တာထင်ပါတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

ကျားဖြန့် ငွေလိမ်လည်ဂိုဏ်းများတွင် ပါဝင်ပတ်သက်နေသည့်အပြင် လာဘ်စားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည့် အတွက် ရမခတိုင်းမှူးအပါအဝင် စစ်ဗျူဟာမှူးတိုင်စစ်ဦးစီးချုပ်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်က ကျင်းပသည့် ဗထူးတပ်နယ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအပြီးတွင် စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ရမခတိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ တန့်ယန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ မိုင်းရယ်စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး မြတ်မော်အောင်တို့ကို စစ်ကောင်စီက နေပြည်တော်တွင် ဖမ်းဆီးထိန်း သိမ်းထားခြင်းဖြစ် ကြောင်း သိရသည်။

၎င်းတို့ထဲမှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုမူပြန်လည်လွှတ်ပေးခဲ့ပြီး မူလရာထူးနှင့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီသည် တရုတ်အစိုးရ၏ တောင်းဆိုမှုများနှင့် တိုက်ရိုက်တိုင်ကြားမှုများကြောင့် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် စစ်အရာရှိများကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေပြီး ဆက်လက်အရေး ယူမှုများလည်း ရှိနေကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်