

အချို့က အမေရိကန်နိုင်ငံသားလည်းဖြစ်နေပြီ အတွေးအခေါ်ကနုံချာ တုန်း။
မြန်မာ စစ်တပ်က ပေးတဲ့ရိက္ခာလစာစားခဲ့ရလို့စစ်တပ်ကိုပဲ သစ္စာ ရှိရမတဲ့။
စစ်တပ်ကပေးတဲ့ရိက္ခာလစာ ကိုစားနေတယ် ဆိုကတည်းကအတွေးအခေါ်ကမှားနေပြီ။

စစ်တပ်ရဲ့ ကာကွယ်ရေး ဘတ်ဂျက်က နိုင်ငံတော်ဘဏ္ဍာငွေကလာတာ၊ နိုင်ငံ့ဘဏ္ဍာဆိုတာ ပြည်သူလူထုဆီကလာတာ။
စစ်တပ်ဆိုတာ ပြည်သူလူထုကကျွေးတဲ့ထမင်း နဲ့ဟင်းကိုစားနေတာပါ။
ပြည်သူ့ ရိက္ခာလစာ ကိုစားနေတာပါ။

ခုထက်ထိ စစ်ဗိုလ်ချုပ်တွေက သူတို့အိပ်ကပ်ထဲက စိုက်ကျွေးမွေးတာလို့ထင်နေတဲ့ငဒူ တွေက အများကြီး။
US နိုင်ငံရောက်ပြီးနိုင်ငံသားဖြစ်ပြီးတာ တောင် ဘောမ ချင်နေတဲ့ သူတွေကိုတော့ တကယ် အံ့သြရွံရှာမိပါတယ်။

သရဝဏ် (ပြည်)
ဆရာတင်ညွန့်ရေးတဲ့ ဝတ္ထုတိုလေး သတိရမိတယ်၊
ကျောင်းထိုင်ဆရာတော်ကြီးက ကျောင်းမှာလာခိုနေတဲ့ခွေးတွေကို အစာမှန်မှန်ကျွေးဖို့ ကပ္ပိယကြီးကိုမိန့်ထားတယ်၊

ခွေးတွေက အစာချကျွေးတဲ့ ကပ္ပိယကြီးကိုပဲ ကျေးဇူးရှင်ထင်နေကြတယ်၊
ဆရာတော်ကြီးကျေးဇူး မသိတတ်ကြတဲ့အပြင် ရန်မူကြတဲ့အကြောင်းပါ။



Leave a Reply