📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရွှေကူရဲ့ အလှလေးတွေ ထုတ်ပြလာတဲ့ KIA, KPDF (ရုပ်သံ)

ရွှေကူတ်ိုက်ပွဲမှာ သိမ်းယူထားတဲ့ စစ်တပ်ရဲ့သင်္ဘောကို KIA၊ KPDF နှစ်မြှုပ်ဖျက်ဆီး

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

မန္တလေးဂေါဝန်ဆိပ်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော၁၅ စီးပါအုပ်စုထဲကတစ်စီးကို ဩဂုတ် ၂၉ရက်မှာKIA၊KPDF ပူးပေါင်းတပ်က ရွှေကူမြို့နယ်ထဲမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပါတယ်။ သင်္ဘောကို​စောင့်​နေတဲ့စစ်သား​တွေက တိုက်ခိုက်ခံရချိန်မှာ ထွက်​ပြေးသွားကြပါတယ်။

စက်တင်ဘာ ၁ ရက်ညမှာ​တော့ ကချင်စစ်​ရေးအ​ခြေအ​နေ​တွေ​ရေးသားတင်​ပေး​နေတဲ့လူမှုကွန်ယက်​တွေမှာ စစ်သင်္ဘောကို ​ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ရုပ်သံမှတ်တမ်းကို​ဖော်ပြလာပါတယ် ။

အဲဒီသင်္ဘောကို အပြီးဖျက်ဆီးလိုက်တယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းမြစ်ကပြောပါတယ်။

လက်ရှိ ရွှေကူမြို့နယ်ထဲမှာဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲတွေနဲ့ စစ်သင်္ဘောအုပ်စုကိုတိုက်ခိုက်နေတဲ့ ဧရာဝတီ မြစ် ကြောင်းထဲကတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သတင်းရရှိပါတယ်။

“ရွှေကူဆေးရုံမှာကုတင်တွေဆွဲထုတ်ပြီးကြမ်းပြင်ပေါ်မှာကုနေရတာ။စစ်တပ်အရမ်းအထိနာထားတယ်။ လေကြောင်းကနေလည်းဆက်တိုက်လာကြဲနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သီးခြားအတည်မပြုနိုင်ပေမဲ့ ခလရ(၁၂၀) တပ်ရင်းမှူး သေဆုံးခဲ့သလို ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အဆင့်အရာရှိတွေပါတယ်လို့ ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာနရဲ့ သတင်းဖော်ပြချက်အရ စစ်တပ်ဟာ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့၊ ရွှေကူနဲ့ ဗန်းမော်ကြားက စင်းခန်းတံတားကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ရေ၊လေ ထိုးစစ်ဆင်နေတာလို့ အသိပေးထားပါတယ်။

စက်တင်ဘာလ၁ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။

သင်္ဘောတိုက်ခိုက်ဖျက်ဆီးခံရတဲ့အထိမြေပြင်တိုက်ပွဲတွေမှာအထိနာနေပေမယ့် စစ်အုပ်စုက တပ်တွင်းဆိုကရေးတီးပြိုင်ပွဲပြုလုပ်နေပါတယ်။

စက်တင်ဘာ၁ ရက်မှာစစ်တပ်တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပွဲတက်ပြီး ပြုံးပျော်နေလို့ စစ်တပ်မိသားစုဝင်တွေကိုယ်တိုင် ပြန်လည်ဝေဖန်နေကြတာ​တွေ့ရပါတယ်။

​ရွှေကူ​ရောက် စစ်သင်္ဘောအုပ်စုထဲမှာ တချို့သင်္ဘော​တွေလည်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှု​တွေရှိ​ခဲ့တယ်လို့သိရပါတယ် ။

ဒါ့အပြင် စစ်သင်္ဘောအုပ်စု ဗန်း​မော်ကိုဆန်တက်ရင် လုံခြုံ​ရေး​ပေးဖို့အတွက် အ​ရေးကြီးတဲ့ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာအနီးက စစ်တပ်ရဲ့ ခြေကုတ်စခန်းကုန်းကို KIA ဦး​ဆောင်တဲ့ပူး​​ပေါင်းတပ်က သြဂုတ် ၃၀မှာသိမ်းပိုက်ခဲ့ပါတယ်။

စစ်တပ်ဘက်ကအရာရှိ​တွေအပါအဝင်​သေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့တယ်လို့စစ်​ရေး သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ရုပ်သံ-Padang Nsen

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်