📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ခရစ်ယာန်သင်းအုပ်ဆရာကို T-တ်လိုက်တဲ့ မအလ ကို ထရမ့် ကြိမ်းပြီ

ချင်းတိုင်းရင်းသားခရစ်ယာန်သင်းအုပ်ဆရာကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး မြန်မာနိုင်ငံရှိ ဖိနှိပ်ခံ ခရစ်ယာန်များကို ကာကွယ်ပေးရန် အမေရိကန်သမ္မတထရမ့်ကို တောင်းဆို

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ချုံချောင်းကျေးရွာရှိ Chungcung Baptist Church ၏ အကြီးတန်းသင်းအုပ်ဆရာ Reverend William နှင့် အရပ်သားပြည်သူ ဦးနမ်စူးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း Burma Research Institute (BRI) မှ Zo Tum Hmungက ပြောဆိုသည်။

ခရစ်ယာန် သင်းအုပ် Reverend William သည် ချုံချောင်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် အကြီးတန်းသင်းအုပ်ဆရာအဖြစ် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇွန်လ ၄ ရက်တွင် ဦးနမ်စူးနှင့်အတူ စစ်တပ်၏ သတ်ဖြတ်မှုခံခဲ့ရခြင်းဖြစ်ကြောင်း၊ ခရစ်ယာန် သင်းအုပ်ဆရာတွင် ဇနီးနှင့် သားသမီး ၅ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

BRI ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် American Baptist Churches USA ၏ အထွေထွေအတွင်းရေးမှူးဟောင်း Rev. Dr. Robin Stoops က မြန်မာစစ်တပ်၏ သတ်ဖြတ်မှုကြောင့် Reverend William သေဆုံးမှုသည် တရားဥပဒေအရ စစ်ဆေးစီရင်ခြင်းမရှိဘဲ ပြုလုပ်သည့် တရား လက်လွတ်သတ် ဖြတ်မှု ဖြစ်ကြောင်း ပြောဆိုသည်။

“သူ့မိသားစု၊ သူ့အသင်းတော်နဲ့ ကမ္ဘာတစ်ဝန်းက ချင်းညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျနော်တို့ ဝမ်းနည်းကြေကွဲရပါတယ်။ ဒါဟာ တရားလက်လွတ်သတ်ဖြတ်မှုဖြစ်ပြီး တရားမျှတတဲ့ လုပ်ငန်းစဉ် ဒါမှမဟုတ် တရားစီရင်မှုမရှိဘဲ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒီလိုဝမ်းနည်းကြေကွဲမှုက လက်တွေ့လုပ်ဆောင်မှုတွေ ဖြစ်လာဖို့လိုပါတယ်။ တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။

ခရစ်ယန်သင်းအုပ်ဆရာ Reverend William သည် မေလ ၁၆ ရက်နေ့တွင် အရပ်သားပြည်သူ ဦးနမ်စူးနှင့်အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို ပဲခူးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်မ ၇၇ မှ တပ်ဖွဲ့ဝင်များက ချုံချောင်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ လယ်တဲတစ်ခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလယ်တဲတွင် လူ ၅ ဦးရှိခဲ့ပြီး ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း Reverend William က မိမိ၏ သင်းအုပ်ဆရာကတ်ပြားကြောင့် ကာကွယ်ပေးမည်ဟု ယုံကြည်ကာ ထွက်ပြေးခဲ့ခြင်းမရှိကြောင်း BRI က ဆိုသည်။

ဟားခါးမြို့မှ သတင်းရင်းမြစ် ၂ ခု၏ အဆိုအရ ခရစ်ယာသင်းအုပ်ဆရာနှင့်အရပ်ပြည်သူ ၁ ဦးတို့ကို ဗိုလ်မှူးကြီး လွမ်းမိုးနိုင်က ထိန်းသိမ်းထားခဲ့ပြီး ဇွန်လ ၂ ရက်တွင် ဟားခါးမြို့၌ လည်းကောင်း၊ ဇွန်လ ၃ ရက်တွင် ထန်တလန်မြို့၌လည်းကောင်း ၎င်းနှင့်အတူ ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် သင်းအုပ်ဆရာ Reverend William နှင့် ဦးနမ်စူးတို့ကို ဇွန်လ ၄ ရက်တွင် သတ်ဖြတ်ခဲ့သည်ဟု ဘုရားကျောင်းနှင့် မိသားစုဝင်များက ပြောဆိုသည်။

ဟားခါးမြို့ရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကလည်း ဖမ်းဆီးခံထားရသူနှစ်ဦး၏ နေရာနှင့် အခြေအနေကို သိရှိနိုင်ရန် ဟားခါးနှင့် ဖလမ်းမြို့ရှိ စစ်တပ်တာဝန်ရှိသူများထံအပြင် ခြေမြန်တပ်မ ၇၇ တပ်မှူးထံပါ ဆက်သွယ်တောင်းဆိုခဲ့ကြသော်လည်း တုံ့ပြန်မှုမရခဲ့ကြောင်း သိရသည်။

Reverend William သည် ဟားခါးချင်းလန်းကာကွယ်ရေးတပ် (CDF) ကို ထောက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းလည်း သတင်းရင်းမြစ်များက BRI ကို ပြောကြားထားသည်။

ချုံချောင်းကျေးရွာသည် ဟားခါးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။ ကလေးမြို့မှ ဟားခါးမြို့သို့ စစ်တပ်တပ်ဖွဲ့များ သွားလာရာ လမ်းကြောင်းပေါ်တွင် တည်ရှိသည်ဟု BRI က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချုံချောင်းကျေးရွာတွင် စစ်တပ်၏ လုပ်ရပ်များကြောင့် အိမ်ခြေ ၁၁၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အရပ်သား ၁၆ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BRI က ဖော်ပြထားသည်။ ထို့အပြင် Chungcung Baptist Church ပိုင်ဆိုင်သည့် ပစ္စည်းများလည်း ယခင်က ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ချုံချောင်းဘုရားကျောင်းသည် စစ်တပ်၏ တိုက်ခိုက်မှုခံရခြင်းမှာ ယခုတစ်ကြိမ်တည်းမဟုတ်ဘဲ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင်လည်း စစ်တပ်က ဘုရားကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ပြီး ပိုင်ဆိုင်မှုများကို လုယူဖျက်ဆီးခဲ့ကြောင်း BRI က ထုတ်ပြန်ထားသည့် အစီရင်ခံစာများကို ကိုးကား၍ ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ၁၉၉၈ ခုနှစ် International Religious Freedom Act အရ မြန်မာနိုင်ငံကို Country of Particular Concern (CPC) အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ထားပြီးဖြစ်ကြောင်း BRI က ပြောသည်။

သို့သော် ယင်းသတ်မှတ်ချက်ရှိနေသော်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အာဏာ ပိုင်များအပေါ် အမေရိကန်အစိုးရအနေဖြင့် အဓိပ္ပာယ်ရှိသည့် အရေးယူဆောင်ရွက်မှုများ မပြုလုပ်သေးကြောင်း BRI က ဝေဖန်သည်။

BRI ဥက္ကဋ္ဌနှင့် CEO Zo Tum Hmung ကလည်း “မြန်မာနိုင်ငံမှာ ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ ခရစ်ယာန်တွေကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်