📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဒူဝါးတွေ ကြိုပြောပြီးမှ ဒွမ်တာ

ဗန်းမော်မြို့လာတဲ့ စစ်သင်္ဘောတွေ လက်ဗလာနဲ့ကြိုမှာမဟုတ်ဘူးလို့ KIAပြောပြီး နောက်တစ်ရက်မှာ တိုက်ခိုက်လို့ သင်္ဘော ၁ စီး မီးလောင်

စစ်သင်္ဘောအားလုံး ရွှေကူမြို့ဘက် ပြန်လှည့်ပြေး

ကချင်ပြည်နယ်ꩻ ရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဆက်လက်ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုက ရှေ့ပြေးစစ်သင်္ဘော ၁စီးဟာ ဒီကနေ့ဩဂုတ် ၂၉ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ မီးလောင်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ကို ဦးတည်လာတဲ့ ရှေ့ပြေးစစ်သင်္ဘော ၂စီးအနက်က ၁စီးကို တိုက်ခိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။

“(ဗန်းမော်ဘက်)မတက်နိုင်ဘူး။ ရွှေကူအထက် ဇင်းဘုံကိုရောက်တယ်။ အခု ဇင်းဘုံကနေ ပြန်ခေါက်ပြီ သင်္ဘောတွေ။ စစ်သင်္ဘော ၁စီးကတော့ မီးလောင်သွားပြီ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဩဂုတ် ၂၉ရက် မနက် ၁၀နာရီ ၄၅ ဝန်းကျင်လောက်မှာ ရွှေကူမြို့ကို ကျော်လာတဲ့ စစ်သင်္ဘော ၁စီးကို FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောမီးလောင်သွားလို့ သင်္ဘောပေါ်မှာ ပါတဲ့ စစ်ကောင်စီတပ်သားတွေ အခြားသင်္ဘောပေါ် ပြောင်းရွှေ့နေရတယ်လို့ ပြောပြပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်များနိုင်တယ်လို့လည်း သူက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်သင်္ဘောတွေ ဗန်းမော်မြို့ကိုတက်လာရင် KIAနဲ့ ပူးပေါင်းတပ်က လက်ဗလာနဲ့ ကြိုဆိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်မှုတွေရှိမယ်လို့ ဩဂုတ် ၂၈ရက်မနက်က အသိပေးပြောကြားထားပါတယ်။

လက်ရှိမှာ ရွှေကူမြို့နယ်မှာ မြေပြင်တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်က လေကြောင်း ကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“အခု ဇင်းဘုံရွာမှာ ရောက်နေတဲ့ စခတွေနဲ့ ကျနော်တို့ KIA တပ်ပေါင်းစုတွေ အကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်” ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်သင်္ဘောတွေ အပါအဝင် ရေယာဉ် မျိုးစုံ ၁၅စီးခန့်ပါတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာကနေ ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။

ဒီလို ဝင်ရောက်လာချိန် စစ်တပ်က ရွှေကူမြို့နယ်ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားသေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

လေကြောင်းဗုံးကြဲရာမှာ တားမြစ်ဗုံးတွေဖြစ်တဲ့ ဆင့်ပွားပေါက်ကွဲတဲ့ ကလက်စတာဗုံးကြီးတွေကိုပါ အသုံးပြုခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

(ကချင်ပြည်နယ်ကို ရောက်လာတဲ့ စစ်သင်္ဘော ၁စီးကို တွေ့ရစဉ်။ ဓာတ်ပုံ− Screengrab)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်