တရားဥပဒေသည် လိုတစ်မျိုး မလိုတစ်မျိုး မဖြစ်သင့်ပါ။
နိုင်ငံသားအားလုံး တပြေးညီ ဖြစ်သင့်ပါသည်။
ဒေါက်တာလက္ခဏသာရသည် လိုင်စင်မဲ့ယာဥ် လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် သွင်းကုန် ထုတ်ကုန်ဥပဒေ ပုဒ်မ-၈ အရ ဖမ်းဆီးခံရပြီး အချုပ်ကျ အမှုရင်ဆိုင်ရလျက် ရှိပါသည်။
သဘာဝရိပ်သာ-သန်လျင်နှင့် သဘာဝရိပ်သာ-နေပြည်တော်တို့တွင် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဥ် အစီးတစ်ရာကျော်ထိ ရှိနေပါသည်။

ရန်ကုန်၊ သန်လျင်နှင့် နေပြည်တော်အပါအဝင် မြို့အတော်များများသို့ လိုင်စင်မဲ့ RLG နံပါတ်အဝါ သာ/ကားများ တရားမဝင် တင်သွင်းနေသူများအနက် သဘာဝဆရာတော် ကိုရင်ကြီးဥတ္တမသာရနှင့် သူ၏ တပည့်ရဟန်းများ သီလရှင်များ အဓိကပါဝင်နေပါသည်။
မြဝတီမြို့မှ လိုင်စင်မဲ့ မော်တော်ယာဥ်များကို RLG သာနံပါတ်ပြားတပ်ကာ ရဟန်းဝတ် သီလရှင်ဝတ်နှင့် မောင်းနှင်တင်သွင်းနေကြခြင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းအတွင်း ဆွမ်းတန်းကြွနေသော သဘာဝရိပ်သာ စာတမ်းပါ ကားများသည်လည်း လိုင်စင်မဲ့ မော်တော်ယာဥ်များသာ ဖြစ်ပါသည်။

သဘာဝရိပ်သာအတွင်းနေထိုင်ကြသော သီလရှင်များ လူပုဂ္ဂိုလ်များသည်လည်း RLG – သာနံပါတ်တုများတပ်ကာ လိုင်စင်မဲ့ မော်တော်ယာဥ်များကို ဝယ်ယူ စီးနင်းအသုံးပြုလျက် ရှိပြီး ရန်ကုန်နှင့် နေပြည်တော်ရှိ လမ်းများပေါ်တွင် မကြာခဏ တွေ့နေရပေသည်။
သဘာ၀ရိပ်သာမှ ရဟန်းများသာမက သီလရှင်များပါ မဟနညွှန်ကြားချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ မော်တော်ယာဥ်ကို ကိုယ်တိုင် မောင်းနှင်လေ့ ရှိပါသည်။
ပုံပါ သီလရှင် ဒေါ်ဝိမလသည်လည်း သာနံပါတ်တုတပ် လိုင်စင်မဲ့ မော်တော်ယာဥ်ကို ကိုယ်တိုင်မောင်းနှင်နေသည့် သီလရှင်တစ်ပါး ဖြစ်သည်။

သူမလို လိုင်စင်မဲ့ မော်တော်ယာဥ်ကို ကိုယ်တိုင်မောင်းနှင်နေသည့် သီလရှင်မှာ သဘာဝအုပ်စုထဲ၌ ဆယ်ပါးမက ရှိနေပါသည်။

သို့ပါ၍ တရားဥပဒေစိုးမိုးရေး၊ သာသနာအပေါ် လူအကြည်ညို မပျက်စေရေးအတွက် တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဥ်များ တင်သွင်း စီးနင်းအသုံးပြုစေသည့် သဘာဝရိပ်သာဆရာတော် ကိုရင်ကြီးဥတ္တမသာရနှင့် အပေါင်းပါများအား
ရန်ကုန်၊ သန်လျင်၊ နေပြည်တော်ရှိ ပြည်ထဲရေး (ရဲ + ထွေအုပ်)၊ သာသနာရေးဌာနများက စီမံချက်တစ်ရပ် ရေးဆွဲပြီး အမြန်ဆုံး အရေးယူသင့်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဥပဒေအထက်၌ သဘာဝရိပ်သာဆရာတော် ကိုရင်ကြီးဥတ္တမသာရနှင့် အပေါင်းပါများ မရှိစေရ။


Leave a Reply