📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင်

ရန်ကုန်မှ Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲများကို စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင် ဦးဆောင်ကျင်းပနေမှု တော်လှန်ရေးအင်အားစုများ သတိပေး

ရန်ကုန်မြို့၊ ရွှေသံလွင်ကုမ္ပဏီပိုင် ရွှေထွဋ်တင်ဝင်း အတွင်း ပြုလုပ်ခဲ့သည့် Hip Hop ၂၅ နှစ်ပြည့်ပွဲ အပါအဝင် Hip Hop ဂီတဖျော်ဖြေပွဲများစွာကို စစ်ကောင်စီ တွဲဘက်အတွင်း ရေးမှူး ၊ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ သား ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်နေကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့ အထိ ပြုလုပ်ကျင်းပခဲ့သည့် မြန်မာ Hip Hip 25 နှစ်ပြည့် ပွဲဖြစ်သည့် Noid Music Festival စီစဉ်သူများတွင် အကြမ်းဖက်စစ်တပ်၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ၏ သား ထက်ရဲနောင် ပါဝင်ကြောင်း ၊ အဆိုပါပွဲကို ထက်ရဲနောင်မှတဆင့် စစ်ကောင်စီ၏ သွယ်ဝိုက်ပံ့ပိုးမှု၊ အကာကွယ်ပေးမှုတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပွဲတွင် ဦးဆောင်ပါဝင်သူ ထက်ရဲအောင်၏ ဖခင် စရဖအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ပြည်သူလူထုနှင့် တော်လှန် ရေးသမားများကို နေ့စဉ်ဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ တော် လှန်ရေး ကွန်ရက်များသို့ ထိုးဖောက်ဝင်ရောက်ခြင်း အစရှိသည့် အလုပ်များကို ဦးစီးလုပ်ကိုင် ဆောင်ရွက်နေသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်အာဏာသိမ်းသည့် အချိန်မှစတင်၍ အာဏာသိမ်းမှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသော စစ်တပ်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များတွင် ပါဝင်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် ပြည်သူကို မတရားသတ်ဖြတ်ရာတွင် အဓိက ကြိုးကိုင် တာဝန်ရှိသူဖြစ်သည်။

ရဲဝင်းဦး၏ သား ထက်ရဲနောင်သည် လက်ရှိ မြန်မာပြည်မှ Rapper များစွာကို ထောက်ပံ့ ပံ့ပိုးထားပြီး စစ်ကောင်စီအလိုကျ ပွဲများ ဖြစ်မြောက်အောင် ဦးဆောင်စီစဉ်ကျင်းပလျက်ရှိပြီး မြန်မာပြည်၏ Hip Hop ကို ပြန်လည်အသက်ဝင်လာအောင် ကြိုးပမ်းနေသူဖြစ်သည်။

ထက်ရဲနောင်သည် IAMHIPHOP၊ After past record label နှင့် မြန်မာ Music producer ပြိုင်ပွဲဖြစ်သည့် Beatz Bangaz ကိုလည်း နောက်ကွယ်မှ ပံ့ပိုးပေးနေသူ ဖြစ်သည်။

စစ်ကောင်စီက မြန်မာပြည်သူလူထုကို ဆက်လက် ဖိနှိပ် အကြမ်းဖက် အုပ်ချုပ်နိုင်ရန်နှင့် ဝါဒမှိုင်းတိုက်ရန် အနုပညာရှင်များကို ခေတ်အဆက်ဆက် အသုံးချလာခဲ့သည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်သည်။

တော်လှန်ရေးအင်အားစုများက စရဖ အရာရှိချုပ် ရဲဝင်းဦး၏သား ပါဝင်ပတ်သက်နေသော Hip Hop ပွဲများနှင့် ဂီတဖျော်ဖြေပွဲများ အပေါ် ကန့်ကွက်ရှုတ်ချပြီး ၎င်း နှင့်ပတ်သက်ဆက်စပ်မှုများ လုပ်ဆောင်ခြင်းမှ ရပ်တန့်ရန် သတိပေးထားသည်။

စရဖ အရာရှိချုပ် ရဲဝင်းဦးတွင် သမီးသိမ့်သဉ္ဇာရဲ နှင့် သားဖြစ်သူ ထက်ရဲနောင် ဆိုသည့် သားသမီး ၂ ဦးရှိပြီး သမီးဖြစ်သူ သိမ့်သဉ္ဇာရဲမှာ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး၏သားဖြစ်သူနှင့် လက်ထပ်ထားသဖြင့် ရဲဝင်းဦးနှင့် မောင်မောင်အေးတို့မှာ ခမည်းခမက်လည်း တော်စပ်ကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်