📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မအလ လာရောက်ပြီးနောက် အခြေအနေ ပိုဆိုးလာတဲ့ ညောင်တုန်းတာပြိုကျမှု

မင်းအောင်လှိုင် လာရောက်ပြီးနောက် ညောင်တုန်းတာပြိုကျမှု ပိုမိုဆိုးရွားလာပြီး နေ့စဉ် မြေသားတာ တမံများ ပြိုကျနေ

တာပြိုကျမှု သတင်းကို စစ်တပ်က ဖုံးဖိထားပြီး ပီနန်အိတ်သောင်းချီ အရေးပေါ် အလှူခံ

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာတွင် ညောင်တုန်းကျွန်းတာပြိုကျမှုမှာ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်ပြီးနောက် အခြေအနေဆိုးရွားလာပြီး နေ့စဉ်မြေသားတာများ တဖြည်းဖြည်းပြိုကျလျက်ရှိကြောင်း ညောင်တုန်းတာပြုပြင်ရေးတွင် လုပ်အားပေးခေါ်ယူခံနေရသော ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ညောင်တုန်းကျွန်းတာသည် ဧရာ၀တီမြစ်ရေကို တားဆီးထားခြင်းဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် မြေသားတာတံမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင်တစ်ဆက် တည်းတွင် ကမ်းပြိုကျသွားခဲ့ကြောင်း၊ ယင်းနောက် ဒေသပြည်သူများနှင့်စစ်တပ်က တာပြိုကျမှု ကာကွယ်တားဆီးရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က တာပြိုကျမှုကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင် ဩဂုတ်လ ၂၉ ရက်နေ့ လာရောက်ပြီးနောက် ဩဂုတ်လ ၃၀ ရက်နေ့နှင့် ဩဂုတ်လ ၃၁ ရက်နေ့တို့တွင် ညောင်တုန်းတာမှာ မြေသားများပြိုကျမှုများ နေ့စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊

ယင်းသို့ မင်းအောင်လှိုင်လာရောက်ပြီးမှ မြေသားတာများ ဆက်တိုက် ပြိုကျမှုကို ပြင်ပသို့ သတင်းမထုတ်ပြန်ရန်နှင့် လူမှုကွန်ရက်တွင် ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးတင်ပြခြင်းများ မပြုလုပ်ရန် စစ်တပ်က တားမြစ်ကာ သတင်းဖုံးဖိထားကြောင်း၊

လတ်တလော တာပြိုကျမှု ဆက်လက်တားဆီးရေးအတွက် ပီနန်အိတ် သောင်းချီ စစ်တပ်က လိုက်လံ အလှူခံလျက်ရှိကြောင်း သိရှိရသည်။

“လူကြီး (မင်းအောင်လှိုင်) လာပြီးမှ မြေသားတာတွေ ဆက်တိုက်ပြိုနေတာ။ မိုးကလည်း ဆက်တိုက်ရွာတော့ မြေသားတာတွေပြိုတာ။ မနေ့ကရော တစ်နေ့ကရော မြေသားတွေ တအိအိပြိုကုန်တာ။

အဲဒါ မြေသားပြိုတာကို ဓာတ်ပုံ၊ ဗီဒီယို မရိုက်ခိုင်းဘူး။ သတင်းမတင်ခိုင်းဘူး။ ပီနန်အိတ်ခွံတွေလည်း သောင်း ချီ အလှူခံနေတယ်။ ပြည်သူတွေအားလုံး တာဖို့တာကို လုပ်အားလာပေးရတယ်။

တစ်အိမ်တစ်ဦး မလာမနေရ ခေါ်တာ” ဟု ညောင်တုန်းတာပြုပြင်ရေးအတွက် လုပ်အားပေးဆင့်ခေါ်ခံရသည့် ပြည်သူတစ်ဦးက ပြောဆိုသည်။

ညောင်တုန်းကျွန်းတာ ပြုပြင်ရေးကို ဧရာ၀တီတိုင်းစစ်ကောင်စီ၊ ဆည်မြောင်းဦးစီးဌာန၊ စစ်အင်ဂျင် နီယာတပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ လုပ်ဆောင်နေသော်လည်း ညောင်တုန်းတာ၏ အခြေအနေမှာ အချိန်မရွေး ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ဌာနဆိုင်ရာများက သတိပေးထားကြောင်း သိရှိရသည်။

“မိုးကလည်း ကောင်းတယ်။ ရေများလာလို့ ရေဝိတ်နဲ့ ဖိရင် မြေသားတာဖြစ်တော့ မြေအိကျပြီး အချိန်မရွေး တာကျိုးသွားနိုင်တယ်လို့ ပြောတယ်။

အန္တရာယ်ရှိနေဆဲလို့ သတိပေးထားတယ်” ဟု ညောင်တုန်းမြို့နယ်မှ ရပ်မိရပ်ဖတစ်ဦးက ရှင်းပြသည်။

လက်ရှိ ညောင်တုန်းတာ ပျက်စီးမှု အခြေအနေ ဆိုးမလာစေရေးအတွက် ညောင်တုန်းကျွန်းတာ၏ ယာယီပန်းတာအား ထပ်မံမြှင့်တင်ခြင်း၊ ရေစီးနှုန်းလျော့ကျစေရန် ရေထဲတွင် ပါလာသောနုန်းမြေများ စုပုံလာအောင်ပြုလုပ်ခြင်း၊ သံမဏိကြိုးအသုံးပြု ရေစီးထိန်း လုပ်ငန်းများကို စစ်တပ်က ဆောင်ရွက်နေကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်