အမှန်တော့ စစ်ရှူံးကောင်စီ ဘက်က အခုသုံးနေတဲ့ Thermal/FLIR ပုံရိပ်ဖော် ကင်မရာစနစ် ဘာညာ ဆိုတာ တော်လှန်ရေး ဘက်မှာ အရင်ကတည်းက သုံးနေကြတာ။

စစ်ရေး လျို့ဝှက်ချက် မို့လို့ ထုတ်မပြောကြတာပဲ ရှိတာ။ ဟိုဘက်က ကောင်တွေက အဲဒါတွေကို အခုမှ မြင်ဖူးပြီး မျောက်အုန်းသီး ရသလို footage တွေ တင်တင်ပြီး ကြွားနေကြတာ။

သူတို့ ဗီဒီယိုတွေ သေချာကြည့်ရင် သူတို့ ဒရုန်းရဲ့ accuracy က တော်တော် နည်းတာကို မြင်ရလိမ့်မယ်။ ဒါတောင် တော်တော်နီးစပ်တဲ့ ဟာတွေပဲ တင်နေလို့။ စောင်တလွဲ ဖြစ်သွားတဲ့ ဟာတွေ ဘယ်လောက်တောင် များမလဲ ဆိုတာ တွေးကြည့်လို့ ရတယ်။ ကိုယ်တွေဘက်က တစ်လုံးဆို တစ်လုံး ထိရောက်အောင် အကြိမ်ကြိမ် လေ့ကျင့် ပြင်ဆင်ထားတဲ့ အပြင် ကိုင်တွယ်တဲ့ ရဲဘော်တွေ ကလည်း ဉာဏ်ရည်မြင့်တဲ့ ပညာတတ် ကလေးတွေ များတယ်။

စစ်ရှုံးကောင်စီ တပ်တွေနဲ့ တော်လှန်ရေး တပ်တွေ အဓိက ကွာခြားချက်က အဲဒါပဲ။ ဒီကောင်တွေက တပ်သားရရင် ပြီးရောဆိုပြီး သူခိုးဂျပိုးနဲ့ ဂျလုံးပလုံးတွေ ပါမကျန် စုထားတာ။ ဒီကောင်တွေက အထက်က တိုက်ခိုင်းလို့သာ တာဝန်ကျေ တိုက်နေတာ။ ဘာကြောင့် တိုက်ရတယ် ဆိုတဲ့ ခံယူချက်နဲ့ ရဲဝံ့ စွန့်စား ချင်တဲ့စိတ် မရှိဘူး။ တော်လှန်ရေး ဘက်က လူတွေက နယ်ပယ် အသီးသီးက ပညာတတ် လူငယ်တွေ ကိုယ်တိုင် ရည်မှန်းချက် ခိုင်ခိုင်မာမာနဲ့ စွန့်လွှတ် စွန့်စားပြီး လာတိုက် နေကြတာ။

အဲဒီတော့ စခတွေမှာ ပိုက်ဆံ ဘယ်လောက်ရှိရှိ၊ နည်းပညာတွေ ဘယ်လောက်ပဲ အဆင့်မြှင့် နိုင်နိုင် ကိုင်တွယ် အသုံးချမယ့် သူတွေက အာဝါဒါးတွေ ဖြစ်နေတော့ သူတို့ မြှင့်ပေးသလောက် လိုက်မြင့်မလာတာ။ ဒါကြောင့်လည်း စစ်မှုမထမ်း မနေရဆိုပြီး ပညာတတ် လူငယ်တွေကို အသည်းအသန် တပ်ထဲ ဆွဲသွင်းဖို့ လုပ်နေတာ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူပဲရပြီး စိတ်ဓာတ်တွေ ရမလာရင် လူသားဒိုင်း လုပ်နိုင်တာက လွဲလို့ ဘာမှ အသုံးဝင် လာမှာ မဟုတ်ပါဘူး။ ခုလည်း အဲလိုပဲ လုပ်နေရတာပဲ။

ဇင်သော်နိုင်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *