📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တစ်လ တစ်သိန်းခွဲနဲ့ အိမ်ငှားပြီး အလှူခံထွက်နေတဲ့ ဂိုဏ်း

တစ်လ (၁) သိန်းခွဲဖြင့် အိမ်ငှားပြီး အလှူခံထွက်နေသည့် ဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်း..ခေါင်းဆောင်ဖြစ်သူကို ဆက်လက်ရှာဖွေနေ

ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတဲ့ အချိန်ကာလမှာတောင် သာသနာကို ခုတုံးလုပ်ပြီး အလှူငွေကို လိမ်လည်ရှာဖွေစားသောက်နေတဲ့ အလွန်ရုပ်ဆိုး အကျည်းတန်လှတဲ့ ဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။

အရင်တစ်ကြိမ်က သက်ညှာစွာနဲ့ ခံဝန်လက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တာကို ကျေးဇူးမတင်တဲ့အပြင် အကြံပိုင်ပိုင်နဲ့ ပိုမိုဆိုးသွမ်းလာတဲ့ အလှူခံလိမ်လည်ဂိုဏ်းတစ်ခုကို သြဂုတ်လ ၃၁ ရက်နေ့မှာ သက်ဆိုင်ရာက အမြစ်ပြတ် ဖမ်းဆီးအရေးယူလိုက်ပြီ ဖြစ်ပါတယ်။

ဖြစ်စဉ်အစက ဒီလိုပါ…

ဒီအလှူခံဂိုဏ်းဟာ အရင်ကတည်းက ပေါက်တောကျေးရွာမှာ လိမ်လည်အလှူခံလို့ ဖမ်းမိဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။

အဲဒီအချိန်က အစိမ်းရောင်ဗီနိုင်းတွေကို သိမ်းဆည်းပြီး မြို့နယ်အတွင်းကနေ ချက်ချင်းထွက်ခွာဖို့ ခံဝန်လက်မှတ်ထိုး စေလွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ဟာ မြို့နယ်ထဲက မထွက်သွားဘဲ ကျောင်းရှစ်ဆယ်အုပ်စု၊ ထန်းကုန်းကျေးရွာမှာ တစ်လကို ကျပ် (၁) သိန်းခွဲပေးပြီး နေအိမ်တစ်လုံး ငှားရမ်းနေထိုင်ခဲ့ပါတယ်။

အဲဒီနောက် အလှူခံစာရွက်စာတမ်းပါ ရက်စွဲတွေကို ဖုန်းကနေတစ်ဆင့် လိမ်လည်ပြင်ဆင်၊ ဗီနိုင်းအသစ်တွေ ထပ်ထုတ်ပြီး ညောင်ခြေထောက်မြို့အတွင်းမှာ ကားတစ်စီးနဲ့ လှည့်လည်ကာ ထပ်မံလိမ်လည် အလှူခံနေခဲ့တာပါ။

ဒီလို မိုက်ရိုင်းလှတဲ့ လုပ်ရပ်ကို နိုင်/ဗဟို ဝန်ဆောင် ဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဩဘာသ (အလင်းရတနာဆရာတော်) ရဲ့ ညွှန်ကြားချက်အရ မြို့နယ်သာသနာထိန်းအဖွဲ့နဲ့ တာဝန်ရှိသူတွေက သွားရောက် ဖော်ထုတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့ တာဝန်ရှိသူ ဆရာတော် ဦးတေဇသီရိက “လောလောဆယ် ဖမ်းဆီးထားတာက ယာဉ်မောင်းအပါအဝင် အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးပါ။

ငှားနေတဲ့အိမ်မှာ ကျန်ခဲ့တဲ့ ခေါင်းဆောင် အမျိုးသား ၁ ဦးကိုတော့ ဖမ်းမိဖို့ ကျန်နေပါသေးတယ်” လို့ မိန့်ကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းမိထားတဲ့ (၇) ဦးကို ညောင်ခြေထောက်နယ်မြေရဲစခန်း အချုပ်မှာ ဖမ်းဆီးထားပြီး လွတ်မြောက်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုလည်း အုတ်တွင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ညောင်ခြေထောက် ရဲစခန်းမှူးတို့ ပူးပေါင်းကာ ဆက်လက် ဖမ်းဆီးသွားမယ်လို့ သိရပါတယ်။

အများပြည်သူ ကြပ်တည်းနေချိန်မှာ ဘာသာရေးအမည်ခံ လိမ်လည်မှုတွေ၊ စည်းကမ်းမဲ့ အလှူခံမှုတွေကို အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့က ပြင်းပြင်းထန်ထန် စစ်ဆေးအရေးယူသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သာမဏသာရုပ်ပ မဖြစ်တဲ့ ရဟန်း၊ သာမဏေတွေရဲ့ အလှူခံမှု၊ မူးယစ်သောက်စားမှုနဲ့ လူပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ်လုပ်ခိုင်းပြီး အလှူငွေ ခွဲဝေယူနေတဲ့ လုပ်ရပ်တွေကိုလည်း ဆက်လက် ဖော်ထုတ်အရေးယူသွားမယ်လို့ တင်းတင်းကျပ်ကျပ် သတိပေး ထုတ်ပြန်ထားပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်