ရွှေကူတက်လာတဲ့ခေါင်းစိမ်းတွေ D.B တောင် ပြန်မရဘူးနော်

ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာအနီး စစ်တပ်စက်လှေကို FPV ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား

အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်များက ပိတ်ဆို့ချေမှုန်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာတွင် ကမ်းကပ်လာသော စစ်တပ်စက်လှေကို FPV ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သံခွန်များဖြင့် စစ်သားများကို ရွှေ့ပြောင်းသယ်ယူလာနေစဉ် FPV ဒရုန်းနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စက်လှေပေါ်ပါ စစ်သားများသေဆုံးပြီး စက်လှေမှာလည်း မီးလောင်နစ်မြုပ်သွားကြောင်း သိရှိရသည်။

“လူတွေသယ် ကမ်းကပ်နေတဲ့ စက်လှေကို FPV ဒရုန်းနဲ့တိုက်ခိုက်တာပါ။ အဲဒီခွေးတွေက ဖလပ်သင်္ဘောတွေ စက်လှေတွေနဲ့ အပြောင်းအရွေ့သယ်နေချိန် KIAပူးပေါင်းတပ်တွေ ဒရုန်းကြီးနဲ့ရော Suicide နဲ့ပါတိုက်ခိုက်ခဲ့တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် ယမန်နေ့ ရွှေကူရှေ့တန်းစစ်မြေပြင်တွင် စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါစစ်တပ်စစ်ကြောင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများနှင့် အလောင်းများ၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

ထို့အတူ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စု ဒရုန်းများဖြင့် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် သေဆုံးမှုများရှိနေကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက်အစောပိုင်း မှ စတင်၍ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော ၂ စီး၊ ဖလပ် ၄ စီးနှင့် တွဲတွန်းသင်္ဘော ၉ စီး စုစုပေါင်း သင်္ဘော ၁၅ စီး ထွက်ခွာလာပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘော ၁၅ စီးပါ စစ်ရေယာဉ်စုအနက် သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက FPV ဒရုန်းဖြင့် ဩဂုတ်လ ၂၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုကို ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်သင်္ဘော ၁ စီး မီးလောင်သွားသည့် အပြင် သင်္ဘောပေါ်တွင် ပါလာသည့် တပ်မ ၉၉ မှ အရာရှိတချို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖျက်ဆီးခံလိုက်ရတဲ့ စစ်ခွေးသင်္ဘောပေါ်မှာ တပ်မ ၉၉ က အရာရှိတွေ ပါလာတယ်။ FPV နဲ့ တိုက်ခိုက်ခံရချိန် အဲ့ အရာရှိတွေလည်းသေဆုံးတယ်လို့ သိရတယ်။ မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းတက် သင်္ဘောတွေမှာ တိုက်ခိုက်ယာဉ် ၂ စီး ၊ ကမ်းထိုးယာဉ် ၄ စီး ၊ လက်နက်ခဲယမ်းတွေ အပြင်ကို ခွေးအင်အား တော်တော်များများပါတယ်။ ဒရုန်းတိုက်ခိုက်ခံရမှု အတွင်းမှာ သင်္ဘော ၁ စီးပျက်စီးသွားလို့ အကောင်းပကတိ ၁၄ စီးပဲကျန်တော့တယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်သင်္ဘော အုပ်စုသည် လက်ရှိတွင် ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီ ကသာမြို့နယ်အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကသာမြို့နယ်အတွင်း စစ်သင်္ဘောများ ဝင်ရောက်လာပါက ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခြင်းများကြောင့် မြစ် ကမ်းဘေးနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်များမှ ကင်းဝေးစေရန် ပေါ့ဆမှုမပြုလုပ်ဘဲ ဘေးလွတ်ရာသို့ အမြန်ဆုံး ရှောင်ရှားကြရန် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်