ကိုကို့ ရေသမီးဘယ်လိုဖြေရမလဲ
3 နှစ်နီးနီး ခွဲခဲ့ရပီးမှ အိမ်ပြန်လာတာ တစ်ပတ်တောင် မပြည့်သေးဘူး
ခနလေးလာပီးခနလေးပြန်ထွက်သွားတယ်
ကိုကိုရယ် ဒီတစ်ခါထွက်သွားတာလဲ
သေချင်းတရားဆိုတော့ ဘယ်လိုဖြေရမလဲ ကိုကိုရယ်
သမီးတို့ရင်ကို အစိမ်းလိုက်ခွဲပီးထွက်သွားရက်တယ်
အဖြစ်ဆိုးလိုက်တာကိုကိုရယ်
ဘယ်ဘ၀က၀ဋ်ကျွေးတွေကြောင့် ဒီလိုအဖြစ်ဆိုးမျိုး ကြုံရတာလဲ

သမီးမခံစားနိုင်တော့ဘူး
ကိုကိုပြောတော့ တစ်သက်လုံး အဖေနဲ့အမေကို လုပ်ကျွေးဖို့ ပြန်လာတာဆို
အဖေနဲ့အမေအသက်ကြီးပီ သားးးးတစ်သက်လုံးလုပ်ကျွေးဖို့ပြန်လာတာဆို
ဘယ်လိုခေါ်ခေါ် အိမ်ကိုမပြန်ဘူး ေပြာတဲ့သူကြီး
အဖေနဲ့အမေလဲရင်တွေကွဲနေပါပီ ကိုကိုရယ်
အမြဲတမ်းလူတိုင်းအပေါ်စေတနာထားတတ်တဲ့ အကို
အိမ်မှာလဲအငယ်ဆုံးလေးမို့ ညီမလေးတစ်ယောက်ထဲပါလို့ အရမ်းချစ်တယ်တဲ့ သူပြောတယ်
ညီမဖြစ်သူစိတ်ကောက်တိုင်း အမြဲချော့တယ်
တစ်ခါမှလဲမရိုက်ဖူး စိတ်နာအောင်လဲမပြောဖူးတော့ ဘယ်လိုဖြေရမလဲ ကိုကို
ကိုကို့ကိုအချိန်တိုင်းသတိရနေတာ
ဘယ်လိုနေရမလဲ အရမ်းကံဆိုးလွန်းတယ်ကွယ်
သမီးရင်တွေပေါက်ထွက်တော့မယ်
အခုချိန်ထိမယုံနိုင်သေးဘူး နောင်ဘ၀ကျရင်ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြူံရပါစေနဲ့လို့ သမီးအမြဲတမ်းဆုတောင်းနေပါ့မယ်ကိုကိုရယ်

ထွက်သွားတဲ့သူထက် ကျန်နေခဲ့သူက ပိုနာကျင်ရတယ်ကိုကို
အော် ငါ့အကိုရွာရောက်တော့ လေယှဉ်သံလဲ အခုမှကြားဖူး လက်နတ်ကြီးသံလဲ အခုမှကြားဖူးဆိုတော့ ကြောက်တယ်တဲ့
ကြောက်တတ်တဲ့ ငါ့အကိုမှဘာလို့အခုလိုကြုံတာလဲ😔
ညီမငယ်တဲ့ ကိုကိုက ညီမငယ်တို့နဲ့ အတူတူနေတော့မှာတဲ့ ဘာလို့အလိုတွေပြောသွားရတာလဲ
ကိုကိုအ့လိုတွေဘယ်တုန်းကပြောဖူးလို့လဲ
သမီးတို့ကိုခံစားရအောင်ပြောသွားတာလားကိုကိုရယ် မခံစားနိုင်တော့ဘူးးးး😭😭😭
သေသောသူမှာအသက်ရှုရပ်၍ ကျန်သောသူမှာ အရှုမ၀အောင်ဖြစ်ရပါတယ်😔😭😭😭😭



Leave a Reply