📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ငိုးမ စွပုက စာသာမတတ်တာ မှုတ်ချင်တာက ဘိုလို

—

by

in

Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေဟု ဘယ်လာရုစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်၏ ပြောဆိုမှု အင်္ဂလိပ်လို နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများ အသုံးပြုခဲ့ပုံရဟု သုံးသပ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း Sanction စီးပွားရေးပိတ်ဆို့ခံရလျှင် အတိုက်အခိုက်ခံရသော ဆော့ဝဲ(Software)များက အင်အားစုစည်းမှု ပိုမိုရရှိစေကြောင်း ပြောဆိုခဲ့မှုသည် စီးပွားရေးပိတ်ဆို့မှုကို ကွန်ပျူတာဆော့ဝဲနှင့် အမှတ်မှားနေပုံရကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်က စီးပွားရေးပိတ်ဆို့ခံရလျှင် ကွန်ပျူတာဆော့ဝဲများ အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာစေကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။

“Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက အတိုက် အခိုက်ခံရတဲ့ Software တွေက အင်အားစုစည်းမှုကို ပိုမို ရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ်ဆိုတာကိုလည်း သတိပြုစေလိုပါတယ်”ဟု မင်းအောင်လှိုင်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင်သည် Sanctions စီးပွားရေးပိတ်ဆို့မှုနှင့် ကွန်ပျူတာဆော့ဝဲ Software အကြား မည်သို့မှ မပတ်သက်သော စကားလုံးနှစ်ခုကို ချိတ်ဆက် ပြောဆိုသွားခြင်းမှာ အဆိုပါ အင်္ဂလိပ်စကားလုံး ၂ ခု၏ အဓိပ္ပာယ်ကို သေချာစွာ နားမလည်ဘဲ ထင်ရာမြင်ရာ ပြောဆိုသွားခြင်းဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်သည်။

“Sanctions စီးပွားရေးပိတ်ဆို့မှုနဲ့ Software ကွန်ပျူတာဆော့ဝဲက ဘယ်လိုမှ မဆက်စပ်ဘူး။ သူပြောခဲ့တာကိုလည်း ဘာအဓိပ္ပာယ်မှ ဖော်လို့မရဘူး။ သူကြည့်ရတာ Sanctions ဆိုတာ ကွန်ပျူတာ Software လို့ ထင်နေပုံရတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

ပြည်တွင်းမှ သတင်းစာဆရာတစ်ဦးကလည်း မင်းအောင်လှိုင်၏ ပြောဆိုမှုကို ယနေ့ စစ်ကောင်စီထုတ် မြန်မာနှင့် အင်္ဂလိပ် သတင်းစာ များတွင်လည်း ဖော်ပြထားကြောင်း၊ မင်းအောင်လှိုင်အနေဖြင့် အင်္ဂလိပ်လို သေချာစွာ နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများကို ညှပ်သုံးခဲ့ရာမှ အမှားအယွင်း ဖြစ်ခဲ့ပုံရကြောင်း သုံးသပ်ပြောဆိုသည်။

“အရင် ဦးသိန်းစိန်တုန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို National Convention ဆိုပြီး မှားသုံးခဲ့ဖူးတယ်။ အခုလည်း ဦးမင်းအောင်လှိုင်က Sanctions နဲ့ Software ဘယ်လိုတွေနားလည်ပြီး တွဲသုံးသွားတာလဲမသိဘူး။ သူ အဓိပ္ပာယ်မှားယွင်းစွာ နားလည်ပြီး သုံးသွားပုံရတယ်။ အဲဒီနှစ်ခု ညှပ်သုံးသွားတာ သူပြောထားတာ ဘာအဓိပ္ပာယ်မှ မရှိဘူး” ဟု ဝါရင့်သတင်းစာဆရာက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင် ပူတင်၊ ဘယ်လာရုစ်သမ္မတတို့နှင့်တွေ့ဆုံရာတွင် အင်္ဂလိပ်စကား ပြောဆိုနိုင်ခြင်းမရှိဘဲ မြန်မာစကားဖြင့်သာ ပြောဆိုကာ ဘာသာပြန်ကို အဓိက အသုံးပြုသည်ကို တွေ့မြင်ရသည်။

ထို့ပြင် မတ်လ ၄ ရက်နေ့ မင်းအောင်လှိုင်က ပူတင်နှင့်တွေ့ဆုံစဉ် သမိုင်းအထောက်အထားနှင့် မှတ်တမ်းမှတ်ရာ အထောက် အထား မရှိဘဲ ပူတင်ကို ဘုရားဗျာဒိတ်တော်ပါ ကြွက်မင်းဟု ရေးသားညွှန်းဆိုထားသော စာအုပ်ကိုလည်း ပေးအပ်ခဲ့သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်