📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေထည် သိန်း ၅၀,၀၀၀ ကျော်ဖိုး

မော်လမြိုင် ကိုကိုနှင့်ညီညီ လျှပ်စစ်ပစွည်းဆိုင်တွင် ရွှေထည် သိန်း ၅၀,၀၀၀ ကျော်ဖိုး ဓားပြတိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းက ကိုကိုနှင့် ညီညီ လျှပ်စစ်ပစ္စည်းဆိုင် သြဂုတ် ၂၈ ရက် မနက်က ဓားပြတိုက်ခံရပြီး ငွေနဲ့ရွှေထည်ပစ္စည်း သိန်း ၅၀,၀၀၀ ကျော်ဖိုး ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနက် ၄ နာရီက ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ယောက် ရောက်လာပြီး အိမ်ရှိ အမျိုးသမီး ၃ ယောက်ကို ချုပ်နှောင်ကာ ငွေနဲ့ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ မီးခံသေတ္တာကိုယူသွားတာလို့ မြို့ခံလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ဆိုင်ရှင်ခရီးသွားနေတဲ့အချိန် အိမ်ရှင်တူမရယ်၊ ဆိုင်မှာ ဝန်ထမ်းကောင်မလေး ၂ ယောက်ပဲရှိတယ်။ အဲဒီအချိန်ဖြစ်တာ၊ ၃ ယောက်စလုံးကို ကြိုးနဲ့တုပ်ပြီး အိမ်ရှင်အခန်းကို ရိုက်ဖွင့်၊ ပိုက်ဆံနဲ့ မီးခံသေတ္တာယူသွားတာ။ ရွှေထည်ပစ္စည်းတင် သိန်း ၅၀,၀၀၀ ဖိုးလောက်ပါသွားတယ်။”

ဓားပြတိုက်သူတွေဟာ ကား ၂ စီးနဲ့လာပြီး ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်အနီးဝန်းကျင်ရှိ CCTV ကင်မရာတွေကို ဖျက်ဆီးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဘေးဆောက်လက်စတိုက်ကနေ ဝင်လာပြီး ဓားပြတိုက်တာ။ ကိုယ်ပိုင်ရွှေတွေရော၊ အပေါင်ခံထားတဲ့ ရွှေတွေရောပါသွားတာ။ အတော်လေးများတာ။ ရွှေ ၁၀ သား အတုံးတွေတောင်ပါသွားတယ်။ ရွှေထည်ပစ္စည်းတင် သိန်း ၅၀,၀၀၀ ကျော်တယ်။ ပိုက်ဆံနဲ့ စာချုပ်စာတမ်းတွေလည်း ယူသွားတယ်။”

ကိုကိုနှင့်ညီညီ လျှပ်စစ်ပစ္စည်းဆိုင်ဟာ ဆိုင်နဲ့အိမ်တွဲဖွင့်ထားပြီး ဆိုင်ရှင်ဖြစ်သူ ရန်ကုန်ကိုသွားနေချိန် ဆိုင်မှာ တူမဖြစ်သူနဲ့ ဝန်ထမ်းကောင်မလေး ၂ ယောက်ပဲရှိတဲ့အချိန် ဓားပြတိုက်ခံရတာလို့ ဆိုပါတယ်။

ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး မော်လမြိုင် ရဲစခန်းက ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို ပုဒ်မ ၃၉၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက် ကလည်း မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ် တက္ကသိုလ်ဖြတ်လမ်း လမ်းသွယ် ၃ က နေအိမ်တအိမ်ကို အမျိုးသား ၃ ယောက်က ဓားပြတိုက်ပြီး ဖုန်း၊ ငွေနဲ့ ရွှေထည်ပစ္စည်းတွေယူ သွားခဲ့ပါသေးတယ်။

Photo : ရဲမျ​ခေင်း

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်