BC လုပ်သူတွေကို ဒဲ့ စိန်ခေါ်လိုက်တဲ့ ထွန်းအိန္ဒြာဗို (ရုပ်သံ)

Boycott များကို ကြိုဆိုပါ၏ ဟုဆိုကာ ထွန်းအိန္ဒြာဗိုလ်က Boycott ပြုလုပ်သူများကို ပြန်လည်လှောင်ပြောင်

ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က နယူးဇီလန်သို့ ရောက်ရှိလာမှုနှင့်ပတ်သက်၍ Boycott ပြုလုပ်မည့်သူများကို “Boycott များကို ကြိုဆိုပါ၏။ လာပါ ပျော်ပျော်ပါးပါး အတူတူ ကရအောင်လေ” ဟု ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်လှောင်ပြောင်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Fncc Burma Fact Check Community က Boycott ဆိုသည်မှာ စိတ်ခံစားချက်အရ Boycott ဟု အော်ဟစ်ရုံမျှဖြင့် ထိရောက်မည်မဟုတ်ဘဲ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း ရေးသားထားသည်။

Fncc Burma Fact Check Community ၏ ရေးသားချက်အရ ထွန်းအိန္ဒြာဗိုလ် နယူးဇီလန်သို့ ရောက်ရှိလာခြင်းကို Boycott ပြုလုပ်ရာတွင် လူအနည်းငယ်စုစည်းကာ ဥပဒေဘောင်အတွင်းမှ ဆန္ဒဖော်ထုတ်ခြင်း၊ သရော်စာတန်းများ သို့မဟုတ် Slogan များဖြင့် ဆန္ဒပြခြင်းနှင့် ဖြစ်စဉ်ကို မှတ်တမ်းတင်ကာ နယူးဇီလန်ရှိ သတင်းမီဒီယာများထံ ရောက်ရှိစေရန် ဆောင်ရွက်ခြင်းတို့က ပိုမိုထိရောက်နိုင်ကြောင်း အကြံပြုထားသည်။

ထို့အပြင် Boycott ၏ ရည်ရွယ်ချက်မှာ လူတစ်ဦး၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများကိုပါ ထိခိုက်စေရန် မဟုတ်ဘဲ ၎င်းတို့၏ အပြုအမူအပေါ် လူထု၏ သဘောထားကို ထိရောက်စွာ ဖော်ပြနိုင်ရန် ဖြစ်သင့်ကြောင်းလည်း ရေးသားထားသည်။

ထွန်းအိန္ဒြာဗိုလ်၏ တုံ့ပြန်ရေးသားချက်သည် Boycott ပြုလုပ်မည့်သူများကို စိန်ခေါ်သည့်သဘော သက်ရောက်နေပြီး ယင်းအပေါ် Boycott ပြုလုပ်သူများဘက်ကလည်း Boycott ဆိုသည်မှာ နည်းမှန်လမ်းမှန်ဖြင့် ဆောင်ရွက်မှသာ ထိရောက်နိုင်သည် ဟူသည့် သဘောထားများ ထွက်ပေါ်နေသည်။

ထွန်းအိန္ဒြာဗိုလ်သည် စစ်အုပ်စုနှင့် နီးစပ်သည့် အနုပညာရှင်များအပေါ် လူထုက Boycott ပြုလုပ်ခဲ့သည့် ကာလအတွင်း Boycott စာရင်းတွင် ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် ထွန်းအိန္ဒြာဗိုလ်၏ အမည်လည်း ပါဝင်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နယူးဇီလန်ရောက် မြန်မာများအနေဖြင့်လည်း ဥပဒေများကို မချိုးဖောက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းနှင့် လူထုသဘောထားကို ထင်ရှားစွာ ဖော်ပြခြင်းတို့ဖြင့် Boycott ပြုလုပ်ရန် လိုအပ်ကြောင်း ဝေဖန်အကြံပြုမှုများ ထွက်ပေါ်နေသည်။

Boycott သည် လူတစ်ဦးတစ်ယောက်အား အရှက်ရစေရန် သို့မဟုတ် အန္တရာယ်ဖြစ်စေရန် ရည်ရွယ်သည့် လုပ်ရပ်မျိုးမဟုတ်ဘဲ မိမိတို့၏ သဘောထားကို ငြိမ်းချမ်းပြီး ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ပြသည့် နည်းလမ်းဖြစ်ရန် လိုအပ်ကြောင်း Fncc Burma Fact Check Community က ထောက်ပြထားသည်။

ကျနော်တို့ လုပ်နေတဲ့ Boycott ဆိုတာ Class တစ်ခု ရှိပါတယ်။

ကျနော်တို့က Guidelines နဲ့သွားပါတယ်။

ထွန်းအိန္ဒြာဗိုလ် တစ်ယောက် နယူးဇီလန် ရောက်လာတာကို Boycott ဆိုပြီး အော်တာက Boycott ရဲ့ပုံစံနဲ့ လွဲပါတယ်။

တကယ်လုပ်ရမဲ့ ပုံစံက လူ ၁၀ ယောက်လောက်စု ဘောမ တွေမရှက်ဘူးလား? ဝိုင်းဆန္ဒပြတဲ့ပုံစံနဲ့ Boo လုပ်ရမှာပါ။

Boycott ဆိုတာကလဲ ပုံစံမှန်မှန် အသုံးချတတ်မှ ထိရောက်မှာပါ။

Boycott ထအော်လို့ မထိရောက်ပါ။

အခု Boycott တွေလဲ လာခဲ့ကမယ်ဆိုပြီး စိန်ခေါ်တာ တွေ့မှာပါ။

ဒါဟာ ပြည်သူ့အားကို အထင်သေးတာပါ။

ငါတို့ကို နင်တို့ မထောက်ခံလဲ ငပိန်းတွေနဲ့ ရိုက်သတ်လို့ မကုန်တဲ့ တောသီးတွေအများကြီးက ထောက်ခံနေသေးတယ်ဆိုတဲ့အထာနဲ့ ပြန် စိန်ခေါ်တာပါ။

ဘောမတွေ ဘောမ ဆိုပြီး အပြောခံရတာကို သူတို့သေအောင်ကြောက်ပါတယ်။

သိက္ခာကျအောင်လုပ်ရတာမျိုးပါ။

အပြစ်တင်တာမဟုတ်ပါ ။

လုပ်ပုံ ပုံစံမကျတော့ ရယ်စရာဖြစ်သွားတာပါ။

တကယ်က သူတို့လည်နေတဲ့ အချိန် လူ ၁၀ ‌ယောက်လောက်နဲ့ဝိုင်းအော် Boo လုပ် ဘောမဆိုပြီးရေးထားတဲ့ ဘုတ် ဖြစ်ဖြစ် ၊Slogan စာရွက်နဲ့ သွားလှောင်တာမျိုး လုပ်ပြီး တစ်ယောက်က မှတ်တမ်း တင်မယ် ပြီးရင် တော့ နယူးဇီလန်က နာမည်ရှိတဲ့ သတင်း တစ်ပုဒ်မှာပါလာအောင်လုပ်တာမျိုးကို ဆိုလိုပါတယ်။

ခက်တာက အဲလို လုပ်ရတာမျိုးကို လူငယ်တွေလောက်ပဲ လုပ်ရဲတာပါ။

Gen Z တွေက အဲလို ကိစ္စတွေဆို အကြောက်အလန့်မရှိလုပ်ရဲကြပါတယ်။

အဲဒီတော့မှ ဘောမတွေ နယူးဇီလန် လာတဲ့အခါ နယူးဇီလန်က မြန်မာတွေက ထွန်းအိန္ဒြာဗိုလ်ကို ဒီလို အရှက်ရစရာ ဖြစ်အောင်လုပ်နိုင်ပါလားဆိုတဲ့ မှတ်တမ်း ကျန်မှာပါ။

အဲဒါကပဲ သူတို့ကို ကြောက်စရာ ဖြစ်လာစေတာပါ။

နယူးဇီလန်ရဲ့ ဥပဒေတွေကို မချိူးဖောက်တဲ့ နည်းလမ်းနဲ့လည်း လုပ်ဖို့လိုပါတယ်။

ကျနော်တို့ အခု UK ကို ပြောနေတာမှာ Boycott Person တွေမပတ် သက်ပါနဲ့ ပြောတာကို နားမထောင်ရင် အရင်ဆုံးလုပ်မှာက BC Person က Visa နဲ့နေနေတာဆိုရင်အဲ Visa သက်တမ်းတိုးလို့ မရအောင် reject or cancel ဖြစ်အောင် ဘက်ပေါင်းစုံကနေ လှော်ပါတယ်။

BC Person ရဲ့ Visa မခိုင်တော့ဘူးဆိုရင် အဲဒီ အကြောင်း ပြချက်နဲ့ သူနဲ့ဆက်စပ် နေတဲ့ သူ‌တွေ ပုံတွဲ ရိုက်တာလောက်နဲ့ လဲ ကျနော်တို့က ဆွဲချလို့ ရသွားပါပြီ။

‌ဒါတွေကို အဲဒီနိုင်ငံရဲ့ ဥပဒေ ‌အတွင်းက ပဲ လုပ်လို့ရအောင်လုပ်ပါတယ်။

ကျနော်တို့က စည်းတစ်ခု၊ ဘောင်တစ်ခုနဲ့ သွားပါတယ်။

အဲဒါဟာ ကျနော်တို့လုပ်တဲ့ Boycott ပါ။

လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀နဲ့ သိက္ခာကို မထိခိုက်သေးသ၍ Boycott ဆိုတာကို အထင်သေးပါတယ်။

သို့သော် အဲဒီ Boycott ဆိုတာက သူ့ကို အရှက်ရစေဖို့ လုံလောက်တဲ့ ပြစ်ဒဏ် ဖြစ်လာရင် အကြောက်တရားပေးဖို့လွယ်သွားပါပြီ။

အခု နယူးဇီလန်ရောက် မြန်မာတွေလုပ်လို့ရတာက ထွန်းအိန္ဒြာဗိုလ်ကို ဘယ်ခရီးသွား Tower က ခေါ်လာပေးသလဲ?

ဘယ်သူက Visa ၀န်ဆောင်မှု လုပ်ပေးလဲ ဒါတွေကို ဖော်ပြီး Boycott လုပ်ရမှာပါ။

လုပ်ပေးတဲ့သူပါ မြောင်းထဲရောက်အောင် ၊ နာမည် ပျက်အောင်လုပ်နိုင်မှ BC က ထိရောက်မှာပါဗျ။

ပထမပြောတဲ့ဟာတွေကို လုပ်နိုင်သေးရင်လဲ လုပ်လို့ရပါသေးတယ်။

Boycott လုပ်ချင်စိတ်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ BC ဆိုတာကလဲ နည်းမှန်လမ်းမှန်နဲ့မှ ထိရောက်မှာ ဖြစ်တယ်ဆိုတာကိုလဲ သိစေချင်လို့ ရှင်းပြခြင်းဖြစ်ပါတယ်။

ဘောင်ထဲက ညစ်တတ်ဖို့လဲ လိုပါတယ်။

ဘာမှမထိရောက်တဲ့ သူများ အလှောင်ခံရတဲ့ BC မျိုး မဖြစ်ဖို့ကလဲ အရေးကြီးပါတယ်။

ဒါမှသာ Boycott ကို ကြောက်ကြမှာပါ။

Comments တွေ ကြောင့် Engagement အရမ်းတက်သွား မှာစိုးတဲ့အတွက် Hate Speech Keywords တွေမ မန့်တာ ကောင်းပါတယ်။

Report သာဝိုင်းထုကြပါ။

သူက ဖျော်ဖြေရေး ပုံစံ တင်ထားတော့ Report ကထုလဲ မထိရောက်မှာစိုးလို့ပါ။

Report သာ ဝိုင်းထုပါ။

ပထမပြောထားတာကို ဖျက်လိုက်ပါတယ်ခင်ဗျာ။

တော်လှန်ရေး မအောင်ရင်တော့ ဘောမတွေက ဒီထက် အဆ ‌တစ်သောင်း ခင်ဗျားတို့ကို နှိမ်ပါလိမ့်မယ်။

သူ့ပို့စ်ကို မပေါက်အောင် Share တာတွေတော့ မလုပ်ပါနဲ့ခင်ဗျာ။

ပေါက်သထက် ပေါက်သွားပြီး ဖုံးလွှမ်းသွားနိုင်ပါတယ်ခင်ဗျာ။

Boycott လုပ်ထားတယ်ဆိုပြီး သေချာ ဘလော့ထားတာ မရှိတဲ့ သူတွေ သူတို့ကို အဖက်မလုပ်ဖူးပြောပြီး
Block တောင်မလုပ်နိုင်တဲ့သူတွေ ဘယ်လောက်များလဲ မြင်ရတာပါ။

Boycott သေချာ မလုပ်ကြလို့ ဒါတွေဖြစ်တာပါ။

ဘောမကို တကူးတက လူရာသွင်းခဲ့ကြလို့ ဒါတွေဖြစ်တာပါ။

လူခင်ရင် မူပြင်တဲ့ သူတွေရှိတာ ကို ကောင်းကောင်းသိတဲ့ ဘောမတွေက ဒါကို ကောင်းကောင်းအသုံးချနေတာပါ။

မမျှဝေပါနဲ့။

Unfollow လုပ်ပါ။

Report ထုပါ။

Block လုပ်ကြပါ။

သူ့ကို ၀န်ဆောင်မှု ပေးတဲ့ Tour ကို အတိအကျ သိသူများ သတင်းလာပေးစေချင်ပါတယ်။

ကျနော်တို့ လုပ်တဲ့ Boycott ဆိုတာ လုံး၀လျစ်လျုရှုထားဖို့အတွက် လုပ်တာပါ။

သိက္ခာကျအောင်လုပ်တယ်။

လူတောမတိုးအောင်လုပ်တယ် ဒါပဲဗျ။

အခုက နယူးဇီလန်ရောက်နေတဲ့အချိန် ဘယ်သူကမှန်း မသိ Boycott ထတင်တယ် အဲဒါက ကျနော်တို့တောင် မသိပါ။

PVTV မှာပါလာတော့မှ ဒါကို ဟို သေခါနီးဖရိန်စောင်းနေတဲ့ ယင်ကောင်လေဖြတ်မ က ထပြီး Boycott တွေလဲလာပါ ကမယ်လုပ်တာပါ။

သူ့ကို BC လုပ်ထားတာ ၂၀၂၂ ကုန်ပိုင်းထဲကပါ။

BC လုပ်ထားပြီးပြီဆိုရင် ကျနော်တို့ ယောင်လို့တောင် အဲအကြောင်းတွေကို ထပ်မပြောပါ။

ဒီလိုပဲ လုပ်ပါတယ်။

သူတို့လာလည်တာ‌တွေကိုလဲ Attention ပေးစရာမလိုပါဘူး။

အဲလို Boycott ဆိုပီး လုပ်ချင်ရင် တစ်ခုခုကို တိုင်ပင်ကိုက်ပြီးလုပ်ရမှာပါ။

New Zealand က သူ့ကို တရား၀င် ဗီဇာ‌ပေးတာလေဗျာ အဲတော့ Boycott ဆိုပြီး လုပ်တာက မထိ တထိ ဖြစ်နေတော့ ၊ ကြောက်လောက်အောင် ဖြုံလောက်အောင်မဟုတ်တာရယ် ၊ နယူးဇီလန်က လဲ အခု သိရသလောက် အမုန်းခံပြီး ပြောတဲ့သူတွေကလဲ လက် ၁၀ ချောင်းမပြည့်တော့ သူက ဒါကို အသုံးချပြီး Attention ရှာသွားတာပါ။

ကောင်တာ ပြန်လုပ်တာပါ။

သူ့ရည်ရွယ်ချက်အောင်မြင်သွားတယ်ဆိုရမယ်။

လုံး၀ အဖက်မလုပ်ခြင်းဆိုတာ သူ့တည်ရှိမှုကို သေးသိမ် သေးငယ်စေတာပါ။

အဲဒါကို Boycott လုပ်တာလို့ခေါ်ပါတယ်။

သူရှိနေတဲ့နေရာကို သွားကို မသွားတာမျိုးကို ပြောတာပါ။

တစ်ချို့ကိစ္စတွေလုပ်ချင်ရင်လဲ အသုံးချစရာ မဖြစ်အောင်လုပ်ကြပါခင်ဗျာ။

Boycott အကြောင်းပြောတဲ့ ပေ့ခ်ျ က အမာခံဆိုလို့ ၅ ခု မပြည့်ပါ။

BC သေချာမလုပ်တော့ BC ကိုတောင် ပြန် BC ပြနေတာပါ။

အခုတောင် ပေါ်တာကို အိမ်ပေါ် ပေါ်တင် တက်ဆွဲ နေပါပြီ။

ခင်ဗျားတို့ BC လမ်းစဉ်တောင် မဖြောင့်မှန်ရင် ကျန်တာ ဖြောင့်မတ် မှန်ကန်ဖို့ အဝေးကြီးပါ။

Boycott အောင်မြင်ချင်ရင် တစ်ခုပဲ လုပ်ရမှာပါ။

Boycott ပါလို့ ပြောထားတဲ့ ကောင်တွေကို တကူးတက ခင်မင်လို့၊ ရင်းနှီးလို့ သွားပတ်သက်တဲ့ သူ ၊ အိမ်ပေါ် ခေါ်တင်ထားတဲ့သူ တွေ ရှိလာရင် အဲလို လုပ်တဲ့သူကို ပါ BC လုပ်ပါ။

တော်လှန်ရေးထဲက လူ ဖြစ်နေရင်တောင် BC လုပ်ပါ။

အဲဒါမှ ဘယ်ကောင်မှ ရောင်တော်ပြန် လွှတ်ရဲမှာ မဟုတ်သလို BC ကိုလဲ ကြောက်ကြပါလိမ့်မယ်။

အဲလိုလုပ်နိုင်မှ Boycott အောင်မြင်မှာပါ။

သင်ခန်းစာ ယူနိုင်မယူနိုင်ကတော့ ပါ၀င်နေတဲ့ သူတွေအပေါ် မူတည်ပါတယ်။

Fncc Burma Fact Check Community

Video ထွန်းအိန္ဒြာ​ဗို Facebook

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်