တောင်ငူ ဘိုးဘွားရိပ်သာစေတီမှာပူဇော်ထားတဲ့ ကြေးရုပ်ပွားတော်ဆီက လက်လေးဖက်ဖြတ်ခိုးတဲ့ အသက် (၁၃) နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

တောင်ငူမြို့၊ ဘိုးဘွားရိပ်သာစေတီအတွင်းရှိ ကြေးဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော် ၄ ဖက် ဖြတ်ယူခိုးယူခဲ့သည်ဟုဆိုသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့နယ် ဆေးရုံနောက်ကျော ကျုံးပတ်လမ်း၌ မောင်ဇင်မင်းထက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူပါရှိသည့် အိတ်အမည်းတစ်လုံးအတွင်းမှ ပျောက်ဆုံးနေသည့် ကြေးဗုဒ္ဓရုပ်ပွားတော် လက်တော် ၄ ဖက်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မောင်ဇင်မင်းထက်ကို တောင်ငူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉ နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။



Leave a Reply