ဆောနယ်က ဘတ်ဘတ်ကြီးတို့ အလှူတော်

ဆောမြို့နယ်တွင် စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း အထိနာ၍ တပ်ဖွဲ့စည်းပုံပျက်ကာ တပ်လန်နေ

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်း အင်အားအများအပြား အသုံးပြု၍ စစ်ကြောင်းထိုးလျက်ရှိသော်လည်း ထိခိုက်အထိနာမှုများပြားကာ တပ်ဖွဲ့စည်းပုံ ပျက်စီးပြီး တပ်လန်နေကြောင်း ယောဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် မေလ ၁၅ ရက်နေ့မှစတင်ကာ ခြေလျင်အင်အား ၃,၀၀၀ ခန့်ဖြင့် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုး၍ ဆော-လောင်းရှည်၊ ကျောက်ထု-မင်းတပ်၊ ဆော-ကန်ပက်လက်၊ ဆော-ကျောက်ထု၊ တပြင်း-ကျောက်ထုနှင့် ကျောက်ထု-ထီးလင်း လမ်းပိုင်းများအား စိုးမိုးရန် ကြိုးပမ်းခဲ့သော်လည်း ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်သည်အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ယောဒေသ သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲက ကြီးရွာ၊ ဆောနဲ့ ကျောက်ထုမြို့ဘက် နေရာ ၃ ခုမှာ နေ့တိုင်း ရှိတယ်။ ကြီးရွာဘက်က စစ်ကောင်စီတပ်တွေ ရွာထဲ ပြန်ဝင်နေကြလို့ တိုက်ပွဲမဖြစ်ဘူး။ ဆောဘက်ကတော့ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်တာရှိတယ်။ ကျောက်ထုဘက်ကလည်း စစ်တပ်ထွက်လာရင် ဖြစ်တယ်။ မထွက်ရင် မဖြစ်ဘူး။ အဓိကကတော့ သူတို့ကို အမှည့်ခြွေတဲ့ သဘောနဲ့ ချုံခိုတိုက်ခိုက်တာတွေ မကြာခဏ ရှိတယ်။ လေကြောင်းကတော့ နေ့တိုင်း လာကျဲနေတယ်” ဟု ပြောကြားသည်။

အဆိုပါ စစ်ရေးပဋိပက္ခအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များက ညီညွတ်စွာ တိုက်ပွဲဝင်လျက်ရှိပြီး ဇူလိုင်လ ၁၆ ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင် စစ်ဌာနမှ တာဝန်ရှိသူ ဆရာဇင်ကိုဝင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့အထိ တိုက်ပွဲများ ရက်ပေါင်း ၁၀၀ ကျော် ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့်မှာ အိုးအိမ်နှင့် လုပ်ငန်းခွင်များကို စွန့်ခွာ၍ ရေရှည် စစ်ဘေးဒုက္ခသည်များအဖြစ် တိမ်းရှောင်နေကြရသည်။ ယင်းကြောင့် ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ဘေးရှောင် ကူညီသူများက ပြည်သူ့ရဲဘော်များနှင့် စစ်ဘေးရှောင်များအား ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – တော်လှန်ရေး တပ်ဖွဲ့များ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများ (photo credit – Sayar Zin Ko Win)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်