မိခင်ဖြစ်သူ ရင်ကွဲမတတ် အရူးတစ်ပိုင်း စိတ်ပူပြီး တစ်ညလုံး တစ်နေ့လုံး လိုက်လံရှာဖွေနေရတဲ့ သားငယ်လေး အိမ်သို့ အမြန်ဆုံး

အန္တရာယ်ကင်းကင်း ပြန်ရောက်နိုင်ဖို့အတွက် မိဘပြည်သူများအားလုံး တစ်ယောက် တစ်ချက်အားနဲ့ ဝိုင်းဝန်း မျှဝေ (Share) ပေးပြီး ကူညီပေးကြပါဦးရှင်…။ 🙏🙏🙏

🚨26ရက်ညနေကပျောက်ဆုံးသွားသည့် အခြေအနေ
မနေ့က (26.8.2026) ရက်နေ့ ညနေ6နာရီလောက်မှာ ညစာထမင်းနဲ့စားဖို့ အိမ်ကနေ လမ်းထိပ် လဖက်သုပ်ဝယ်ဖို့ထွက်သွားခဲ့တာ ဖြစ်ပါတယ်(အမေလုပ်သူ နေမကောင်းဖျားနေ၍)။
၆ နာရီခွဲအထိ နာရီဝက်ကြာလို့ ပြန်ရောက်မလာလို့ အမေလုပ်သူလိုက်သွား လိုက်ရှာကာမှ သားလေးပျောက်သွားပီလို့ သိလိုက်ရ၍

တစ်ညလုံး လိုက်မေး လိုက်ရှာနေရာတွေအနှံ့ လိုက်လံရှာဖွေခဲ့ပေမယ့် အခုထိ မတွေ့ရသေးပါဘူး 🥺😢
📝 ပျောက်ဆုံးသူ သားငယ်လေး၏ အချက်အလက်များ
အမည် – မောင်ရဲခန့်ကို
အသက် – 11 နှစ်
အတန်းပညာ – Grade – 4

မိဘအမည် – (အဖ) ဦးရဲဝင်းထွန်း ၊ (အမိ) ဒေါ်သန္တာဆွေ
နေရပ်လိပ်စာ – သမိုင်းမြို့သစ်( 3 ) လမ်း၊ အိမ်အမှတ် ( 305 )။
ပုံပါ တူလေး/သားလေးကို မြင်တွေ့မိခဲ့ရင်ဖြစ်စေ၊ သတင်းအစအန ရရှိခဲ့ရင်ဖြစ်စေ

အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ရှင်🙏
☎️📞 တွေ့ရှိပါကဆက်သွယ်ရန်ဖုန်း
09- 950599965
09- 421164201
သားလေး မိခင်ရင်ခွင်ထဲ အမြန်ဆုံး ပြန်လည်ရောက်ရှိပါစေကြောင်း ဆုတောင်းပေးရင်း၊
ဒီပို့စ်လေးကို မြင်တွေ့ရသူတိုင်း တစ်ယောက် တစ်ချက်စီ Share ပေးပြီး ကုသိုလ်ယူ ကူညီပေးကြပါဦးရှင်။ 🙏✨
ဖျားနေတဲ့အမေအတွက် လက်ဖက်သုပ်ဝယ်ထွက်ရင်း ပျောက်သွားတဲ့ ၁၁ နှစ်အရွယ် သားငယ်လေး”
မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ သားသမီးဆိုတာ အသက်တမျှပါပဲ။ အခုတော့ နေမကောင်းဖြစ်နေတဲ့ မိခင်အတွက် ဆေးဖြစ်မယ့်အစား သောကမီးတွေ တောက်လောင်စေခဲ့တဲ့ ရင်နင့်ဖွယ် အဖြစ်အပျက်တစ်ခုက သမိုင်းမြို့သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အသက် (၁၁) နှစ်အရွယ် သားငယ်လေး မောင်ရဲခန့်ကိုဟာ မနေ့က ညနေပိုင်းကတည်းက အိမ်ပြန်မရောက်လာတော့ဘဲ ရုတ်တရက် ပျောက်ဆုံးနေတာကြောင့် မိခင်ဖြစ်သူဟာ ရင်ကွဲမတတ် အရူးတစ်ပိုင်းနဲ့ နေရာအနှံ့ လိုက်လံရှာဖွေနေရပါတယ်။
ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၂၆) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်လောက်မှာ စတင်ခဲ့တာပါ။ ဖျားနာနေတဲ့ မိခင်ဖြစ်သူနဲ့ ညစာစားဖို့အတွက် လမ်းထိပ်ကို လက်ဖက်သုပ်သွားဝယ်တဲ့ Grade-4 ကျောင်းသားလေး မောင်ရဲခန့်ကိုဟာ နာရီဝက်လောက် ကြာတဲ့အထိ အိမ်ပြန်မရောက်လာခဲ့ပါဘူး။
စိတ်ပူသွားတဲ့ မိခင်ဖြစ်သူက ညနေ (၆) နာရီခွဲလောက်မှာ လမ်းထိပ်အထိ လိုက်လံရှာဖွေခဲ့ပေမယ့် သားလေးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတော့ဘဲ ရုတ်ခြည်း ပျောက်ဆုံးသွားခဲ့တာကို ထိတ်လန့်ဖွယ်ရာ သိလိုက်ရပါတယ်။
သားငယ်လေး ပျောက်ဆုံးသွားတဲ့ အချိန်ကစပြီး မိသားစုဝင်တွေဟာ တစ်ညလုံး အိပ်မရဘဲ ရောက်နိုင်သမျှ နေရာတွေအနှံ့ လိုက်လံရှာဖွေခဲ့ကြပေမယ့် ယနေ့အချိန်အထိ သတင်းအစအနလေးတောင် မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် ဖခင် ဦးရဲဝင်းထွန်းနဲ့ မိခင် ဒေါ်သန္တာဆွေ (နေရပ်လိပ်စာ – သမိုင်းမြို့သစ် ၃ လမ်း၊ အိမ်အမှတ် ၃၀၅) တို့က သူတို့ရဲ့ သားငယ်လေး အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်ရောက်လာဖို့ မိဘပြည်သူတွေဆီကို မျက်ရည်စက်လက်နဲ့ အကူအညီတောင်းခံထားပါတယ်။
လမ်းသွားလမ်းလာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပုံပါ ကလေးငယ်ကို တွေ့ရှိခဲ့ရင် မိသားစုထံ ဖုန်းနံပါတ် 09- 950599965 နဲ့ 09- 421164201 တို့ကို အချိန်မရွေး အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြဖို့ အနူးအညွတ် မေတ္တာရပ်ခံထားပါတယ်။
ကလေးငယ်လေး မိခင်ရင်ခွင်ထဲ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ဖို့ မိဘပြည်သူများအနေနဲ့ ဒီသတင်းကို ဝိုင်းဝန်းမျှဝေပြီး ကူညီရှာဖွေပေးကြပါဦး။



Leave a Reply