📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေကူက မဟာဗျူဟာစခန်းကြီး ဆို့အောက်သွားပြန်ပြီ

ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ဇင်းဘုံမဟာဗျူဟာစစ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်တပ်၏ ဇင်းဘုံ (Zin Bung) မဟာဗျူဟာစစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်၍ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာရသူများ များပြားခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ်၊ ဇင်းဘုံဒေသရှိ စစ် တပ်၏ အခြေစိုက်ကာကွယ်ရေးစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်ကာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ ရွှေကူ၊ ဇင်းဘုံက စစ်ကောင်စီ အခြေ စိုက်စခန်းတစ်ခုကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇင်းဘုံဒေသသည် ရွှေကူမြို့နယ်မှ အထက်ဘက်သို့ ဆက်သွယ်သည့် ဧရာဝတီမြစ် ကြောင်းနှင့် ခါးဂျိပ်ဒေသအနီးတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသော ဗျူဟာမြောက်နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသတွင် စစ်တပ်က ကာကွယ်ရေးစခန်းများချထားကာ ရွှေကူဘက်မှ ဧရာဝတီမြစ် ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်သွား လာမည့် စစ်ရေယာဉ်များနှင့် စစ်သင်္ဘောများအတွက် ကုန်းပိုင်းလုံခြုံရေးယူထားခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ယမန်နေ့ KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇင်းဘုံဗျူဟာကုန်းနှင့် စစ်တပ်၏ ကာကွယ် ရေးနေရာများကို ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ကို နေ ရာမှ မောင်းထုတ်နိုင်ခဲ့ကာ စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများ များပြားခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသည့် စစ်သားများကို ရွှေကူမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွားခဲ့ပြီး အခြေအနေပြင်း ထန်သူများကို စစ်ရဟတ်ယာဉ်များအသုံးပြု၍ အခြားနေရာများသို့ ဆက်လက်ရွှေ့ပြောင်းကုသပေးခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇင်းဘုံစခန်းကို သိမ်းပိုက်ပြီးနောက် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်တပ်က အဆိုပါဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

သို့ရာတွင် KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်ဟန့်တားတိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရသဖြင့် ရှေ့သို့ ဆက်လက်တိုးတက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း သိရှိရသည်။

ဇင်းဘုံဒေသသည် လက်ရှိ ရွှေကူ-ခါးဂျိပ်ဒေသတစ်ဝိုက် ဖြစ်ပွားနေသည့် စစ်ရေးတိုက်ပွဲများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့်အပြင် ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် စစ်တပ်၏ စစ်သင်္ဘောများနှင့် စစ်ရေယာဉ်အုပ်စုများ အထက်ဘက်သို့ ဆန်တက်သွားလာနိုင်ရေးအတွက် ကုန်းပိုင်းမှ လုံခြုံရေးပေးနိုင်သည့် ဗျူဟာမြောက်နေရာလည်းဖြစ်သည်။

ယင်းကြောင့် ဇင်းဘုံမဟာဗျူဟာစစ်စခန်းကို KIA ဦးဆောင်သော တော် လှန်ရေးတပ်ဖွဲ့များက သိမ်း ပိုက်နိုင်ခဲ့ခြင်းသည် စစ်တပ်၏ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ရေယာဉ်များ၏ လုံခြုံရေးအခြေ အနေအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ရွှေကူမြို့နယ်နှင့် ခါးဂျိပ်-ဇင်းဘုံဒေသတစ်ဝိုက်၌ စစ်ရေးအခြေ အနေများ ဆက် လက်တင်းမာနေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းနှင့် ရေကြောင်းမှ စစ်ရေးအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသလို KIA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း စစ်တပ်၏ မြေပြင်နှင့် ရေကြောင်း လှုပ်ရှားမှုများကို ဆက်လက်ဟန့်တားတိုက်ခိုက်နေကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်