📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေဒါးကျရွာ ဆရာတော် ပျံလွန်တော်မူမှု နောက်ဆက်တွဲတွေ လာပြီ

ပြည်သူ့စစ် သံသယဖြင့် ဖမ်းဆီးစစ်ဆေးစဉ် ရဟန်း ၁ ပါး ပျံလွန်

ရွှေဒါးကျကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးဆောင်သူများနှင့် ဆက်စပ်သံသယရှိသည့် စွပ်စွဲချက်ဖြင့် ဆရာတော်တစ်ပါး ဖမ်းဆီးစစ်ဆေးခံရစဉ် သေဆုံးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၌ ပြည်သူ့စစ်ဖွဲ့စည်းရေး ပါဝင်သည်ဟူသော သံသယဖြင့် ရဟန်းတစ်ပါးကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံအဖွဲ့များက သီတင်းတစ်ပတ်အကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဩဂုတ်လ ၂၅ ရက်တွင် ပျံလွန်တော်မူသွားကြောင်း ဒေသခံများထံက သိရသည်။

ချောင်းဦးနှင့် မုံရွာမြို့နယ်နှစ်ခု နယ်စပ် ချောင်းဦးမြို့အနောက်ဘက် ခုနစ်မိုင်အကွာ ရွှေဒါးကျကျေးရွာမှ သက်တော် ၅၂ နှစ်အရွယ် ဦးက္ကန္ဒာစာရ နှင့်အတူ ဒေသခံလေးဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဩဂုတ်လ ၁၈ ရက် ညပိုင်း၌ လာရောက်ဖမ်းဆီးခဲ့သည်။

တချိန်တည်းမှာပင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကလည်း PDF တပ်ဖွဲ့ဝင် သုံးဦးကို နေအိမ်များ၌ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

PDF သုံးဦးအား စစ်ဆေးမေးမြန်းပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း ရဟန်း တစ်ပါး၊ ဒေသခံ လေးဦးကို ဖမ်းဆီးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။

ထို့နောက် ဦးက္ကန္ဒာစာရ ကို ချောင်းဦးပကဖက စစ်ဆေးပြီးနောက် ဩဂုတ်လ ၂၄ ရက်တွင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)သို့ လွှဲပြောင်းပေးခဲ့သည်။

ယင်းနောက်ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ရုပ်အလောင်းအား ဩဂုတ်လ ၂၅ ရက်တွင် ကျေးရွာကိုပြန်လွှဲပေးခဲ့သည်ဟု ချောင်းဦးဒေသခံများက ပြောကြသည်။

ဦးက္ကန္ဒာစာရ ကို အလောင်းပြန်ရသည့်နေ့မှာပင် သင်္ဂြိုဟ်လိုက်ကြောင်း ချောင်းဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရုပ်အလောင်း ပြန်ရခဲ့ချိန်တွင် ဦးက္ကန္ဒာစာရ၏ ကျောနှင့်ခြေထောက်တို့၌ ရိုက်နှက်ခံထားရသည့် အရှိုးရာများ၊ လက်သည်းခွံ ခွာထားသည့် ဒဏ်ရာဒဏ်ချက်များကို တွေ့ရကြောင်း ဒေသခံများအား ကိုးကားပြီး ဒေသတွင်း သတင်းဌာနအချို့က ဖော်ပြထားသည်။

ရွှေဒါးကျကျေးရွာထဲတွင် သံသယရှိသူများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ ပလဖ က ထိန်းသိမ်းထားသူ ဒေသခံ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ခြောက်ဦးရှိကြောင်း သိရသည်။

ဆရာတော်အား ပလဖထံ လွှဲပြောင်းပေးခဲ့စဉ် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း၊ ပြည်သူ့စစ် သံသယ စစ်ဆေးနေမှုအခြေအနေများကိုမူ ဖြေကြားမရသေးကြောင်း ချောင်းဦးမြို့နယ် ပကဖ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဖမ်းရတဲ့အကြောင်းရင်းက အဲ့ဒီဘုန်းကြီးနဲ့ သူတို့ရွာက ဝင်းနိုင်ဦးဆိုတာ ဦးဆောင်ပြီးတော့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ပျူစောထီး (ခ) ပြည်သူ့စစ်ဖွဲ့မယ်လို့ သတင်းရတဲ့အတွက် ဖမ်းပြီးတော့ အဲ့ဒီနောက် ပလဖ ဆီကိုလွှဲပေးလိုက်တာပေါ့။

စစ်ဆေးတာက ပကဖက စစ်ဆေးထားတာရှိတယ်။ ပလဖ ကလည်း စစ်ဆေး ထားတာရှိတယ်။ စစ်ဆေးတဲ့ရလဒ်ကတော့ လက်ရှိအချိန်က ပြောဖို့တော့ အဆင်မပြေသေးဘူး”ဟု ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ပသုံးလုံး ယန္တရားအနက် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) သည် ရပ်ရွာကာကွယ်ရေး နှင့်စစ်ရေးဆိုင်ရာများကိုကိုင်တွယ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) သည် ရဲလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို အဓိက ကိုင်တွယ်ဆောင်ရွက်သည်။

ပလဖ က ထိန်းသိမ်းစဉ် ရဟန်းတစ်ပါးသေဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီကို မေးမြန်းရာ ပြည်သူလုံခြုံရေးအဖွဲ့ (ပလဖ) ကို စစ်ကိုင်း ဖက်ဒရယ်ယူနစ်အောက် လွှဲပြောင်းပြီးဖြစ်သဖြင့် စစ်ကိုင်းယူနစ်မှ လိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကနဦး အစီရင်ခံချက်တွေအရ စကစနဲ့ဆက်နွယ်ပြီး ပျူရွာလုပ်ဖို့ သိမ်းသွင်းစည်းရုံးနေတယ် သတင်းရလို့ လိုအပ်သူတွေ ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ ရဟန်းတစ်ပါးပါဝင်ပြီး ပျံလွန်သွားတယ်လို့လည်း သိရပါတယ်။

ဘာကြောင့်ဆိုတာတော့ ဆေးစစ်ချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေပြီးမှ သိရမှာပါ။ ထိန်းသိမ်းစဉ် သေဆုံးမှုတွေအတွက် ထိန်းသိမ်းသူမှာ တာဝန်ရှိပါတယ်”ဟု ပြည်ထဲရေးဝန်ကြီးဦးကျော်နီ က ဩဂုတ်လ ၂၆ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

“သူလျှိုဒလန်နဲ့ပတ်သက်တဲ့မူဝါဒ မရှိပါဘူး။ အကြမ်းဖက် စစ်အုပ်စုနဲ့ ပတ်သက်ရင် စစ်ဆေးခံရမှာပါ။ ပေါ်ပေါက်ရင် အကြမ်းဖက်ဥပဒေအပါအဝင် ကျူးလွန်တဲ့အမှုတွေပေါ်မူတည်ပြီး အရေးယူခံရမှာပါ”ဟု ဦးကျော်နီက ဆက်ပြောသည်။

ချောင်းဦးမြို့နယ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့တောင်ဘက် ကပ်လျက်တွင် ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ခင်မွန်ရွာမှအပ ကျန်ကျေးလက်ဒေသတို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်