📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

RLG နံပါတ်သုံး လုပ်စားနေတဲ့သူတွေနဲ့ အလှူခံအဖွဲ့တွေကို စ,ဒွမ်ပါပြီ

သံဃာမပါဘဲ RLG ယာဉ်စီးနင်းသူများ၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်သည့် သံဃာနှင့် သီလရှင်များအပြင် တရားမဝင် အလှူခံများကို ဓမ္မစက်၊ အာဏာစက်ဖြင့် စတင် အရေးယူမည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သံဃာနှင့် သီလရှင်များ ကား၊ ဆိုင်ကယ် ကိုယ်တိုင် မောင်းနှင်နေမှုများ၊ သာသနာ့ယာဉ်များကို အလွဲသုံးစားပြုခြင်းများနှင့် စည်းကမ်းမဲ့ အလှူခံနေမှုများကို သာသနာထိန်းသိမ်းရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင်တွင် လက်တွေ့ စစ်ဆေး အရေးယူနေပါပြီ။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ အမှတ် (၉၄) ပြင်ဦးလွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဟန်း၊ သာမဏေနှင့် သီလရှင် ဆရာလေးများ ကား၊ ဆိုင်ကယ် မောင်းနှင်မှုများကို မောင်းနှင်ခွင့် မပြုကြောင်း ပညာပေး မှတ်တမ်းယူထားပြီး နောက်တစ်ကြိမ် လွန်ကျူးပါက ထိရောက်စွာ အရေးယူသွားမည်ဟု သိရပါတယ်။

ကပ္ပိယများ ကားမောင်းသည့်အခါတွင်လည်း ယာဉ်မောင်းလိုင်စင် ရှိသူများသာ မောင်းနှင်ရမည်ဖြစ်ပြီး သတ်မှတ်အရှိန်အတိုင်း လမ်းစည်းကမ်း လိုက်နာရမည်ဖြစ်သလို သံဃာတော်များ ပါဝင်ခြင်းမရှိဘဲ သာသနာ့ယာဉ်များကို လူပုဂ္ဂိုလ်များက သာသနာ့အလံတပ်ကာ အလွဲသုံးစားပြု စီးနင်းမောင်းနှင်နေမှုများကိုပါ အထူးကြပ်မတ် အရေးယူသွားမည် ဖြစ်ပါတယ်။

ထို့ပြင် သံဃာတော်များ ပါဝင်သည့် ယာဉ်ဖြစ်သည်ဟုဆိုကာ လမ်းကြောင်း ပြောင်းပြန်မောင်းခြင်း၊ အဝိုင်းပတ်များတွင် ဦးစားမပေးဘဲ မဆင်မခြင် မောင်းနှင်ခြင်းများကိုပါ ခွင့်ပြုမည် မဟုတ်ပေ။

အလားတူ ပြင်ဦးလွင်မြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ကလည်း ခွင့်ပြုချက်မရှိဘဲ ဈေးနှင့် ရပ်ကွက်များအတွင်း လှည့်လည် အလှူခံသည့် ဆရာတော်၊ သီလရှင် အလှူခံများအပါအဝင် သမဏသာရုပ် မဖြစ်သည့် ပြုမူဆောင်ရွက်မှုများကို သာသနာထိန်း စည်းကမ်းအတိုင်း အရေးယူသွားမည်ဟု ကြော်ငြာထားပါတယ်။

သာသနာရေး ညွှန်ကြားချက်များအရ အလှူခံခြင်းကို သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာ၊ သတ်မှတ်နေ့ရက်များ၌သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်အကန့်အသတ်မရှိ လော်စပီကာများဖွင့်၍ အလှူခံခြင်း၊ ဓမ္မာရုံများမှ ဆူညံစွာ လှည့်လည်အလှူခံခြင်းများကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။

ယခုလို ပြင်ဦးလွင်၌ စည်းကမ်းမဲ့ ယာဉ်များနှင့် သာသနာအကြည်ညိုပျက်‌စေတဲ့ အလှူခံများကို လက်တွေ့ ကြပ်မတ်လာခြင်းအပေါ် ဘယ်လိုမြင်ကြလဲ။

မိတ်ဆွေတို့ နေထိုင်ရာ မြို့နယ် ရပ်ကွက်တွေထဲမှာရော သံဃာတော်များ ကား/ဆိုင်ကယ် မောင်းနှင်မှုနဲ့ သာသနာအကြည်ညိုပျက်အောင်လုပ်တဲ့ စည်းကမ်းမဲ့ ဆူညံအလှူခံမှုတွေ ရှိနေလား ဆိုတာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တွေသိအောင် ပြောပြပေးကြပါအုံး။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်