ရဟန္တာ သမုတ်ထားကြသည့် ရဟန်းတစ်ပါး စစ်မှုထမ်းအတွက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင် သာသနာ့နယ်မြေ တောအုပ်တစ်ခုအတွင်း သီတင်းသုံးကာ တရားဘာဝနာများအားထုတ်လျက်ရှိသော ဘွဲ့တော်အရှင်ဂုတ်ခွကုတ္ထ၊
သက်တော် ၅၄ နှစ်၊ ဝါတော် ၄၀ ရှိ ရဟန္တာ ဟမုတ်ခံထားရသည့် ရဟန်းတစ်ပါးအား ဩဂုတ်လ ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် စစ်မှုထမ်းအတွက် အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
”ဆရာတော်ကြီးက ရဟန္တာဖြစ်နေတာကြာပြီ။ နယ်ခံတွေကလွဲရင် ဘယ်သူမှ သိပ်မသိကြဘူး။ တစ်ပါးတည်းပဲ ညောင်ပင်ကြီးအောက်မှာနေတာ။

ဒကာဒကာမတွေက စုပြီးကျောင်းလေးတွေဆောက်ပေးရင်လည်းမနေဘူး။ တခြား ဦးဇင်းတွေကို ပြန်ပေးပစ်တာ။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဆက်လက်၍ ၎င်းက ” ဆရာတော်ကြီး အရှင်ဦးဂုတ်ခွကုတ္ထက ရဟန္တာဖြစ်နေတော့ ရှောင်လို့တိမ်းလို့ရတယ်။ ဒါပေမဲ့ သူမရှောင်ဘဲ ဖမ်းတဲ့နောက်အသာတကြည် လိုက်သွားတယ်။

ဒကာဒကာမတွေကိုလည်း ‘ဒီဘဝအတွက် ဒါငါ့ရဲ့နောက်ဆုံးဝဋ်ကြွေးပဲ’ လို့မိန့်သွားတယ်။ လာဖမ်းတာက ပုသိမ်ကြီးပြည်သူ့စစ်တွေပါ။ ” ဟုဆိုကာ ဖြေကြားချက်အား အဆုံးသတ်သွားခဲ့သည်။
Disclaimer: This is a satirical news piece created for entertainment purposes only.


Leave a Reply