AA မင်းတုန်းနယ်ထိ တက်ဖြုတ်နေပြီ

မင်းတုန်း သဖန်ရောင်ကျေးရွာအနီးရှိ စစ်တပ်ခန်းများတိုက်ခိုက်ခံရ

မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်တွင် တပ်စွဲနေရာယူထားသော အာဏာသိမ်းစစ်တပ်၏စခန်းများကို အခုရက်ပိုင်းအတွင်းအာရက္ခတပ်တော် ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

“သြဂုတ် ၂၄ ရက်နေ့က ဒရုန်းလက်နက်ကြီးတွေနဲ့ သူတို့စခန်းချထားတဲ့ နေရာတွေကို တိုက်ခိုက်တယ်။ စကစဖက်က အထိအခိုက်ကျဆုံးတွေရှိတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

အာရက္ခပြည်သို့ ထိုးစစ်ဆင်ရန်တက်လာသောစစ်ကြောင်းနှင့် ရိုးထက်ပေါ်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်အကျဆုံးများပြီး နောက်ဆုတ်သွားခဲ့ရကာ မင်းတုန်းမြို့နယ် သဖန်ရောင်၊ဝက်ကော်၊ပြောင်ရွာတို့ပတ်ဝန်းကျင်တွင် တပ်စွဲနေရာယူထားစဉ် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ယခုလိုအာဏာသိမ်းစစ်တပ်က တပ်စွဲထားသည့်အတွက် သဖန်ရောင်၊ ဝက်ကော်၊ ပြောင် စသည့်ကျေးရွာအပါ တခြားကျေးရွာများကပါ စစ်ရှောင်နေရသည်ဟု ၎င်းက ပြောဆိုသည်။

အာရက္ခတပ်တော်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား အမ်းမြို့နယ်၊ တလိုင်းတောင်နှင့် မင်းတုန်း မြို့နယ်၊ သဖန်ရောင် ရိုးတောင်ကျော်လမ်းတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ဒေသခံကုန်သည်များနှင့် ခရီးသွားများအသွားအလာဆင်ခြင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက်တွန်းထားသည်ဟုလည်း သိရသည်။

“အခုက စကစဟာ အင်အားသုံးထိုးစစ်ဝင်နေတယ်။ အဲဒီလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာတွေရှိတယ်။ နောက်ပြီးစကစဟာ လူသိတဲ့လမ်းမဟုတ်ဘဲ တခြားဖက်တွေကလည်းရိုးထက်ဖောက်တက်နေတယ်။ ခရီးသွားတွေကအသွားအလာဆင်ခြင်ဖို့လိုတယ်”ဟု ပြောသည်။

သဖန်ရောင်နှင့် တလိုင်းတောင်ကျော်လမ်းကို စစ်ကြောင်းထိုးလာသည့်အတွက် အာဏာသိမ်းစစ်တပ်လေကြောင်းမှ ကင်းထောက်ပြီး ဂျက်လေယာဉ်၊ Y12 များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလည်းရှိနေသည်ဟု ဒေသခံစစ်ရေးနီးစပ်သူများထံကသိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်