📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဘုရားလက်ထက် ကားရှိရင် မောင်းခွင့်ပြုမှာပါဆိုတဲ့ သဘာဝရိပ်သာ သီလရှင်

သံဃာ ကားမမောင်းရန် မဟန ညွှန်ကြားချက်အပေါ် ဘုရားလက်ထက် ကားရှိပါက မောင်းခွင့်ပြုမည်ဟု သဘာဝရိပ်သာ သီလရှင် ဆင်ခြေတက်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဃာတော်များနှင့် သီလရှင်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရန် ညွှန်ကြားချက်အပေါ် သဘာဝရိပ်သာမှ သီလရှင်တစ်ပါးက ဘုရားရှင် သက်တော်ထင်ရှား ရှိပါကလည်း ယာဉ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြောဆို၍ တုန့်ပြန်လိုက်သည်။

၎င်းပြင် စည်းကမ်းမဲ့ မောင်းနှင်သူများနှင့် ဝိနည်းမဲ့ ပြုမူသူများကိုသာ စိစစ်တားဆီးသင့်ပြီး သတိပဌာန် နှလုံးသွင်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နေသည့် ရဟန်း သီလရှင်များကိုမူ သီးသန့် ချွင်းချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်ခွင့် ပြုသင့်သည်ဟု ဆင်ခြေတက် တောင်းဆိုထားသည်။

“သတိပဌာန်သာ နှလုံးသွင်းရင်တောင် လမ်းလျှောက်တောင်ခက်တယ်”ဟု သံဃာတော်တပါးက မိန့်ကြားသည်။

မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ သံဃနာယကအဖွဲ့များမှတစ်ဆင့် စာအမှတ် (ဂ) ပါ “ရဟန်း၊ သာမဏေ၊ သီလရှင်များ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်စရာ မလိုဘဲ စီစစ်စောင့်ရှောက်ရေး” နှင့် ပတ်သက်၍ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့အပြီးတွင် ယင်းသို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘာဝရိပ်သာမှ သီလရှင်က မဟန နာယက ဆရာတော်ကြီးများထံ လျှောက်ထားရာတွင် မြတ်စွာဘုရားရှင် လက်ထက်၌ မော်တော်ယာဉ်နှင့် လေယာဉ်များ မပေါ်ပေါက်သေးသည့်အတွက် တိရိစ္ဆာန် စီးနင်းသွားလာခြင်းကိုသာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊

လက်ရှိခေတ်ကာလတွင် သာသနာပြုရာ၌ ယာဉ်မောင်း အပိုမငှားရမ်းနိုင်သည့် အခက်အခဲများရှိသဖြင့် ကိုယ်တိုင်မောင်းနှင်နေရခြင်းဖြစ်ကြောင်း ဆက်လက် ပြောဆိုထားသည်။

ထို့အပြင် ဘုရားရှင် လက်ထက်၌ ကားပေါ်ခဲ့ပါကလည်း ကိလေသာ ပယ်စွန့်ပြီး သာသနာပြုနေသည့် သားတော်၊ သမီးတော်များကို ကိုယ်တိုင် ယာဉ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း၊

အမေရိကန်နိုင်ငံ ရောက် ဗိယက်နမ် သီလရှင်များနှင့် ရဟန်းတော်များလည်း ကိုယ်တိုင် ယာဉ်မောင်းနှင်နေကြကြောင်း တုန့်ပြန် ပြောဆိုထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်