📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သင်္ဘောနှင့် စက်လှေတွေ ဒွမ်ထားမှု နောက်ဆက်တွဲတွေ လာပြီ

ရွှေကူနှင့် ကသာတို့တွင် ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောနှင့် စက်လှေများ တိုက်ခိုက်ခံရပြီး စက်လှေ ၁ စီး နစ်မြုပ်၊ ရွှေကူရှိ စစ်ကြောင်းလည်း ပိတ်ဆို့ခံထားရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရ စစ်တပ် စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ မြေပြင်စစ်ကြောင်းများဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စက်လှေ တစ် စီး မီးလောင်နစ်မြုပ်သွားကြောင်း မြေပြင်သတင်းရင်း မြစ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သင်္ဘောများဖြင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းသယ်ယူလာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက FPV ဒရုန်းများ၊ အသေခံဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းမှူးပါတဲ့ စက်လှေ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ အသေအပျောက် များတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ ဩဂုတ် ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း ကမ်းကပ်လာသော စစ်တပ်စက်လှေ တစ်စီးမှာ FPV ဒရုန်း ထိမှန်ဖောက်ခွဲခံရပြီး မီးလောင်နစ်မြုပ်သွားခဲ့သည်။ ထို့ပြင် စက်လှေပေါ်ပါ စစ်တပ် တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ပြီး မြေပြင်တွင်လည်း ရွှေကူသို့ ဝင်လာသည့် စစ်တပ် စစ်ကြောင်းများ ပိတ်ဆို့ချေမှုန်းခံနေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောများသည် ယနေ့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်၍ မကြာမီတွင် ကသာမြို့နယ်အတွင်းသို့ ဝင်ရောက် လာမည်ဖြစ်သည်။

စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်စဉ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည့်အပြင် အရပ်သားပြည်သူများနှင့် ဘာသာရေး အဆောက်အအုံများကိုပါ တိုက်ခိုက် လေ့ရှိသည်။

ထို့ကြောင့် ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြစ်ကမ်းဘေးရှိ မိဘပြည်သူများအနေဖြင့် လက်နက်ကြီး အန္တရာယ်နှင့် လေကြောင်းအန္တရာယ်တို့မှ လွတ်ကင်းစေရန် အမြန်ဆုံး ကြိုတင် ရှောင်ရှားကြရန်နှင့် ပေါ့ဆ မှုမရှိဘဲ အထူးဂရုပြု နေထိုင်ရန် သတိပေးနှိုးဆော်ထားသည်။

ရွှေကူတွင် စစ်သားများကို ဒရုန်းဖြင့် သေတွင်းပို့ခဲ့သော KPDF အား ချီးကျူး

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်အတွင်း စစ်သားအများအပြားကို ဒရုန်းနှင့် ချေမှုန်းနိုင်ခဲ့သော KPDF FPV ဒရုန်းအဖွဲ့၏ ပြင်ဆင်ထားမှုမှာ လေးစားအားကျဖွယ်ကောင်းကြောင်း စစ်လက်နက်နှင့် တိုက်ခိုက်ရေးဆိုင်ရာ သုံးသပ်ချက်များ ဖော်ပြနေသည့် Tactical Raptor က ချီးကျူးလိုက်သည်။

“ဒရုန်းပျံပြီး ဝင်တိုက်တယ်ဆိုတာ ဗီဒီယိုကြည့်တာ လွယ်သယောင်ရှိပေမယ့် ပစ်မှတ်ကို ကြိုတင် ထောက်လှမ်းရတယ်။ ဒရုန်းတွေကို ဘတ္ထရီ၊ ထိပ်ဖူးတွေတပ်ဆင်ပြီး set up လုပ်ရတယ်။ ပျံ သန်း ချိန်ကိုလည်း ထည့်တွက်ရတယ်။ ဒီလို အဆင့်ဆင့်လုပ်ဆောင်ပြီးမှ တိုက်ခိုက်မှု ဖော်ဆောင် နိုင်မှာ ပါ”ဟု Tactical Raptor ကဆိုသည်။

ရွှေကူမြို့နယ်၊ဇင်ဘုံရွာသို့ ကမ်းကပ်လာသည့် စစ်သားတင်စက်လှေများကို ဩဂုတ်၂၄ရက် ညနေ၌ ကေအိုင်အေပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်တည့်တည့်သို့ ထိမှန်ခဲ့ကြောင်း ရုပ်သံ မှတ်တမ်းများအရ သိရသည်။

စက်လှေပေါ်က စစ်သားများသည် ဒရုန်းအန္တရာယ်ကို လုံးဝမျှော်လင့်ထားပုံမရဘဲ အခန့်သား အေး ဆေးထိုင်နေကြောင်း Tactical Raptor က ဖော်ပြသည်။

“ပတ်ဝန်းကျင်ကို စောင့်ကြည့်နေမယ့်သူ မရှိဘူး။ ဒရုန်းအန္တရာယ်ကြုံလာရင် ချက်ချင်း engage လုပ်နိုင်မယ့်သူ ရှိမနေခဲ့ဘူး။ Completely off guard ပါပဲ။ စက်လှေရဲ့ အင်ဂျင်သံနဲ့ဆိုတော့ ဒရုန်းလာတဲ့ အသံကိုတောင် ကြားလိုက်မယ် မထင်ဘူး”ဟု Tactical Raptor က ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်သားမည်မျှ သေဆုံးသလဲဆိုသည်ကို မသိရသေးပေ။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်