မော်လမြိုင်ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်အား ဓားမြတိုက်ရန် စေခိုင်းသူနှင့်ဓားမြတိုက်သူတချို့အားဖမ်းဆီးရမိထား၊ ဓားမြတိုက်သူများကိုဖမ်းဆီးရာမှ မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ

ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်ကဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့၊မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်အား ဓားမြတိုက်ရန် စေခိုင်းသူအမျိုးသမီးနှင့် ဓားမြတိုက်ရာတွင်ပါဝင်သူတချို့အားဖမ်းဆီးရမိထားသည်ဟု ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်နှင့်နီးစပ်သူများထံမှသိရှိရသည်။
စေခိုင်းသူမှာ ကိုကို၊ ညီညီလျှပ်စစ်ပစ္စည်းဆိုင်ပိုင်၏ဇနီးနှင့်ရင်းနှီးသူ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင်နေထိုင်နေသော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်စန်းအေး ဆိုသူအမျိုးသီးဖြစ်ပြီး ၎င်းကိုရဲတပ်ဖွဲ့မှဖမ်းဆီးထားသည်ဟု ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်နှင့်နီးစပ်သူများကဆိုသည်။
ဒေါ်စမ်းအေးက ပိုင်ရှင်မိန်းမနဲ့ရင်းနှီးတယ်အိမ်ကိုလဲအဝင်အထွက်ရှိတယ် ပိုင်ရှင်က အပေါင် ခံတဲ့လုပ်ငန်းလုပ်နေတော့ အိမ်ပေါင်၊ မြေပေါင်တွေကိုအတူတူလုပ်နေကြတာ

အိမ်မှဘယ်ပစ္စည်းဘယ်နေရာထားလဲဆိုတာသိတယ်ပိုင်ရှင်လင်မယား ရန်ကုန်သွားတဲ့အချိန်မှာ အဖွဲ့အစည်းတစ်ခုကို ဓားမြတိုက်ခိုင်းတာဟု ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင်နှင့် နီးစပ်သူများကပြောကြားကြသည်။
ဒေါ်စမ်းအေးထွက်ဆိုချအရ ဓားမြတိုက်သူများဖမ်းဆီးခဲ့ရာ မူးယစ် ဆေးဝါးများပါဆက်လက်ဖမ်းဆီးမိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
CCTV မှတ်တမ်းမှာ ဓားမြတိုက်ရာမှာအသုံးပြုခဲ့တယ်လို့ယူဆရတဲ့ ကား ၂ စီးတွေတယ် တစ်စီးက မုဒုံဘက်ကိုထွက်သွားတာတွေ့တယ်အဲဒီးကား မုဒုံက နေဘုရားသုံးဆူကိုသွားတာ ဘုရားသုံးဆူလမ်း
ရေကျော်နေလို့ပြန်လှည့်လာတာ မုဒုံနယ်ထိန်းက တွေ့ပြီးသတင်းပို့လို့ပြန်လိုက်တော့ CCTV မှတ်တမ်းမှာ ကျိုက်မရောအဝိုင်းကနေဖြတ်သွားတာတွေ့လို့ ပိတ်ဆို့ဖမ်းဆီးခဲ့တာ

အဲဒီကားကို ဘားအံ မော်လမြိုင်လမ်း ကျုံစိန်းကျေးရွာဆိုင်း ဘုတ်အနီးက ပြည်သူစစ်ဂိတ်က တွေ့ပြီးဖမ်းထားလိုက်တာဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောကြား သည်။
ဖမ်းမိတဲ့ကားပေါ်က သူတွေကို နောက်ကားတစ်စီးဘယ် ရောက်သွားလဲဆိုတာစစ်မေးတော့ ၎င်းတည်းခိုခဲ့သည့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊မြို့ရှောင်လမ်းပေါ်ရှိ
Royal Hinthar ဟိုတယ်၏ ကားပါကင်တွင် ရပ်ထားသည်ဟုထွက်ဆိုသဖြင့် Royal Hinthar ဟိုတယ်၏ ကားပါကင်တွင်ရပ်ထားသည့် TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ကားနောက်ခန်းတွင်မူးယစ်ဆေးဝါးများ တွေ့ရှိခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

Royal Hinthar ဟိုတယ်၏ ကားပါကင်တွင်ရပ်ထားသည့် TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သန်းပေါင်း ၂၆၀၀ ကျော်တန်ဖိုးရှိမူးယစ် ဆေးဝါးများ တွေ့ရှိခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အပေါင်ခံထားသည့် ရွှေထည်ပစ္စည်းများအပါ ကျပ်သိန်းငါးသောင်းကျော်ဖိုးခန့် စိန်ထည်၊ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံခဲ့ရဟုဆိုကာ ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဦးမှ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားသဖြင့်
မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ အမှုတွင်ပါဝင်ပတ်သက်သူများနှင့်ဆက်စပ်သူများကိုဆက်လက်ဖမ်း ဆီးနိုင်ရန်ဆောင်ရွက်လျှက်ရှိသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောကြားကြသည်။



Leave a Reply