တော်လှန်ရေးသမားတွေ C သမားတွေ အဖွဲ့အစည်းမိခင် အဖွဲ့အစည်း တွေ နဲ့ ချိတ်ဆက်ထားကြပါ။
ထိုင်းအစိုးက အသစ်ထုတ်ပြန်တဲ့ ဥပဒေ မှာ ပါ တဲ့ “နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး” ဆိုတဲ့ အဓိပ္ပာယ် တကယ်ကို operation လုပ်မှာပါ။
ဥပဒေအကြောင်း နားလည်သူတိုင်း အဲ့ အဓိပ္ပာယ် ရဲ့ ဆိုလိုရင်းကို သဘောပေါက်မယ် ထင်ပါတယ်။
နောက်တခု အနေ နဲ့ အဖမ်းအစီး ခံ ရပါက ထိုင်းနိုင်ငံ ၏ ဥပဒေသစ်၏” 6 ” “Article 6″ အရေးကြီးဆုံး protection တစ်ခုပါ။
ထိုင်းအစိုးရက ပြည်နှင်ဒဏ်အမိန့်ထုတ်တဲ့အခါ
1. ထိုင်း Domestic law (ပြည်တွင်း ဥပဒေ)
2. စည်းမျဉ်း ( Rules and Regulations)
3. Cabinet resolution
4.ထိုင်းနိုင်ငံက လိုက်နာရမယ့် International Law နဲ့ ဥပဒေ ကြောင်းဆိုင်ရာ တာဝန်နဲ့ ဝတ္တရားတွေကို ထည့်သွင်းစဉ်းစားရမယ် လို့ ပြောထားပါတယ်။
ဒါကြောင့် ပြစ်မှုကျူးလွန်တယ်ဆိုတာနဲ့ ဘာအခြေအနေမှ မကြည့်ဘဲ တန်းပြန်ပို့လို့ရတယ် လို့ စာတမ်းက မပြောထားပါဘူး။
ဥပဒေမှာ ပါ တဲ့ ဒီအချက် ကို မြန်မာနိုင်ငံသားတိုင်း
နားလည်ထားဖို့ လိုပါတယ်။
နောက် Protection တချက် အနေနဲ့ ” 8″ “Articl 8” က အလွန်အရေးကြီးပါတယ်။
အဖမ်းခံရတဲ့ အခါ ထိုင်းအစိုးရကို အသနားခံရာမှာ အကြောင်းပြချက်က ခိုင်လုံဖို့ လိုပါတယ်။
1. မိမိနိုင်ငံသို့ ပြန်ပို့ ခံရပါက ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြင်း။
2. မိမိ၏ နေရပ်သို့ ပြန်ရောက်ပါ က ရက်စက်/လူမဆန်တဲ့ ဆက်ဆံမှုခံရနိုင်ခြင်း။
3. မိခင်နိုင်ငံသို့ ပြန်ရောက်သည်နှင့် မိမိသည် လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်ခံရနိုင်ခြင်း။
4. မိမိသည် ပြန်ပို့ ခံရသည် နှင့် အတင်းအဓမ္မ ပျောက်ဆုံးခံရနိုင်ခြင်း။ (စစ်မှုထမ်းခံရနိုင်ခြင်း။) စတဲ့ အန္တရာယ်တွေ ဖြစ်နိုင်တာကို တိကျစွာဖော်ပြနိုင်ရပါမယ်။
ထို့အပြင် ပြည်နှင်ဒဏ်ခံရသူသည် မိမိနိုင်ငံကို ပြန်ပို့မယ့်အစား တခြားနိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းက သံတမန်လမ်းကြောင်းကနေ တရားဝင်စာနဲ့ တောင်းဆိုလာရင် တတိယနိုင်ငံကို ပို့နိုင်တဲ့ လမ်းကြောင်းရှိပါတယ်။
တောင်းဆိုတဲ့နိုင်ငံ သို့ အဖွဲ့အစည်းက သံတမန်လမ်းကြောင်းကနေ တရားဝင်စာပို့ရမယ်။
ပြည်နှင်ဒဏ်အမိန့်ထုတ်ပြီး ၇ ရက်အတွင်း တောင်းဆိုရမယ်။
ထိန်းသိမ်းစောင့်ရှောက်စရိတ်နဲ့ ပို့ဆောင်စရိတ်ကို တာဝန်ယူမယ်လို့ ဖော်ပြရမယ်။
ပြည်နှင်ခံရသူကိုယ်တိုင် စာဖြင့် သဘောတူရမယ်
ဆိုတဲ့အချက်တွေ ပါပါတယ်။
ဒီအချက်ကိုတော့ အများကြီး မျှော်လင့်မစေလိုပါ။
မိမိသည် ဘာကောင်မှ မဟုတ်သလို သံရေးတမန်ရေး အရတောင်းဆိုရအောင် အကြောင်းအရင်းမရှိနေလို့ ပါ။
လူ အခွင့်အရေး အား ကောင်းတဲ့ နိုင်ငံတွေက အစ လက်ယာ ဝါဒီဘက်ကို ယိမ်းနေတဲ့ အတွက် ကူညီမဲ့ အခွင့်အရေးနည်းပါပါတယ်။
ဒီအချက်အကို အသုံးချ၍ တတိယနိုင်ငံ ကူးပြောင်းချင်သူများ၊ အချောင်သမားများ မုန့်မရပဲ ဒုတ်ရနေမည်ဆိုတာ ကို သတိထားဖို့ အကြံပြုပါရစေ။
သင့်ကြောင့် တကယ် အသက်အန္တရာယ်ရှိသူ ရဲ့ အသက်ရှင်ပိုင်ခွင့် မဆုံးရှုံး ရပါစေနဲ့။
နောက်ထပ် ထိုင်းနိုင်ငံ၏ Domestic Protection Law များ။
1. Thailand Immigration Act B.E. 2522 (1979), Section 54 အရ
ဝင်ရောက်ခွင့်/နေထိုင်ခွင့် မရှိသူ၊ stay permission ကုန်သွားသူ သို့မဟုတ် revoke လုပ်ခံရသူကို competent official က deport လုပ်နိုင်/လုပ်ရမယ် လို့ သတ်မှတ်ထားပါတယ်။
Deportation စောင့်နေစဉ်မှာ
1.သတ်မှတ်ထားတဲ့နေရာမှာ နေခိုင်းနိုင်ပါတယ်။
2.သတ်မှတ်ချိန်မှာ report လုပ်ခိုင်းနိုင်ပါတယ်။
3.လိုအပ်ရင် Immigration Detention Center မှာ ထိန်းသိမ်းထားနိုင်တယ်။
သို့သော် Section 19/20 ရဲ့ investigation procedures တွေလည်း ဆက်စပ်အသုံးပြုရပါတယ်။
source Thailand Law Library။
2.Prevention and Suppression of Torture and Enforced Disappearance Act B.E. 2565 (2022) Section 13 အရ
အဖမ်းခံရတဲ့ လူကို မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ရင် torture, cruel/inhuman/degrading treatment သို့မဟုတ် enforced disappearance ခံရနိုင်တဲ့ အကြောင်းပြချက်ခိုင်လုံရှိရင် expel / deport / extradite မလုပ်ရ။
ဆိုတဲ့ Non-Refoulement protection ကို တိုက်ရိုက်ဥပဒေထဲထည့်ထားပါတယ်။
ဒါက မြန်မာနိုင်ငံသားတွေအတွက် အလွန်အရေးကြီးတဲ့ Article/Section တစ်ခုပါ။
ဒါကတော့ International Law Protection
1. Convention Against Torture (CAT) Article 3
Thailand UN ရဲ့ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အပြင် UN Convention တခု ဖြစ်တဲ့ CAT ကို 2007 ခုနှစ်မှာ ratify လုပ်ထားပါတယ်။
CAT Article 3
နိုင်ငံတစ်နိုင်ငံက လူတစ်ဦးကို
torture ခံရမယ့် အန္တရာယ် အခြေခံခိုင်လုံစွာရှိတဲ့ နိုင်ငံ
ကို expel / return / extradite မလုပ်ရပါဘူး။
ဒါဟာ refugee status ရှိ/မရှိထက် ပိုကျယ်တဲ့ protection ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတာက လူတစ်ယောက်မှာ Thai visa မရှိတာ၊ illegal entry ဖြစ်တာ၊ work permit မရှိတာကြောင့် CAT Article 3 protection ပျောက်သွားတာ မဟုတ်ပါဘူး။
2. Thailand က International Covenant on Civil and Political Rights (ICCPR) ကိုလည်း ratify လုပ်ထားပါတယ်။
Article 6 Right to Life
အသက်ရှင်ခွင့်။
Article 7 No Torture
Torture / cruel, inhuman or
degrading treatment or punishment မလုပ်ရလို့ အတိအလင်းပြဌာန်းထားပါတယ်။
UNHCR ရဲ့ legal interpretation အရ ICCPR Article 7 ဟာ လူတစ်ယောက်ကို torture သို့မဟုတ် serious ill-treatment အန္တရာယ်ရှိတဲ့ နေရာကို ပြန်ပို့ခြင်းကိုလည်း တားဆီးနိုင်ပါတယ်။
Article 9 Arbitrary Arrest / Detention
မတရားဖမ်းဆီး/ထိန်းသိမ်းခြင်းကို ကာကွယ်ပေးပါတယ်။
Article 13 Expulsion of Lawfully Present Aliens
နိုင်ငံခြားသားတစ်ဦးဟာ host country မှာ lawfully present ဖြစ်နေတယ်ဆိုရင် expulsion ကို law နဲ့အညီပဲ လုပ်ရပြီး၊ အချို့အခြေအနေတွေမှာ expulsion ဆုံးဖြတ်ချက်ကို challenge/review လုပ်ခွင့်ရှိပါတယ်။
3. 1951 Refugee Convention Article 33
Article 33(1) Non-Refoulement
Refugee တစ်ဦးကို သူ့ရဲ့ life or freedom ကို ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံကို ပြန်မပို့ရ။
အထူးသဖြင့်
race
religion
nationality
particular social group
political opinion ကြောင့် persecution အန္တရာယ်ရှိရင် ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံသားတွေ က Refugee Recognize မလုပ်တဲ့ အပြင် ထိုင်းနိုင်ငံ က 1951 Refugee Convention / 1967 Protocol ရဲ့ State Party မဟုတ်ပါဘူး။
ဒါကြောင့် Article 33 ကို Thailand က Refugee Convention အရ treaty obligation တိုက်ရိုက်တာဝန်ရှိမနေပါဘူး။
ဒါပေမဲ့ non-refoulement principle ကို customary international law အဖြစ် UNHCR က သတ်မှတ်ထားပြီး၊ treaty member မဟုတ်တဲ့ နိုင်ငံတွေကိုပါ သက်ရောက်နိုင်တယ် လို့ UNHCR က ဖော်ပြထားပါတယ်။ဒါကြောင့်သွယ်ဝိုက်သောနည်းဖြင့်သာတာဝန်ရှိပါတယ်။
ထိုင်းနိုင်ငံ ရဲ့ Constitution ကနေ ဘာတွေ အကာအကွယ်ရနိုင်လည်း ဆို တော့
1.Constitution 2017 /Section (4)
Human dignity, rights, liberties and equality ကို protection ပေးထားပါတယ်။
2. Constitution 2017 /Section 26
State က လူတစ်ဦးရဲ့ rights/liberties ကို ကန့်သတ်မယ်ဆိုရင်
1.rule of law နဲ့ကိုက်ညီရမယ်။
2.မလိုအပ်ဘဲ အလွန်အကျွံ burden မပေးရ
3.human dignity ကို မထိခိုက်ရ
4.necessity / justification ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
3. Constitution 2017 /Section 27
All persons are equal before the law လို့ သတ်မှတ်ထားပြီး law အောက်မှာ equal protection ရှိရမယ်လို့ ဖော်ပြထားပါတယ်။
4. Constitution 2017 /Section 28
လူတစ်ဦးရဲ့ life/person liberty ကို ကာကွယ်ထားပြီး
Torture, brutal acts, cruel or inhumane punishment မလုပ်ရ
လို့ သတ်မှတ်ထားပါတယ်။
မိမိတက်သလောက်၊လေ့လာထားသလောက်၊နားလည်သလောက်ရေးသားထားပါသဖြင့် အမှားပါရင်ခွင့်လွှတ်ပေးကြပါ။ နားလည်သူများလည်း အကြံဝိုင်းပြုကြပါ။မြန်မာနိုင်ငံသားများ အားလုံး ဘေးကင်းလုံခြုံကြပါစေ။






Arkar


Leave a Reply