📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ ပုသိမ်အမှတ်(၂)တံတားအောက်နှင့် ကမ်းနားလမ်း

ပုသိမ်အမှတ်(၂)တံတားအောက်နှင့် ကမ်းနားလမ်းဝန်းကျင်၌ ဒုစရိုက်မှုများ မင်းမှုနေပြီး စစ်မှုထမ်း အရောင်းအဝယ်ပြုလုပ်သည့် ပွဲစားများပါ သောင်းကျန်းနေ

​ဧရာဝတီတိုင်း၊ပုသိမ်မြို့ အမှတ်(၂)ပုသိမ်ကြိုးတံတားအောက်နှင့် ကမ်းနားလမ်း အုတ်ရိုးတစ်လျှောက်တွင် ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့်အတူ စစ်မှုထမ်း လူစားထိုး အရောင်းအဝယ်ပြုလုပ်သည့် မသမာမှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေသဖြင့် မြို့ခံများနှင့် ခရီးသွားများ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

အမှတ်(၂)တံတားအောက်ဝန်းကျင်တွင် လေလွင့်မိန်းမပျက်များနှင့် ဒုစရိုက်အုပ်စုများ အခြေချကာ စည်းရုံးလှုပ်ရှားနေကြပြီး၊ ကလေးငယ်များမှာလည်း ကော်ရှူးခြင်း၊ ဖုန်းနှင့် ပစ္စည်းများ လုယက်ထွက်ပြေးခြင်းများ ပြုလုပ်နေကြသည်။

လုယက်ရရှိသည့် ဖုန်းများအနက် (၄) လုံးရလျှင် (၃) လုံးအထိ သတင်းပေး (အင်ဖော်မာ) များကို ဝေမျှပေးရသည့် စနစ်တကျ အုပ်စုဖွဲ့ ဒုစရိုက်ကျူးလွန်မှုများ ဖြစ်ပေါ်နေသည်။

ယင်းကဲ့သို့ မသမာသူများ၏ နှောင့်ယှက်မှုများကြောင့် နယ်မှတက်လာသည့် စျေးဝယ်သူများနှင့် အမျိုးသမီးများမှာ တံတားပေါ်တွင် ခေတ္တခဏ အနားယူစဉ် ထိကပါရီးကပါး ပြုမူခံရခြင်းများနှင့် ကြုံတွေ့နေရသဖြင့် မြို့၏ အင်္ဂါရပ်နှင့် ကြက်သရေ များစွာ ညစ်နွမ်းနေရကြောင်း သိရသည်။

​ထို့အပြင် မြို့မဈေးအတွင်း ကလေး (၃) ယောက်နှင့်အတူ ငှက်ပျောသီး ရောင်းချနေသည့် စစ်သားဇနီးဆိုသူမှာလည်း နောက်ကွယ်၌ ကမ်းနားလမ်းမှ ဒုစရိုက်အုပ်စုများနှင့် ချိတ်ဆက်ကာ စစ်မှုထမ်းရန် လူရှာပေးခြင်း၊ ငွေကြေးယူ၍ လူစားထိုး အရောင်းအဝယ်ပြုလုပ်ပေးသည့် ပွဲစားအဖြစ် လုပ်ကိုင်နေကြောင်း ဒေသခံများထံမှ သိရသည်။

​”အစကတော့ စစ်သားမိန်းမ ကလေး ၃ ယောက်နဲ့ ဒုက္ခရောက်လို့ ငှက်ပျောသီး ရောင်းနေတာ ထင်ရပေမဲ့ တကယ်တော့ ကမ်းနားလမ်းက မူးယစ်ဆေးသုံးသူတွေကို ချိတ်ပြီး စစ်မှုထမ်း လူအရောင်းအဝယ်လုပ် ပွဲခစားနေတာပါ။

တိုင်းပြည်အတွက် စစ်မှုထမ်းဖို့ လူအမှန်တကယ် လိုတယ်ဆိုရင် ကမ်းနားလမ်းအုတ်ရိုးတစ်လျှောက်မှာ မူးယစ်သေစာ သုံးစွဲပြီး ပြည်သူတွေကို မလေးမစား လုပ်ရပ်တွေနဲ့ ဒုက္ခပေးနေတဲ့ လူတွေကိုပဲ စည်းရုံးအသုံးချသင့်ပါတယ်။

အခုတော့ ဒီလိုပွဲစားတွေကတစ်ဆင့် မသမာတဲ့ နည်းနဲ့ လုပ်နေကြတာပါ” ဟု မြို့ခံတစ်ဦးက ပြောသည်။

​အဆိုပါ တံတားအောက်နှင့် ကမ်းနားလမ်းဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် မသမာမှုများအား သက်ဆိုင်ရာ ဌာနအချို့မှ လိုင်းကြေးယူထားခြင်းကြောင့် ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပစ်ထားသလို ဖြစ်နေကြောင်း မြို့ခံများက ဝေဖန်နေကြသည်။

ယင်းသို့ အများပြည်သူ လုံခြုံရေးနှင့် မြို့၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည့် မူးယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက်နှင့် စစ်မှုထမ်း လူအရောင်းအဝယ် ပြုလုပ်နေသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လိုင်ကြေးယူ၍ မျက်ကွယ်ပြုလွတ်ထားမှာလားဟု ဒေသခံပြည်သူများက မေခွန်ထုတ်ဝေဖန်လျက်ရှိနေကြသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်