📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တောင်ပိုင်းကျားတို့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေပါ ဆွဲစားကုန်ပြီ

—

by

in

ကျိုက်ထို – ဘီးလင်းလမ်းပိုင်း၌ စစ်ယာဉ်တန်းတပ်တိုက်ခိုက်မှု အရာရှိအပါအဝင် စစ်ကောင်စီတပ် လေးဦးသေဟု တောင်ပိုင်းစစ်ဒေသ အသိပေး

ရန်ကုန် – မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသက ယနေ့(မတ်လ ၈ရက်)ထုတ်ပြန်အသိပေးသည်။

မတ်လ ၆ရက် နံနက်က ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့သို့ မောင်းနှင်လာသော ယာဉ် ၅စီးပါ စစ်ကောင်စီယာဉ်တန်းအား တောင်ပိုင်းစစ်ဒေသ၊ နဂါးဖြူစစ်ကြောင်း (P29904)၊ ဗျူဟာ (၂၇) တပ်ရင်း(၇၈၀၅) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအား ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ထပ်သားစက်ရုံအနီး၌ ပြုလုပ်ရာ တိုက်ပွဲ ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးဒဏ်ရာရသူ ရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရသည်ဟု တောင်ပိုင်းစစ်ဒေသ အသိပေးသည်။

တိုက်ခိုက်မှုတွင်ပါဝင်သည့် နဂါးဖြူစစ်ကြောင်းကလည်း တိုက်ပွဲသတင်းထုတ်ပြန်ခဲ့ရာ ယာဥ်တန်းလုံခြုံရေး ကင်းပုန်းအဖွဲ့၊ နဂါးဖြူးစစ်ကြောင်း PDFအဖွဲ့နှင့် တပ်ရင်း (၇၈၀၅)တပ်ဖွဲ့ (၄) သပြေညိုစစ်ကြောင်းပူပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၄ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

ရဲဘော်တစ်ဦး ကျဆုံးခဲ့မှုကို နဂါးဖြူစစ်ကြောင်းက ဖော်ပြခဲ့ပြီး” ရဲဘော် တော်လှန်ရေးအတွက် မင်းရဲ့ပေးဆပ်မှုက ကြီးမားလွန်းလှတယ်။ ငါတို့တော်လှန်ရေး အောင်မြင်သည်အထိတိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။ ရဲဘော် Demon အား အလေးပြုပါသည်”ဟု ရေးသာကာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှတ်တမ်းကို ထုတ်ပြန်ထားသည်။

ယခု တိုက်ပွဲဖြစ်ပွားရာဒေသသည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေတွင် ပါဝင်သည်။ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ရေးအခြေအနေများကို မေးမြန်းရန် တပ်မဟာ(၁) တာဝန်ရှိသူနှင့် နဂါးဖြူ စစ်ကြောင်းသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KNU တပ်မဟာ(၁)နှင့်တော်လှန်ရေး ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁ရက်က ဘီးလင်းမြို့နယ်ရှိ မဲပလီ စစ်ကောင်စီဗျူဟာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ပြီး အရာရှိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာနှင့် လက်နက်ခဲယမ်းများစွာဖမ်းဆီးသိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီဘက်ကလည်း မဲပလီစခန်းကျပြီးနောက် တပ်မဟာ(၁)နယ်မြေကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်နေကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

(နဂါးဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – နဂါးဖြူစစ်ကြောင်း)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်