📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သိန်းပေါင်း သိန်းချီ ဘတ်ထားသမျှ မအလ မျိုပြီ

မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများထံမှ ငွေကျပ်သိန်းပေါင်း သိန်းချီ လိမ်လည်သွားသော ဒေါက်တာညီညီဆွေကို စီးပွားရေးဆိုင်ရာပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျော်ချမှတ်၊ အစုရှယ်ယာထည့်ဝင်ထားသော ပြည်သူများ၏ ငွေကြေးများအားလုံး ဆုံးရှုံးပြီး ပြန်မရတော့

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများထံမှ နိုင်ငံတကာငွေကြေးနှင့် စတော့ရှယ်ယာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ ငွေကျပ်သိန်းသောင်းပေါင်းများစွာ လိမ်လည်ရယူခဲ့သည်ဟု စွပ်စွဲခံထားရသော ဒေါက်တာညီညီဆွေကို စီးပွားရေးဆိုင်ရာ ပုဒ်မများဖြင့် ထောင်ဒဏ် ၄၃ နှစ် ချမှတ်လိုက်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများအားလုံးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်လိုက်ကြောင်း ငွေကြေး လိမ်လည်ခံရသူတချို့က ပြောဆိုသည်။

ဒေါက်တာညီညီဆွေကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စစ်တပ်လက်အောက်ခံ CID နှင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အမှုတည်ဆောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခု ဩဂုတ်လအတွင်း ထောင်ဒဏ် ၄၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒေါက်တာညီညီဆွေ၏ ပိုင်ဆိုင်မှုများအားလုံးကို ချိတ်ပိတ်သိမ်းဆည်းကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူရန် အထူးတရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“ဩဂုတ်လ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၄၃ နှစ်နဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ချိတ်ပိတ်သိမ်းဆည်းဖို့ အမိန့် ချလိုက်ပြီလို့ သိရပါတယ်။ ကျနော်တို့ ထည့်ဝင်ထားတဲ့ ငွေကြေးတွေကတော့ ပြန်ရဖို့ မျှော် လင့်ချက်မရှိတော့ဘူး။ ပိုင်ဆိုင်မှုတွေကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းလိုက်ပြီဆိုတော့ လိမ်လည်ခံရသူတွေကို ပြန်လည်ပေးအပ်မယ့် အခြေအနေ မရှိတော့ပါဘူး” ဟု ဒေါက်တာညီညီဆွေအကြောင်း အမြဲမပြတ် စုံစမ်းနေသည့် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

ဒေါက်တာညီညီဆွေနှင့် အဖွဲ့သည် နိုင်ငံတကာစတော့ရှယ်ယာနှင့် ငွေကြေးဈေးကွက် (Forex Trading) တွင် ရင်းနှီးမြှုပ်နှံမည်ဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ စုဆောင်းခဲ့ခြင်းဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏအပေါ် တစ်လလျှင် အတိုးနှုန်း ၁၅ ရာခိုင်နှုန်းအထိ အမြတ်ပြန်လည်ပေးမည်ဟု ကတိပြုခဲ့ကြောင်း လိမ်လည်ခံရသူများက ပြောဆိုကြသည်။

ဒေါက်တာညီညီဆွေနှင့်အဖွဲ့သည် မြို့အနှံ့အပြားတွင် Forex Trading နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မိတ်ဆက်ပွဲများ၊ သင်တန်းများနှင့် အခမ်းအနားများ ပြုလုပ်ကာ အစုရှယ်ယာဝင်ရောက်ရန် လူများကို စည်းရုံးခဲ့ကြောင်း သိရှိရသည်။

အစောပိုင်းကာလများတွင် ရင်းနှီးမြှုပ်နှံသူအချို့ထံ အမြတ်ငွေများကို ပုံမှန်ပြန်လည်ပေးခဲ့သဖြင့် ယုံကြည်သူများ ပိုမိုများပြားလာခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်းမှ လူအများအပြားက ငွေအများအပြား ထည့်ဝင်ခဲ့ကြောင်း သိရသည်။

“ဒေါက်တာညီညီဆွေက တစ်နိုင်ငံလုံးကို လှည့်လည်ပြီး Forex Trading သင်တန်း၊ ရင်းနှီးမြှုပ်နှံမှုဆိုပြီး လူတွေကို စုဆောင်းခဲ့တာပါ။ လုပ်ငန်းလုပ်ကိုင်လာတာ နှစ်အတော်ကြာပြီလို့လည်း ပြောတယ်။ အစပိုင်းမှာ တစ်လ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ငွေတွေ တကယ်ရခဲ့သူတွေရှိတော့ လူတွေ ပိုယုံကြည်ပြီး ငွေထပ်ထည့်ကြတာပါ။ နောက်ဆုံးမှာတော့ လူတစ်ဦးကို အနည်းဆုံး သိန်းရာချီကနေ ထောင်ချီအထိ ပါသွားကြတယ်” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ပြောဆိုသည်။

ဒေါက်တာညီညီဆွေနှင့် ၎င်း၏ Leader ဟုခေါ်ဆိုသူများသည် Galaxy Leader Group အမည်ဖြင့် Telegram တွင် အုပ်စုများစွာ ဖွဲ့စည်းထားပြီး ရင်းနှီးမြှုပ်နှံသူများကို ဆက်တိုက်ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

Telegram Group တစ်ခုလျှင် အဖွဲ့ဝင် ထောင်နှင့်ချီရှိပြီး အုပ်စုအများအပြားမှတစ်ဆင့် နိုင်ငံတစ်ဝန်း ရင်းနှီးမြှုပ်နှံသူများကို ချိတ်ဆက်စုဆောင်းခဲ့ကြောင်း၊ အမြတ်ငွေများ ပုံမှန်ပေးမည်ဟုဆိုကာ ငွေကြေးများ လက်ခံရယူခဲ့ကြောင်း လိမ်လည်ခံရသူများက ဆိုသည်။

“ပိုက်ဆံထည့်ဝင်တဲ့သူတွေထဲမှာ စစ်ဘေးရှောင်ပြည်သူတွေလည်း အများကြီးပါပါတယ်။ ငွေထည့်ဝင်ထားကြောင်း ခိုင်မာတဲ့ စာချုပ်စာတမ်းတွေလည်း မရှိဘူး။ ငွေထည့်ဖို့ လာစည်းရုံးခဲ့တဲ့ Leader ဆိုသူတွေကလည်း ဖုန်းမကိုင်တော့ဘဲ အကောင့်ဖျက်၊ Group ဖျက်ပြီး ပျောက်သွားကြတယ်။ လူတချို့က သိန်းဆယ်ဂဏန်းဆုံးရှုံးပြီး တချို့က သိန်းရာချီ၊ ထောင်ချီအထိ ဆုံးရှုံးခဲ့ကြတယ်” ဟု ကိုယ်တိုင် ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ပြောကြားသည်။

ဒေါက်တာညီညီဆွေ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ငွေကြေးဆုံးရှုံးခဲ့သူများအနက် သာမန်ပြည်သူများသာမက သံဃာတော်များနှင့် သီလရှင်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းအချို့က ကျောင်းများ၏ ပုံမှန်ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အလှူငွေများကို စုဆောင်းကာ အဆိုပါ Forex Trading လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသော်လည်း နောက်ဆုံးတွင် ငွေကြေးများဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

“မန္တလေးက ဘုန်းကြီးကျောင်းတချို့ဆိုရင် ကျောင်းအတွက် လစဉ်ဝင်ငွေလေးရအောင်ဆိုပြီး ရှယ်ယာထည့်ခဲ့ကြတာပါ။ တစ်လကို ၁၅ ရာခိုင်နှုန်းလောက် အမြတ်ရမယ်ဆိုတော့ ယုံကြည်ပြီး ထည့်ခဲ့ကြတာ။ ကျနော်တို့သိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆိုရင် သိန်း ၅,၀၀၀ လောက်တောင် ထည့်ထားတယ်။ အခုတော့ သံဃာတော်တွေပါ ဘယ်လိုပြန်ရယူရမလဲ မသိတော့တဲ့အခြေအနေ ဖြစ်နေတယ်” ဟု မန္တလေးမြို့မှ ရှယ်ယာရှင်တစ်ဦးက ပြောဆိုသည်။

ဒေါက်တာညီညီဆွေနှင့်အဖွဲ့၏ ငွေကြေးလိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးခဲ့သူများသည် ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြစ်ကြီးနား၊ မြင်းခြံ၊ ပုသိမ်၊ မိတ္တီလာ၊ နေပြည်တော်အပါအဝင် မြို့နယ်ပေါင်းစုံမှ ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဒေါက်တာညီညီဆွေကို ထောင်ဒဏ် ၄၃ နှစ် ချမှတ်လိုက်ပြီး ပိုင်ဆိုင်မှုများအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သဖြင့် အစုရှယ်ယာအဖြစ် ငွေကြေးထည့်ဝင်ခဲ့ကြသော ပြည်သူများအနေဖြင့် မိမိတို့ဆုံးရှုံးသွားသည့် ငွေကြေးများ ပြန်လည်ရရှိနိုင်ရေး မျှော်လင့်ချက် ပိုမိုနည်းပါးသွားပြီဖြစ်ကြောင်း ငွေကြေးနစ်နာသူများက ပြောဆိုကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်