📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တစ်သိန်းလောက်ရှိပြီဖြစ်သော ရ-ခ များ အမေနဲ့ရွာကိုလွမ်းပြီ

ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲမေသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် ထောင်ချမည်ဟု ခြိမ်းခြောက်သဖြင့် ရဲထဲဝင်ခဲ့ရသောအမျိုးသမီး အများအပြားရှိ

၁ နှစ်အတွင်း ရဲအင်အား ၉,၅၉၆ ဦး ပြုန်းတီးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အလုပ်ရမည်ဟု လိမ်ခေါ်ခြင်းနှင့် အမှုဆင်ဖမ်းဆီးခြင်းများဖြင့် လူငယ်များကို ရဲထဲသို့ ပေါ်တာဆွဲပို့ဆောင်

ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ရဲတပ်သားသစ်များအဖြစ် အမျိုးသမီးများကိုပါ ဦးတည် ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရဲသင်တန်းကျောင်းသို့ အတင်းအကျပ် ပို့ဆောင်ခံရသော ရဲတပ်သားသစ်အမျိုးသမီးများ၏ မိဘများက ပြောဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ကျော်ကာလအတွင်း ရဲတပ် ဖွဲ့ ဝင် ၉,၅၉၆ ဦးအထိ အင်အားပြုန်းတီးခဲ့ပြီး ယင်းအင်အားလျော့နည်းမှုကို ပြန် လည်ဖြည့်တင်းနိုင်ရန် နိုင်ငံတစ်ဝန်းတွင် နည်းလမ်းမျိုးစုံအသုံးပြု၍ ရဲတပ်သားသစ်များ အလျင်အမြန် စုဆောင်းနေကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။

လက်ရှိ ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု ပြောဆို၍ ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခြင်း၊ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း ကြိုတင်အသိမပေးဘဲ အလုပ်အကိုင်လျှောက်ထားသူများကို စုဆောင်းရေးစခန်းသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း သိရှိစေခြင်းနှင့် မူးယစ်ဆေးဝါး၊ ခိုးမှု၊ လုယက်မှု စသည့် အမှုများဖြင့် ခြိမ်း ခြောက်ကာ ရဲတပ်ဖွဲ့ထဲ ဝင်ရောက်စေခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လျှို့ဝှက် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် မေလအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အားပြုန်းတီးမှုမှာ စုစုပေါင်း ၉,၅၉၆ ဦး ရှိပြီး ရဲပြေး ၅,၆၄၀ ဦး၊ ထုတ်ပယ်ခံရသူ ၆၉၅ ဦး၊ နုတ်ထွက်သူ ၁၇၃ ဦး၊ အငြိမ်းစားယူသူ ၅၂၁ ဦး၊ သေဆုံးသူ ၁,၁၀၉ ဦး၊ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသူ ၁,၁၈၀ ဦးနှင့် ဌာနကူးပြောင်းသူ ၈ ဦး ပါဝင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် လိမ်လည်စုဆောင်းခံခဲ့ရသည့် ရဲတပ်သားသစ်တစ်ဦး၏ ပြောဆိုချက်အရ ၎င်းအနေဖြင့် မိမိလျှောက်ထားသည့်အလုပ်မှာ ရဲတပ်ဖွဲ့ဖြစ်ကြောင်း မသိရှိဘဲ အလုပ်အကိုင်ရရှိမည်ဟု ယုံကြည်၍ လျှောက်ထားခဲ့ရပြီး စုဆောင်းရေးနေရာသို့ ရောက်ရှိမှသာ ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

“ရဲအလုပ်မှန်းမသိဘဲ အလုပ်လုပ်ရမယ်ဆိုလို့ လုပ်မယ်ဆိုပြီး အလုပ်လျှောက်တာ။ စုဆောင်းရေးရောက်မှ သိတာ။ အလုပ်သစ်ဆိုပြီး လက်မှတ်က ထိုးပြီးပြီလေ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နယ်မြေရဲတပ်ဖွဲ့များအပြင် ယာဉ်ထိန်းရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲ၊ ရထားရဲ၊ လေကြောင်းရဲ စသည့် တပ်ဖွဲ့ခွဲများ အများအပြားရှိပြီး ရဲတပ်သားသစ်များကို သက်ဆိုင်ရာတပ်ဖွဲ့များအတွက် ခွဲဝေစုဆောင်းနေကြောင်း သိရသည်။

ရဲတပ်သားသစ် စုဆောင်းခံနေရသူများအနက် အများစုမှာ ရဲတပ်ဖွဲ့အတွင်း ဆက်လက်တာဝန် ထမ်းဆောင်လိုခြင်းမရှိဘဲ အခွင့်အရေးရရှိပါက ထွက်ပြေးလိုသူများ ဖြစ်ကြောင်း အဆိုပါ ရဲတပ်သားသစ်က ဆက်လက်ပြောသည်။

“ စုဆောင်းရေးစရောက်ကတည်းက ပထမ မိဘအားနာတယ်။ ဒုတိယက ကိုယ် စိတ်ရှိတိုင်းလုပ်ရင် မိဘက အားကိုးစရာ ကိုယ်ပဲရှိတာ။ အပြင်ထွက်ရင် ဘာလုပ်မလဲ အမြဲတွေးတယ်။ လိမ်ခေါ်သွားတဲ့ ရဲတွေကို ပိုမုန်းတီးလာတာပဲရှိပါတယ်” ဟု ၎င်းက ပြောသည်။

သင်တန်းတက်နေစဉ်အတွင်းလည်း စိတ်မပါဘဲ ပေါ်တာဆွဲခံရ၍ ရဲတပ်ဖွဲ့အတွင်း ရောက်ရှိလာသူ များ အများအပြားရှိကြောင်း၊ အချို့မှာ နေသားကျအောင် နေထိုင်နေကြသော်လည်း အချို့မှာ ထွက်ပြေးလိုကြသော်လည်း မိဘများကို ပြန်မတွေ့နိုင်တော့အောင် စွန့်ခွာရမည်ကို စိုးရိမ်သဖြင့် ဆက်လက်နေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။

“ကိုယ်လိုလူက အများကြီးပါ။ တချို့က နေသားကျအောင် နေလိုက်တယ်။ တချို့က ထွက်ချင်ပေမယ့် ပြေးလည်း မိဘဆီ ပြန်မရတော့လို့ မလွတ်နိုင်ဘူးဆိုပြီး နေသလိုနေလိုက်တာ။ အတော်များများက ထွက်ချင်ကြသူချည်းပါ” ဟု ၎င်းက ပြောသည်။

ရဲတပ်သားသစ် စုဆောင်းရာတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခေါ်ယူခြင်းအပြင် ကွန်ပျူတာစာရိုက်ရမည်၊ ရုံးလုပ်ငန်းသာ လုပ်ရမည်၊ သင်တန်းတက်ရုံသာဖြစ်သည်ဟု ပြောဆိုကာ စုဆောင်းခြင်းများလည်း ရှိကြောင်း သိရသည်။

“ရဲတပ်သားသစ်အရောင်းအဝယ် ဈေးကွက်တစ်ခုလို ဖြစ်တယ်။ အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားပြီး အလုပ်လုပ်ရမယ်၊ သင်တန်းတက်ရမယ်ဆိုပြီး လိမ်ခေါ်တာ။ လှိုင်သာယာက အထည်ချုပ် ညီမလေးတွေကို ကွန်ပျူတာနှိပ်ရမယ်၊ ဘာမှလုပ်ရမှာမဟုတ်ဘူးဆိုပြီး လိမ်ခေါ်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်ရန် ငြင်းဆန်သူများကို ပြည့်တန်ဆာမှု ၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ လုယက်မှု၊ စသည့် အမှုများဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ရဲတပ်ဖွဲ့ထဲသို့ ဝင်ရောက်စေခြင်းများလည်း ရှိနေကြောင်း သိရသည်။

“ဆေးမှု၊ ခိုးမှု၊ လုမှု ဘာညာဆို နည်းနည်းပါးပါး ဖြဲခြောက်ပြီး ရဲထဲဝင်မလား၊ ထောင်ထဲဝင်မလားဆိုပြီး အကုန်ထည့်တာ။ ထင်တာထက် ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်” ဟု အခြားရဲတပ်သားသစ်အမျိုးသမီးက ပြောဆိုသည်။

တစ်ဖက်တွင် စစ်အုပ်စုက ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ရန် ရည်မှန်းချက်ထားရှိပြီး ရဲအင်အား မည်မျှပြုန်းတီးနေပါစေ ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသော်လည်း အတင်း အကျပ် စုဆောင်းခြင်းဖြစ်သည့်အတွက် ရေရှည်တွင် အင်အားတည်ငြိမ်ရန် ခက်ခဲနိုင်ကြောင်း ရဲတပ်ဖွဲ့အတွင်းမှ အချက် အလက် များအရ သိရသည်။

ရဲတပ်သားသစ်များအနေဖြင့် စုဆောင်းခံရပြီးနောက် ထွက်ပြေးရန် စိတ်ကူးရှိသူများ များ ပြားသော် လည်း မိသားစုအခြေအနေများကြောင့် ချက်ချင်းထွက်ပြေးရန် မလွယ်ကူကြောင်း သိရသည်။

“အခွင့်ကြုံရင် ပြေးကြမယ့်သူတွေ များပါတယ်။ မိသားစုအရေး ပြန်ကြည့်ကြလို့ ပြေးပြီးလည်း မိဘကို ပြန်ကြည့်ဖို့ မလွယ်ဘူး။ လူလည်း လူယုံလို့ အရောင်းစားခံရပြီ။ တောထဲပြေးတော့လည်း ကိုယ့်ကို ဘယ်လိုအကြည့်ကြည့်ကြမှာလဲ၊ ဘယ်လိုဆက်ဆံမှာလဲဆိုတာ စိတ်ပူတယ်” ဟု ၎င်းက ပြော သည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူများအနေဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန်လည်း ပိုမိုခက်ခဲလာကြောင်း ၊အထူးသဖြင့် Passport လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်းများကို ကန့်သတ်ပိတ်ပင်ထားသည့်အတွက် နိုင်ငံခြားထွက်ရန် ပိုမိုခက်ခဲနေပြီး Passport ရရန်လည်း အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။

“နိုင်ငံခြားပြေးလည်း တရားမ၀င်လမ်းကြောင်းက အဆင်မပြေဘူး။ PSMS စနစ်နဲ့ ဂိတ်တွေမှာ စစ်နေတာ မလွတ်ဘူး။ ရဲပြေး စစ်ပြေး အကုန်ပြန်မိတာ” ဟု ၎င်းက ပြောသည်။



လက်ရှိတွင် ရဲတပ်ဖွဲ့အတွင်း အင်အားပြုန်းတီးမှုများ ဆက်လက်ရှိနေသည့်အပြင် အဆိုပါအင်အားကို ပြန်လည်ဖြည့်တင်းရန် အလုပ်အကိုင်အခွင့်အလမ်းအဖြစ် လိမ်လည်ခေါ်ယူခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အမှုဆင်အရေးယူမည်ဟု ဖိအားပေးခြင်းများဖြင့် လူငယ်အမျိုး သား၊ အမျိုးသမီးများကို ရဲတပ်သားသစ်များအဖြစ် စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်