📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြောင်နယ် တရားစခန်း 🛩🚀ကြဲမှုမှာ T-ဆုံးသွားရပြန်တဲ့ ဆယ်ကျော်သက်လူငယ်လေး

မြောင်နယ် တရားစခန်းဗုံးကြဲမှု ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၁၆ ဦးအထိရှိလာ

ပြီးခဲ့တဲ့ သြဂုတ် ၂၁ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲတဲ့ ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံနေရသူတွေထဲက ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစု‌ပေါင်း ၁၆ ဦးအထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောင်-ပရိမ္မ လမ်းပေါ်ရှိ ဆွဲလဲအိုကျေးရွာ တရားစခန်းပွဲကို ဩဂုတ် ၂၁ ရက် မနက် ၉ နာရီအချိန်မှာ စစ်အုပ်စု တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကနဦး သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး ဩဂုတ် ၂၃ ရက်မှာ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့တာပါ။

အဲဒီနောက် ဩဂုတ် ၂၉ ရက်မှာလည်း ဆေးဝါးကုသမှုခံယူနေရတဲ့ လက်ယက်မကျေးရွာက ဆယ်ကျော်သက် ယောကျာ်းလေးတစ်ဦး ထပ်မံသေဆုံးသွားခဲ့တာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

“သေဆုံးတဲ့ ကလေးက အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ သူက တခြားရွာကနေ ဆွဲလဲအိုရွာက သူငယ်ချင်းတွေဆီ အလည်လာရင်းနဲ့ ဖြစ်သွားတာ။ ဘုန်းကြီးကျောင်း ဗုံးကြဲတဲ့အချိန် ကျောင်းအပြင်က အိမ်ထဲမှာရှိနေတုန်း (ဗုံး)အစထိမှန်သွားတာ။ သူက ဝမ်းဗိုက်ကိုထိပြီးတော့ အသည်းကလည်း ပဲ့သွားတယ်။ နောက်ပြီးတော့ အူတွေပါ ထိသွားတာ”လို့ CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါဗုံးကြဲမှု ဖြစ်စဉ်ကြောင့် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီးလေးဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကာ ဒဏ်ရာရသူ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ရှစ်ဦး၊ စုစုပေါင်း ၂၆ ဦးကလည်း လက်ရှိအချိန်အထိ ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်နယ် ဆွဲလွဲအိုကျေးရွာမှာ ဝါတွင်းကာလ တရားစခန်းပွဲကျင်းပနေချိန် နှစ်ရက်မြောက်နေ့မှာ စစ်အုပ်စု လေကြောင်းက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး မနက် ၉ နာရီအချိန် ဒေသခံတွေ တရားထိုင်ခဏနားချိန်မှာ လာရောက်ဗုံးကြဲသွားခဲ့တာဖြစ်တယ်လို့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာဒေသခံ အမျိုးသားက ပြောပါတယ်။

“အဲဒီ ရှစ်နာရီကနေ ကိုးနာရီ သင်တန်းတရား အပြီးလေးမှာ လေကြောင်းတိုက်ခိုက်မှု ခံလိုက်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ကိုးနာရီခွဲကနေ ၁၀ နာရီမှာ သီလပေးတရားပွဲရှိတယ်။ သီလပေးတရားဆိုတဲ့အချိန်ဆိုရင် ကျွန်တော်တို့ရွာက တရွာလုံးကုန်မှာပေါ့ဗျာ။” လို့ တရားစခန်းပွဲ စီစဉ်သူတစ်ဦးဖြစ်တဲ့ ဆွဲလဲအိုရွာ ဒေသခံအမျိုးသားက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေ အများစုဟာ သက်ကြီးပိုင်းတွေဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ်ကနေ အသက် ၈၀ ကျော်အရွယ် အဖိုး၊ အဖွားတွေဖြစ်ပြီး စစ်အုပ်စု ကြဲချခဲ့တဲ့ ဗုံးသီးဟာ အမျိုးသားယောဂီအဆောင်အပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ ဒေသခံ အမျိုးသားတွေ အများဆုံး သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းက တရားစခန်းပွဲကို အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ မကျီးဘုတ်၊ ပေါက်တောအနောက်ရွာနဲ့ အရှေ့ရွာ၊ အညွန့်၊ အုတ်နှဲဘုတ်၊ ကျောက်ဖူးကုန်း၊ သာထွန်း၊ ဖွားစော၊ ပရိမ္မ စတဲ့ ကျေးရွာတွေကနေ တရားလာထိုင်သူ ၁၂၀ ဦးရှိပြီး ဗုံးကြဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာသူတွေထဲမှာ ဝါတွင်းကာလ ဥပုသ်နေ့မှာ သီလယူဖို့လာကြတဲ့ ဒေသခံတွေနဲ့ တရားထိုင်နေကြတဲ့ ယောဂီတွေ သေဆုံး၊ ထိခိုက်ခဲ့တာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်အပါဝင် သံဃာတော်တွေကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်ထဲမှာ စစ်အုပ်စုက သုံးရက်ဆက် လေကြောင်းက ဗုံးကြဲခဲ့တာဖြစ်ပြီး ဩဂုတ် ၁၉ ရက်ကလည်း ဆွဲလွဲအိုကျေးရွာအနီးရှိ မြောင်-ပရိမ္မ လမ်းပေါ်က လှေတင်ဦးရွာကို ဗုံးကြဲခဲ့တာကြောင့် မြောင် ပညာရေးကွန်ရက် – MEN က စေတနာ့ဝန်ထမ်း ကျောင်းဆရာမ တစ်ဦးနဲ့ ဒေသခံ အမျိုးသား တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက မြောင်နယ်အပါအဝင် နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ အာဏာသိမ်းငါးနှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ကာ

ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးခဲ့သလို စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆွဲလွဲအို‌ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီးနောက် တစ်ပတ်ကျော်အကြာမှာ ထပ်မံသေဆုံးသွားသူ ဆယ်ကျော်သက်ယောကျာ်းလေးတစ်ဦး/ဓာတ်ပုံ-ဒေသခံ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်