သပြေညွန့် ၁၀ ကောင်ကျော်နဲ့ ခရေတွန့်သွားပြီ

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် စခန်းစွန့်ခွာ ထွက်ပြေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိကြောင်း KNU က တရားဝင် ပြောဆိုသည်။

အဆိုပါ သပြေညွန့် စစ်တပ်စခန်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ၂၀ ကျော်စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း၊ ထိုစစ်ကောင်စီတပ်စခန်းကို အလုံးစုံ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“မနေ့က မနက် ၇ နာရီ ၃၀ မိနစ်မှာ သပြေညွန့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက အတည်ပြုပြောဆိုသည်။

လက်ရှိတွင် KNLA နှင့် PDF ပူးပေါင်းတပ်များက သပြေညွန့်စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *