PDF ကိုကြောက်သဖြင့် မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်ပိုင် ကေတီဗီဆိုင်ပတ်လည်တွင် သေနတ်ကိုင် ကင်းများချထား

PDF က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားသော မြင်းခြံပျူစောထီးခေါင်းဆောင် သီတာယုမွန်ပိုင် ကေတီဗီဆိုင် ပတ်လည်တွင် သေနတ်ကိုင် ကင်းများချထားကြောင်း သိရသည်။

မန္တလေးတိုင်း၊မြင်းခြံမြို့၊၁၉ရပ်ကွက်၊မြင်းခြံ-ညောင်ဦးလမ်းဆုံရှိ စွန်းလွန်းပန်းခြံနေရာ၌ ပျူစောထီးမ သီတာယုမွန် ဖွင့်လှစ်ထားသည့် Black&White ကေတီဗီနှင့်စားသောက်ဆိုင်ကို PDF တို့ လာရောက် တိုက်ခိုက်မည်စိုးသဖြင့်
ယင်းဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ NLDရုံးအပေါ်ထပ်တွင် စနိုက်ပါကိုင်ထား သည့် ပျူစောထီး၂ဦး၊ ဇီးခွဲစက်နှင့် ပဲရစ်ဟိုတယ်တွင် ကင်းပုန်းနှင့် ယင်းဆိုင်အနီးရှိ မန်ကျည်းပင် ပေါ်၌လည်း လင့်စင်ထိုးကာ ကင်းချထားကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Myingyan News က သတင်းထုတ်ပြန်ထားသည်။
“ဇီးခွဲစက်ဆိုတာက ကီးဘုတ်မ(သီတာယုမွန်)ဆိုင်ရဲ့ နောက်ကျော ပုဂံ-ညောင်ဦး လမ်းပေါ်မှာ။ ပဲ ရစ် ဟိုတယ်ဆိုတာ သူ့ဆိုင်ရဲ့ မြောက်ဘက်။မန်ကျည်းပင်ကလည်း ပဲရစ်ဟိုတယ်နားမှာပဲ။ PDF လုပ်မှာ ကြောက်ချေးပန်းနေတာ”ဟု မြင်းခြံမြို့ သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ကားအဖြူတစ်စီးဖြင့် ဆိုင်ပတ်ဝန်းကျင်ကို ပုံမှန်ကင်းပတ်နေကြောင်းလည်း Myingyan News က ဆိုသည်။
“ကင်းတွေအကုန်လုံးက ပျူစောထီးတွေပဲ။ ကီးဘုတ်မဆိုင်ရဲ့ စားပွဲထိုးတွေကလည်း ပျူစောထီးမ တွေပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
သီတာယုမွန်ဆိုင်သို့ ဒေသခံပြည်သူများက လာရောက်ခြင်းမရှိသော်လည်း ညဦးပိုင်းအချိန်၌ သီတာ ယုမွန်ကို လိုင်းကြေးပေးထားရသည့် လောင်းကစားဒိုင်များ လာရောက်မှုရှိကြောင်း သိရသည်။

“ကီးဘုတ်မနဲ့ မကင်းရာမကင်းကြောင်းတွေပဲ လာတယ်။ ကျန်တာကတော့ ဘယ်သူမှ မလာဘူး”ဟု ၎င်းက ဆိုသည်။
ဇူလိုင်၂၆ရက်ညတွင် မြင်းခြံမြို့၊၁၉ရပ်ကွက်၊ စွန်းလွန်းပန်းခြံနေရာ၌ ကေတီဗီနှင့်စားသောက်ဆိုင်ကို သီတာယုမွန်က ဌားရမ်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး PDF တို့က အချိန်မရွေး တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။


Leave a Reply