📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Chinland FC ဘောလုံးသမားကို ပြန်တွေ့ပြီ

မြောက်ဒဂုံတွင် ပျောက်ဆုံးသွားသော Chinland FC ဘောလုံးသမားကို ပြန်တွေ့

ပေါ်တာဆွဲခံရသော်လည်း မိခင်ဆီ ပြန်သွားသည်ဟု အကြောင်းပြ

ရန်ကုန်မြို့၊ မြောက်ဒဂုံ၊၇/၈ လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားသော Chinland FC ဘောလုံးသမား Pa Lung ကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။

Pa Lung သည် ၎င်း၏ မိခင်ဖြစ်သူ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရာ

ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် ၇ရက်ကြာ အဆက်အသွယ်ပြတ် တောက်သွားခဲ့ပြီးနောက်

ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည် ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC က ယနေ့(ဩဂုတ်၂၉ရက်)သတင်းထုတ်ပြန်သည်။

ရန်ကုန်အခြေစိုက် အားကစားကလောင်ရှင်တစ်ဦးကမူ “ ကျနော်တို့သိထားတာကတော့ ပေါ်တာ အဆွဲခံရတာ။ ပြန်တွေ့ပြီဆိုတာကိုတော့ သူတို့(Chinland FC )ထုတ်ပြန်လို့ သိတာ။

ဘောလုံးအဖွဲ့ ချုပ်လမ်းကြောင်းနဲ့ လိုက်လို့ ပြန်လွတ်လာတဲ့သဘောပါ။ဖိအားပေးခံရလို့ ပေါ်တာဆွဲခံရတာ မဟုတ် ဘူးဆိုတာမျိုး ထုတ်ပြန်တာ။

အမေဆီ ပြန်တာ ဖုန်းအားကုန်သွားပြီး ဆက်သွယ်လို့ မရဘူးဆိုတာက လည်း ယုတ္တိမှမရှိတာ”ဟု ပြောသည်။

Chinland FC ဘောလုံးအသင်း ကစားသမား၊ Myanmar League တွင်လည်း ကစားနေသူ၊ မတူပီမြို့နယ်သား အသက် ၂၂နှစ်အရွယ်ရှိ Pa Lung (Chinland FC ကျောနံပါတ် ၅) သည်

ဩဂုတ်၂၂ရက်တွင် ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံ၌ ဆင်း၍ တက္ကစီဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိသာ အဆက်အသွယ်ရရှိခဲ့ပြီး ပျောက်ဆုံးသွားကြောင်း Chinland FC က ဩဂုတ်၂၆ ရက်၌ ထုတ်ပြန်ထားသည်။

Pa Lung နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အချိန်မှစ၍ Chinland FC အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ အသင်းတာဝန်ရှိသူများကလည်း ၅ ရက်ကြာ အစွမ်းကုန် လိုက်လံရှာဖွေခဲ့ကြောင်း

အချိန်ကြာမြင့်လာသော်လည်း မည်သည့်အဆက်အသွယ်မျှ မရရှိခဲ့သည့်အတွက် ကစားသမား၏ ဘေးကင်းလုံခြုံရေးကို အထူးစိုးရိမ်ကာ အများပြည်သူ၏ အကူအညီရရှိနိုင်ရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ယနေ့ ထုတ်ပြန်သည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်