📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ကိုယ်ပိုင်စာပေ သင်ကြားနေပြီဖြစ်တဲ့ ​ရက္ခိုင်ပုရ

AA နယ်မြေများတွင် ၁၂ တန်းကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် စတင်ဖြန့်ဝေသင်ကြား

အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ ဒေသများရှိ အခြေခံပညာစာသင်ကျောင်းများတွင် ယခုလဆန်းမှ စတင်၍ ၁၂ တန်းတွင် မြန်မာဘာသာရပ်အစား ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ပြဋ္ဌာန်းစာအုပ်များဖြင့် အစားထိုးသင်ကြားပေးနေကြောင်း ဒေသခံများ၊ သင်ကြားပေးနေသူ ဆရာများထံက သိရသည်။

AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခအမျိုးသားပညာရေးဌာနက အသစ်ရေးဆွဲထားပြီး ရခိုင်ဘာသာဖြင့် ရေးသားထားသည့် ထိုပြဋ္ဌာန်းစာအုပ်များကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စတင်သည့် ယခုလအတွင်း ၁၂ တန်း (ဒွါဒသမတန်း) ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေခဲ့သည်။

ထိုပြဋ္ဌာန်းစာအုပ်တွင် သဒ္ဒဗေဒ မိတ်ဆက်၊ နရာဓိပတိကျောက်စာ၊ စာစီစာကုံးရေးနည်း၊ ရုံးစာ ရေးသားနည်း အပါအဝင် ပညာရေးနှင့်သက်ဆိုင်သည့် သင်ကြားပို့ချမှုများ ပါဝင်သည်၊ မြန်မာ့ သမိုင်းမှာ သင်ကြားမှုတွင် မပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ဘာသာဖြင့် စတင်သင်ကြားနေပြီဖြစ်သည်ဟု အဆိုပါ ၁၂ တန်း သင်ရိုးသစ် ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် အထက်တန်းပြဆရာတစ်ဦးက ပြောသည်။

“ကိုယ့်စာပေကို ကိုယ့်အမျိုးသားရေးအတွက် လိုကို လိုအပ်လို့၊ လုပ်ကို လုပ်သင့်တဲ့ကိစ္စတရပ် ဖြစ်တာကြောင့် အစားထိုးပြောင်းလဲတာပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ပြောင်းလဲသင်ကြားမှုနှင့်ပတ်သက်၍ ရခိုင်လူမျိုးအများစုက လက်ခံကြပြီး အထက်တန်းအဆင့်မှ မူလတန်း အဆင့်အထိ ရခိုင်ဘာသာဖြင့် သင်ကြားမှုအထိ တိုးမြှင့်စေလိုကြောင်း ဒေသခံအချို့က အကြံပြုသည်။​

ရခိုင်စာကို အတန်းကြီးမှ စတင်သင်ကြားရသည့်အတွက် ကျောင်းသားကျောင်းသူများ အခက်အခဲအချို့ ရှိနိုင်ကြောင်း အထက်တန်းပြဆရာ နောက်တစ်ဦးက ထောက်ပြသည်။

“အောက်တန်း (မူလတန်း) က တဆင့်ချင်းမတက်ဘဲ အထက်ဆုံးက တခါတည်း ဖိချလိုက်တဲ့ကိစ္စက ခက်တယ်။ မြန်မာစာနဲ့ တသက်လုံးရင်းနှီးကျွမ်းဝင်လာတဲ့ သင်ပေးမယ့် ဆရာ၊ သင်ယူမယ့် ကလေးတွေအတွက် နောက်ဆုံးအရေးကြီးဆုံး အတန်းမှာမှ ခေါင်းကိုက်စရာဖြစ်သွားတယ်”ဟု ၎င်းက ဆိုသည်။

AA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်သည့် တိုက်ပွဲများအတွင်း ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ သံတွဲ၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးအပါအဝင် ULA/ AAအစိုးရယန္တရားလည်ပတ်နေခြင်း ဖြစ်သည်။

ထိုမြို့နယ်များ အလုံးစုံမသိမ်းပိုက်နိုင်မီက ပညာသင်ကြားမှုများ နှောင့်နှေးမှုရှိခဲ့သော်လည်း ထိုမြို့နယ် များသိမ်းပိုက်ခဲ့အပြီး AA က ပညာရေးကဏ္ဍတွင် ပြောင်းလဲမှုများ လုပ်ဆောင်လာသည်။

ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများက ပေးသွင်းသည့် ငွေကြေးများကို ကောက်ယူ၍ ဆရာ၊ ဆရာမများက ကျောင်းအလိုက် ဝေယူသည့်စနစ်ဖြင့်ဖြတ်သန်းခဲ့ရသော်လည်း ယခုနှစ်တွင်မူ ပညာရေးဌာနဗဟိုက စီမံ၍ လစာစနစ်ဖြင့် အချိုးညီမျှစွာ ပေးချေသွားမည်ဟု ပညာရေး အသိုင်းအဝိုင်းထံက သိရသည်။

ယခုပညာသင်နှစ်တွင် ကျောင်းလခအဖြစ် တစ်လလျှင် တစ်ဦးကို မူလတန်းအတွက် ကျပ်တစ်သောင်း၊ အလယ်တန်းအတွက် နှစ်သောင်း၊ အထက်တန်းအတွက် သုံးသောင်း သတ်မှတ်ထားကာ ကျောင်းတက်ချိန်၌ အာရက္ခနိုင်ငံတော်သီချင်း သီဆိုရသည်ဟု ကျောင်းသားမိဘများကို ကိုးကား၍ သိရသည်။

အခြေခံပညာကျောင်းများအနေဖြင့် တပတ်လျှင် ငါးရက် ကျောင်းဖွင့်ကာ သင့်တော်သည့်ဝတ်စုံဖြင့် လာရောက်နိုင်ပြီး တူညီဝတ်စုံ သတ်မှတ်ချက် မရှိသေးကြောင်း၊ ကျောင်းချိန်မှာ နှစ်ချိန်ခွဲမထားဘဲ ဘေးကင်းသည့်နေရာများတွင် ဖွင့်လှစ်ထားသည့် တချိန်ကျောင်းဖြစ်ကြောင်း ဆိုကြသည်။

ပညာရေးသင်ရိုးအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီ စသည့် ဘာသာရပ်များ အပါအဝင် လိုအပ်သည်များ သင်ကြားရပြီး ယမန်နှစ်မှစတင်၍ မြန်မာ့သမိုင်းကို သင်ကြားခြင်း မရှိတော့ကြောင်း သိရသည်။

AA အုပ်ချုပ်ရေးအောက်ရှိ နယ်မြေများအားလုံးတွင် တည်ရှိသော အခြေခံပညာ စာသင်ကျောင်းများ တပြေးညီဖွင့်လှစ်လိုက်ခြင်းဖြစ်ကာ ချင်းပြည်နယ် ပလက်ဝနယ်တွင်လည်း ထိုသင်ရိုးအတိုင်း ၁၂ တန်း၌ သင်ကြားရမည်ဟု သိရသည်။ ပလက်ဝနယ်သည် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေပြီး ချင်းလူမျိုး အများစု နေထိုင်ကြသည်။

အာရက္ခအမျိုးသားပညာရေးဌာနသည် အခြေခံပညာအဆင့်သာမက “အာရက္ခအမျိုးသားတက္ကသိုလ်” ကို ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ဘာသာရပ်အလိုက် တက်ရောက်ရန် လျှောက်လွှာများကို ယခုရက်ပိုင်း ခေါ်ယူနေသည်။

ပထမနှစ်(ဂုဏ်ထူးတန်း) ဖွင့်လှစ်သင်ကြားမည့် ဝိဇ္ဇာအထူးပြုများအတွက်ဘာသာစကား(မြန်မာစာ)၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေ၊ စီးပွားရေးပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ/နိုင်ငံရေးသိပ္ပံ၊ ရှေးဟောင်းသုတေသနနှင့် Humanities၊ Social Science၊ Arts ဘာသာရပ်များဖြစ်သည်။

ပထမနှစ်(ဂုဏ်ထူးတန်း) ဖွင့်လှစ်သင်ကြားမည့် သိပ္ပံအထူးပြုများအတွက် သင်္ချာ၊ ဓာတုဗေ​ဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ အဏုဇီဝဗေဒ၊ ကုန်ထုတ်ဓာတု၊ အဏ္ဏဝါသိပ္ပံ၊ ဓာတုဇီဝဗေဒနှင့် အခြား သိပ္ပံဘာသာရပ်များပါဝင်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်