အသက်မပြည့်သေးသည့်အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သူကို (SSPP/SSA) အထက်တရားရုံးက သေဒဏ်ချမှတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အ သက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ စိုင်းဆာစံအား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးမှ စစ်ဆေးစီရင်ပြီးနောက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်သူ စိုင်းစံ(ခေါ်)စိုင်းဆာစံမှာ မြို့နယ်အမှတ် (၁၉)၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ အသက် (၂၄) နှစ်အရွယ်ရှိသူဖြစ်ပြီး၊ ကျူးလွန်ခံရသူမှာ ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ လွယ်ကျိုင်းကျေးရွာနေ အသက် (၁၄) နှစ်အရွယ် နန်းစံဟွမ်ဖြစ်သည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၄) ရက်၊ ၂၀၂၆ ခုနှစ် နေ့လယ်ပိုင်းတွင် စိုင်းစံက နန်းစံဟွမ်အား အလုပ်သွားရှာပေးမည်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့ပြီး၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောစိုက်ခင်းတစ်နေရာသို့ ရောက်ရှိချိန်တွင် အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရသည်။
နန်းစံဟွမ် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ၎င်း၏ မိဘများက ဇွန်လ (၂၅) ရက်နေ့တွင် ရှမ်းပြည်တိုး တက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားချက်ရရှိပြီးနောက် အမှုမှန်ပေါ်ပေါက်ရေးအတွက် (SSPP/SSA) တာဝန်ရှိသူများက ချက်ချင်းစုံစမ်းဖော်ထုတ်ခဲ့ရာ တိုင်ကြားသည့်နေ့အတွင်းမှာပင် ပြစ်မှုကျူးလွန်သူ စိုင်းဆာစံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား (SSPP/SSA) ဗဟိုဌာနချုပ် အ ထက်တရားရုံးတွင် စစ်ဆေးစီရင်ခဲ့ပြီးနောက် ပြစ် မှု၏ ပြင်းထန်မှုနှင့် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သေဒဏ်စီရင်ခြင်းကို ယမန်နေ့သြဂုတ်လ (၃၀) ရက်၊ ၂၀၂၆ ခုနှစ် နေ့လယ် (၂) နာရီအချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


Leave a Reply