📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နတ်မောက်မှာ အပီတွယ်လိုက်ပြန်တဲ့ ဗိဿနိုး

နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်မှ တာဝန်ရှိသူက ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၆ နာရီ ၄၆ မိနစ်က နတ်မောက်မြို့နယ်၊ လဲဘူရွာသို့ ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ကာ လျှော်ချောင်းလေးကျေးရွာဘက်သို့ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လျှော်ချောင်းလေးရွာအကျော်တွင် မိုင်းများအသင့်ထောင်ထားပြီး ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း နေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ ၅ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ သေဆုံးဒဏ်ရာရရှိသူများကို ထမ်းစင်များဖြင့် သယ်ဆောင်ကာ လျှော်ချောင်းလေးကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် လျှော်ချောင်းလေးရွာသို့ ရောက်ရှိချိန်တွင် ဒေသခံပြည်သူပိုင် နွားလှည်း ၁၃ စီးအား အတင်းအဓမ္မ မတရားခေါ်ဆောင်ကာ ကမ်းပြိုရွာလမ်းပေါက်သို့ သယ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ သယ်ဆောင်ရာတွင် နွားလှည်း ၁၃ စီးအပြင် ထမ်းစင် ၅ ခု၊ လူချင်းကျောပိုးသယ်ဆောင်မှု ၂ ခုတို့ဖြင့် ထပ်ဆင့်သယ်ထုတ်ကာ နတ်မောက်မြို့မှ ကြိုတင်မှာယူထားသည့် ကား ၂ စီးနှင့် သုံးဘီး ၁ စီး (စုစုပေါင်း ၃ စီး) ဖြင့် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“သေဆုံးဒဏ်ရာရသူတွေပဲ ပြန်သယ်သွားတာ။ ကျန်တဲ့စစ်ကြောင်းကတော့ ကမ်းပြိုရွာမှာပဲ ရှိသေးတယ်” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်မှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းရေး ဝင်ရောက်ကာ မိုင်းကွင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှု သွေးကွက်များနှင့် ကျန်ရစ်ခဲ့သော အသုံးအဆောင်ပစ္စည်းများကိုလည်း မှတ်တမ်းယူကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်မှ ထိရောက်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာ လမ်းကြောင်းများနှင့် နီးစပ်သည့်နေရာများတွင် အထူးဂရုစိုက် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်